ဖောက်ပြန်ပျက်စီးမှု၏ ချည်နှောင်မှုများ - Myanmar Gospel Testimony 2021

03.12.2021

အဓိကဇာတ်ကောင်သည် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး၊ အသစ် ရွေးချယ်ခံထားရသည့် ခေါင်းဆောင်ဖြစ်သောအစ်မချန်းသည် ကောင်းမွန်သည့်အစွမ်းအစရှိကာ သမ္မာတရားနှင့်ပတ်သက်၍ ထိ ရောက်စွာမိတ်သဟာယဖွဲ့နိုင်သည်ကို သူမ တွေ့ရသည်။ အစ်မချန်း က သူမထက် သာသွားမည်ကို သူမစိုးရိမ်လာပြီး၊ သူမ၏ဂုဏ်သ တင်းနှင့်ဂုဏ်ဒြပ်တို့အား ခြိမ်းခြောက်ခံလာရသည်ဟု ခံစားရသည်။ သူမ၏ဖောက်ပြန်ပျက်စီးနေသည့်စိတ်သဘောထား၏ ချည်နှောင်မှု ခံရလျက်၊ သူမသည် အလှည့်တိုင်းတွင် ထိုခေါင်းဆောင်အသစ်နှင့် ယှဉ်ပြိုင်သည်။ သမ္မာတရားအပေါ် အစ်မချန်း၏ မိတ်သဟာယက ပြဿနာများကို ဖြေရှင်းနိုင်ကြောင်း၊ သူမ၏ မိသဟာယထက် သာ ကြောင်းနှင့် ညီအစ်ကို မောင်နှမများ၏ လေးစားမှုနှင့်လက်ခံမှုရရှိ ကြောင်းကို သူမ တွေ့ရသည့်အခါ၊ အပျက်သဘောဆောင်ခြင်းဖြင့် သူမ စတင်အသက်ရှင်လာပြီး၊ အစ်မချန်းအပေါ် အဆိုးမြင်လာကာ ထိုနေရာတွင် ဆောင်ရွက်ရမည့်အလုပ်အား လုံးဝထည့်မစဉ်းစားဘဲ အသင်းတော်မှထွက်သွားရန်ပင် စဉ်းစားခဲ့သည်။ သို့သော် နောက် ပိုင်းတွင် ဘုရားသခင်နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ဖော် ထုတ်ပြသခြင်းတို့ကို ခံရလျက်၊ သူမကိုသူမ သိနားလည်မှုအချို့ရရှိ သွားပြီး သူမ၏ဖောက်ပြန်ပျက်စီးနေသည့်စိတ်သဘောထား၏ ချည်နှောင်မှုကို လွတ်မြောက်နိုင်လေသည်။ သူမအနေနှင့် အလွန် လွတ်လပ်သွားသည်ဟု ခံစားရသည်။ အဓိကဇာတ်ကောင်၏ အတွေ့အကြုံက မည်သည့်အရာ ဖြစ်ပါသနည်း။ သူမ၏အပျက်သ ဘောဆောင်သောအခြေအနေမှ လွတ်မြောက်ရန် ဘုရားသခင်၏ မည်သည့်နှုတ်ကပတ်တော်များက လမ်းပြခဲ့သနည်း။ သူမ ပြောဖို့ရှိ သည့်အရာကို အတူတကွနားထောင်ကြပါစို့။

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။