ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူ့ဇာတိခံယူခြင်း | ကောက်နုတ်ချက် ၁၃၆

03.10.2020

လူ့ဇာတိခံ ဘုရားသခင်၏ အမှု၌ အစိတ်အပိုင်းနှစ်ခုပါဝင်သည်။ သူလူ့ဇာတိကိုခံယူခဲ့သည့် ပထမအကြိမ်တွင် လူတို့သည် သူ့ကိုမယုံကြည်ခဲ့ကြ၊ မသိရှိခဲ့ကြဘဲ ယေရှုကို လက်ဝါးကပ်တိုင်တွင် သံမှိုစွဲရိုက်နှက်ခဲ့ကြ၏။ ဒုတိယအကြိမ်တွင်လည်း လူတို့ သူ့ကို မယုံကြည်ခဲ့ကြ၊ သာ၍ပင် မသိရှိခဲ့ကြဘဲ တဖန် ခရစ်တော်ကို လက်ဝါးကပ်တိုင်တွင် ရိုက်နှက်ခဲ့ကြပြန်၏။ လူသားသည် ဘုရားသခင်၏ ရန်သူဖြစ်သည် မဟုတ်လော။ လူသားသည် သူ့ကို မသိလျှင် အဘယ်သို့ ဘုရားသခင်၏ အကျွမ်းဝင်သူ ဖြစ်နိုင်မည်နည်း။ သူသည် အဘယ်သို့ ဘုရားသခင်အဖို့ သက်သေခံရန် အရည်အချင်းရှိနိုင်မည်နည်း။ ဘုရားသခင်ကို ချစ်၏၊ ဘုရားသခင်ကို အစေခံ၏၊ ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေ၏ဟူသော ပြောဆိုချက်များအားလုံးတို့သည် လှည့်ဖြားသော မုသားများဖြစ်သည် မဟုတ်လော။ သင်သည် ဤသဘာ၀မကျ၊ လက်တွေ့မကျသော အရာများထံ သင့်ဘဝကို ပေးအပ်မြှုပ်နှံထားလျှင် သင်အချည်းနှီး ကြိုးပမ်းအားထုတ်သည် မဟုတ်လော။ ဘုရားသခင် အဘယ်သူ ဖြစ်သည်ကိုပင်လျှင် သင်မသိချိန် သင်သည် မည်သို့ ဘုရားသခင်၏ အကျွမ်းဝင်သူ ဖြစ်နိုင်မည်နည်း။ ထိုကဲ့သို့ လိုက်စားခြင်းသည် မရေမရာနှင့် စိတ်ကူးသက်သက်ဖြစ်သည် မဟုတ်လော။ လှည့်ဖြားသောအရာ မဟုတ်လော။ လူတစ်ဦးသည် အဘယ်သို့ ဘုရားသခင်၏ အကျွမ်းဝင်သူတစ်ဦး ဖြစ်နိုင်သနည်း။ ဘုရားသခင်၏ အကျွမ်းဝင်သူတစ်ဦးဖြစ်ခြင်း၏ လက်တွေ့ကျသော အရေးပါမှုမှာ မည်သည့်အရာနည်း။ သင်သည် ဘုရားသခင်၏ ဝိညာဉ်၏ အကျွမ်းဝင်သူတစ်ဦး ဖြစ်နိုင်သလော။ ဝိညာဉ်သည် အဘယ်မျှ ကြီးမြတ်ကာ အဆင့်မြင့်သည်ကို သင်မြင်နိုင်သလော။ မမြင်နိုင်သော၊ လက်ဆုပ်လက်ကိုင်ပြ၍မရနိုင်သော ဘုရားသခင်၏ အကျွမ်းဝင်သူ ဖြစ်ဖို့- ယင်းမှာ စမ်းတဝါး နှင့် စိတ်ကူးသက်သက် ဖြစ်သည် မဟုတ်လော။ ထိုကဲ့သို့ လိုက်စားခြင်း၏ လက်တွေ့ကျသော အရေးပါမှုမှာ မည်သည့်အရာနည်း။ အားလုံးက လှည့်ဖြားသော မုသားများဖြစ်သည် မဟုတ်လော။ သင်လိုက်စားသောအရာမှာ ဘုရားသခင်၏ အကျွမ်းဝင်သူဖြစ်ဖို့ရန်ဖြစ်သည်၊ သို့သော် သင်သည် ဘုရားသခင်ကို မသိသလို၊ မမြင်နိုင်၊ လက်ဆုပ်လက်ကိုင်မပြနိုင်သော၊ သင်၏ကိုယ်ပိုင်ယူဆချက်များအရ ဖြစ် သည့် မတည်မရှိသော “အရာခပ်သိမ်းတို့၏ ဘုရားသခင်ကို” လိုက်စားသည့်အတွက် အမှန်တွင် သင်သည် စာတန်၏ ခိုင်းဖတ်ဖြစ်လေသည်။ မပြတ်မသား ပြောရလျှင်၊ ထိုကဲ့သို့သော “ဘုရားသခင်” တစ်ပါးသည် စာတန်ဖြစ်ပြီး၊ လက်တွေ့ကျကျပြောရလျှင် ၎င်းမှာ သင်ကိုယ်တိုင်ဖြစ်၏။ သင်သည် သင်ကိုယ်တိုင်၏ အကျွမ်းဝင်သူဖြစ်ဖို့ ကြိုးပမ်းလျက်ပင် ဘုရားသခင်၏ အကျွမ်းဝင်သူဖြစ်ဖို့ သင်ကြိုးစားသည်ဟုဆိုသေး၏- ယင်းမှာ ဘုရားသခင်ကို ပြစ်မှားခြင်းမဟုတ်လော။ ထိုကဲ့သို့ လိုက်စားခြင်း၏ တန်ဖိုးမှာ အဘယ်နည်း။ ဘုရားသခင်၏ ဝိညာဉ်သည် ဇာတိပကတိဖြစ်မလာလျှင် ဘုရားသခင်၏ အနှစ်သာရ သည် လူသားအတွက် မမြင်နိုင်၊ ထိတွေ့၍မရသော အသက်၏ ဝိညာဉ်၊ သဏ္ဌာန်မဲ့ပြီး ပုံဆောင်မဲ့၊ ရုပ်ခန္ဓာမဲ့အမျိုးအစား၊ ချဉ်းကပ်၍မရနိုင်၊ နားလည်၍မရနိုင်သော အရာတစ်ခုသာ ဖြစ်သည်။ လူသားသည် ဤကဲ့သို့ အကောင်အထည်မရှိ၊ အံ့သြဖွယ်၊ နားမလည်နိုင်ဖွယ်ဖြစ်သော ဝိညာဉ်တော်၏ အကျွမ်းဝင်သူ အဘယ်သို့ ဖြစ်နိုင်မည်နည်း။ ဤသည်မှာ ရယ်ဖွယ်တစ်ခု မဟုတ်လော။ ထိုသို့ အဓိပ္ပါယ်မရှိသော တွေးခေါ်မျှော်မြင်မှုသည် ယုတ္တိမတန်သလို လက်တွေ့လည်းမကျပေ။ အဖန်ဆင်းခံလူသားသည် ဘုရားသခင်၏ ဝိညာဉ်နှင့် ပင်ကိုအားဖြင့် ကွဲပြားခြားနားသော အမျိုးအစားတစ်ရပ် ဖြစ်သောကြောင့် ၎င်းတို့နှစ်ဦးသည် အဘယ်သို့ အကျွမ်းဝင်နိုင်ကြမည်နည်း။ ဘုရားသခင်၏ ဝိညာဉ်သည် ဇာတိပကတိ၌ ဖြစ်ပေါ်မလာခဲ့လျှင်၊ အကယ်၍ ဘုရားသခင်သည် လူ့ဇာတိမခံဘဲ အဖန်ဆင်းခံ တစ်ဦးဖြစ်လာခြင်းအားဖြင့် မိမိကိုယ်ကို မနှိမ့်ချခဲ့ပါလျှင် အဖန်ဆင်းခံလူသားသည် သူ၏ အကျွမ်းဝင်သူတစ်ဦးဖြစ်ဖို့ရန် အရည်အချင်းလည်းမရှိ၊ အစွမ်းအစလည်း ရှိမည်မဟုတ်ပေ၊ ထို့အပြင် ၎င်းတို့ ဝိညာဉ်များ ကောင်းကင်နိုင်ငံထဲသို့ ဝင်ရောက်ပြီးနောက်တွင် ဘုရားသခင်၏ ဝိညာဉ်၏အကျွမ်းဝင်သူများဖြစ်ဖို့ရန် အခွင့်အလမ်း ရရှိနိုင်သည့် ဘုရားတရားကိုင်းရှိုင်းသော ယုံကြည်သူများမှအပ၊ လူများစုသည် ဘုရားသခင်၏ ဝိညာဉ်၏ အကျွမ်းဝင်သူများ ဖြစ်လာကြဖို့ရန် တတ်စွမ်းနိုင်ကြလိမ့်မည် မဟုတ်ပါ။ ထို့ပြင် အကယ်၍ လူသားသည် လူ့ဇာတိခံဘုရားသခင်၏ လမ်းညွှန်မှုအောက်မှ ကောင်းကင်ဘုံက ဘုရားသခင်၏ အကျွမ်းဝင်သူဖြစ်လာရန် ဆန္ဒရှိလျှင်၊ သူသည် အံ့အားသင့်ဖွယ်ကောင်းစွာ မိုက်မဲသည့် လူမ ဟုတ်သူ တစ်ဦးဖြစ်သည် မဟုတ်လော။ လူသားသည် မမြင်ရသော