Christian Dance (ဘုရားသခင်၏နိုင်ငံတော်သည် ကမ္ဘာမြေပေါ်တွင် ပေါ်ထွန်းလာခဲ့ပြီ)

12.02.2025

နောက်ဆုံးသောကာလ၏ ခရစ်တော်သည် သမ္မာတရားကို ဖော်ပြပြီး

လူသားမျိုးနွယ်ကို တရားစီရင်၊ သန့်စင်ပြီး ကယ်တင်။

ဘုရားသခင်၏သိုးများသည် သူ၏အသံတော်ကို ကြားရပြီး သူ၏နှုတ်ကပတ်တော်များတွင် သူ့ကို မြင်ရ။

၎င်းတို့သည် ဘုရားသခင်၏ ရေလောင်းပေးခြင်းနှင့် ထိန်းကျောင်းပေးခြင်းကို မွေ့လျော်ပြီး

သိုးသငယ်၏ မင်္ဂလာဆောင်စားတော်ပွဲကို တက်ရောက်။

ဘုရားနှုတ်ကပတ်တော်များကို စားသောက်ရာတွင်

ကျွန်ုပ်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်ပွင့်စေခြင်းခံရ။

သမ္မာတရားကို နားလည်ခြင်းမှတစ်ဆင့် ကျွန်ုပ်တို့သည် နှိုင်းယှဉ်၍မရသော ဝမ်းမြောက်မှုကို ခံစားရ။

ခရစ်တော်သည် အသက်ရေ၏ စမ်းရေတွင်းဖြစ်ပြီး အသက်မြစ်သည် အဆုံးမဲ့ စီးဆင်း။

ဘုရားသခင်၏လူများသည် ကိုယ်တော်၏တရားစီရင်မှုကို တွေ့ကြုံပြီး

၎င်းတို့၏ အသက်စိတ်သဘောထားများ ပြောင်းလဲ။

အနန္တတန်ခိုးရှင် ဘုရားသခင်၏ ပေါ်ထွန်းမှုနှင့် အမှုတော်သည်

ကျေးဇူးတော်ခေတ်၏ အဆုံးကို ဆောင်ကြဉ်းပေး။

ဘုရားသခင်၏နိုင်ငံတော်သည် ကမ္ဘာမြေပေါ်တွင် ပေါ်ထွန်းလာပြီဖြစ်ပြီး

ခရစ်တော်နောက် လိုက်လျှောက်ခြင်းသည် ကောင်းချီးမင်္ဂလာ ဧကန်အမှန်ဖြစ်။

ဘုရားနှုတ်ကပတ်တော်များသည် ဩဇာအာဏာဖြင့် ပြည့်ဝပြီး

ယင်းတို့သည် လူတစ်စုကို သိမ်းပိုက်ကာ ကယ်တင်ပြီးဖြစ်။

ကိုယ်တော့်နှုတ်ကပတ်တော်များသည် ယုံကြည်မှုနှင့် အချစ်ဖြစ်လာပြီး

လူများကို စမ်းသပ်မှုများနှင့် ကြီးစွာသော ဆင်းရဲဒုက္ခများကို အောင်နိုင်ရန် လမ်းပြ။

ဘုရားသခင်၏လူများသည် စာတန်၏စွမ်းအားမှ ရုန်းထွက်ပြီး

ဘုရားသခင်၏ခြေလှမ်းများနောက် နီးကပ်စွာ လိုက်လျှောက်။

တရားစီရင်မှုကို လက်ခံခြင်းနှင့် သန့်စင်ခံရခြင်းတွင်

၎င်းတို့သည် လူသစ်များဖြစ်လာပြီး ဘုရားသခင်ရှေ့မှောက် ရှင်သန်နေထိုင်။

ဘုရားသခင်သည် နိုင်ငံတိုင်းနှင့် မြေနေရာတိုင်းတွင် သူ့အတွက် သက်သေခံသော

အောင်နိုင်သူတစ်စုကို ပြုလုပ်ခဲ့ပြီဖြစ်။

ဘုရားသခင်၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးကို တွေ့မြင်သောအခါ

၎င်းတို့၏ စိတ်နှလုံးများသည် စစ်မှန်သော ချီးမွမ်းမှုကို ပေးအပ်။

ဘုရားနှုတ်