ဘုရားသခင်တစ်ပါးအား “သစ္စာရှိမှု” ကို လိုက်စားရုံသာလိုက်စားပြီး မြင်ရသောဘုရားသခင်ကို အနည်းငယ်မျှ အလေးမထားပေ၊ အဘယ်ကြောင့်ဆိုသော် မမြင်ရသောဘုရားကို လိုက်စားရသည်မှာ လွယ်ကူလွန်းလှသည့်အတွက်- လူသားသည် သူနှစ်သက်သည့်အတိုင်း ထိုကဲ့သို့ လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ သို့သော် မြင်ရသော ဘုရားသခင်ကို လိုက်စားခြင်းမှာ လွယ်ကူလှသည် မဟုတ်ပေ။ မရေမရာ နှင့် စိတ်ကူးသက်သက်ဖြစ်သောအရာတို့သည် လူမှတွေးထင်ကြသည့် အရာအားလုံး ဖြစ်သောကြောင့် မရေရာသော ဘုရားသခင်တစ်ပါးကို ရှာဖွေသောသူသည် ဘုရားသခင်ကို ရရှိဖို့ရန် လုံးဝမတတ်စွမ်းနိုင်ပေ၊ ထို့အပြင် လူသားမှ လည်း ရရှိနိုင်စွမ်း မရှိပေ။ သင်တို့အကြားတွင် ရောက်လာခဲ့သည့် ဘုရားသခင်သည် သင်တို့ လက်လှမ်းမမီနိုင်အောင် အလွန်မြင့်မားပြီး အဆင့်မြင့်သော ဘုရားသခင်ဖြစ်လျှင် သင်တို့သည် မည်သို့ သူ၏အလိုတော်ကို ရှာနိုင်မည်နည်း။ သင်တို့သည် မည်သို့ သူ့ကိုသိကျွမ်းပြီး နားလည်သဘောပေါက်ကြမည်နည်း။ သူသည် သူ၏အမှုကိုသာ လုပ်ဆောင်ပြီး လူသားနှင့် သာမန် အဆက်အသွယ် မရှိလျှင်၊ သို့မဟုတ် သာမန်လူ့သဘာဝကို ပိုင်ဆိုင်ခြင်းမရှိဘဲ သေမျိုးသာသာဖြစ်သောသူတို့ ချဉ်းကပ်မရနိုင်သောသူဖြစ်လျှင်၊ သူသည် သင်တို့အတွက် အလုပ်များစွာပင် လုပ်ခဲ့သော်လည်း သင်တို့သည် သူနှင့်အတူ အဆက်အသွယ်မရှိသလို သူ့ကို မမြင်နိုင်ခဲ့ကြလျှင် သင်တို့သည် သူ့ကို အဘယ်သို့သိနိုင်ကြမည်နည်း။ သာမန်လူ့သဘာဝကို ပိုင်ဆိုင်သော ဤဇာတိပကတိအတွက်သာ မဟုတ်ခဲ့လျှင် လူသားသည် ဘုရားသခင်ကို သိဖို့ နည်းလမ်းရှိလိမ့်မည်မဟုတ်ပေ။ ဘုရားသခင်၏ လူ့ဇာတိခံခြင်းကြောင့်သာ လူသားသည် ဇာတိပကတိ၌ရှိသော ဘုရားသခင်၏ အကျွမ်းဝင်သူဖြစ်ဖို့ရာ အရည်အချင်းရှိခြင်းဖြစ်သည်။ လူသားသည် သူနှင့် အဆက်အသွယ် ရှိ လာသောကြောင့်၊ လူသားသည် သူနှင့်အတူတကွ အသက်ရှင်ပြီး၊ သူ၏အပေါင်းအသင်းအဖြစ် ဆက်ရှိကာ၊ သူ့ကို တဖြည်းဖြည်း သိလာသောကြောင့် လူသားသည် ဘုရားသခင်၏ အကျွမ်းဝင်သူ ဖြစ်လာခြင်းဖြစ်သည်။ ထိုသို့မဟုတ်ခဲ့ ပါလျှင်၊ လူသား၏ လိုက်စားမှုသည် အချည်းနှီးဖြစ်လိမ့်မည် မဟုတ်လော။ လူသားက ဘုရားသခင်၏ အကျွမ်းဝင်သူတစ်ဦး ဖြစ်နိုင်သည်မှာ ဘုရားသခင်၏ အမှုကြောင့် အားလုံးမဟုတ်ဘဲ လူ့ဇာတိခံ ဘုရားသခင်၏ လက်တွေ့ကျမှုနှင့် သာမန်ဖြစ်ခြင်းကြောင့်ဟု ဆိုလိုခြင်း ဖြစ်သည်။ လူသားသည် မိမိတာဝန်ကို ထမ်းဆောင်ဖို့ အခွင့်အလမ်းရရှိပြီး စစ်မှန်သောဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် အခွင့်အလမ်း ရရှိသည်မှာ ဘုရားသခင်က ဇာတိပကတိ ဖြစ်လာ သောကြောင့်သာလျှင် ဖြစ်သည်။ ဤသည်မှာ လက်တွေ့အကျဆုံးနှင့် ဖြစ်နိုင်ခြေအရှိဆုံး သမ္မာတရားဖြစ်သည် မဟုတ်လော။ ယခု သင်သည် ကောင်းကင်ဘုံက ဘုရားသခင်၏ အကျွမ်းဝင်သူဖြစ်ဖို့ ဆန္ဒရှိသေး သလော။ ဘုရားသခင်သည် မိမိကိုယ်ကို အဆင့်တစ်ခုဆီ နှိမ့်ချ သောအခါမှသာ၊ ဆိုလိုသည်မှာ ဘုရားသခင်သည် လူ့ဇာတိခံယူ သောအခါမှသာ၊ လူသားသည် သူ၏အကျွမ်းဝင်သူနှင့် ယုံကြည်စိတ်ချရသူ ဖြစ်နိုင်ပေသည်။ ဘုရားသခင်သည် ဝိညာဉ်တော်နှင့် စပ်ဆိုင်၏- လူသားသည် အလွန်ကြီးမြင့်ပြီး ခက်ခဲနက်နဲလှသော ဤဝိညာဉ်တော်နှင့် အကျွမ်းဝင်သူဖြစ်ရန် အဘယ်သို့ အရည်အချင်း ရှိသနည်း။ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူ့ဇာတိထဲသို့ ဆင်းသက်ပြီး လူသားကဲ့သို့ တူညီသော အပြင်ပန်းနှင့်အတူ ဖန်ဆင်းခံတစ်ဦး ဖြစ်လာသည့်အခါမှသာ လူသားသည် သူ၏ အလိုတော်ကို နားလည်နိုင်ပြီး သူ၏ရယူခြင်းကို အမှန်တကယ် ခံရနိုင်မည်ဖြစ်သည်။ သူသည် လူ့ဇာတိဖြင့် ပြောဆိုလုပ်ကိုင်ပြီး၊ လူသား၏ ဝမ်းမြောက်ခြင်းများ၊ ဝမ်းနည်းခြင်းများနှင့် ဒုက္ခဆင်းရဲများကို မျှဝေခံစားပေးသည်၊ လူသားနေသည့်ကမ္ဘာတွင်ပင် အသက်ရှင်ပြီး၊ လူသားကို အကာအကွယ်ပေးကာ သူ့ကို လမ်းညွှန်ပေးသည်၊ ဤနည်းအားဖြင့် သူသည် လူသားကို သန့်စင်စေကာ သူ၏ ကယ်တင်ခြင်းနှင့် ကောင်းချီးမင်္ဂလာတို့ကို ရရှိရန် လူသားကို ခွင့်ပြုလေသည်။ ဤအရာတို့ကို ရရှိခဲ့ပြီးနောက် လူသားသည် ဘုရားသခင်၏အလိုတော်ကို အမှန်တကယ် နားလည်သဘောပေါက်ပြီး၊ ထိုအခါမှသာ သူသည် ဘုရားသခင်၏ အကျွမ်းဝင်သူတစ်ဦး ဖြစ်နိုင်ပေသည်။ ဤအရာသည်သာ လက်တွေ့ကျသောအရာဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် လူသားအဖို့ မမြင်နိုင်၊ မထိတွေ့နိုင်လျှင်၊ လူသားသည် သူနှင့် အကျွမ်းဝင်သူ အဘယ်သို့ ဖြစ်နိုင်မည်နည်း။ ဤသည်မှာ အနှစ်မဲ့သောအယူဝါဒ မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် သူ၏ အမှုကို သိရှိသူတို့သာ ဘုရားသခင်ကို ကျေနပ်စေနိုင်၏

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။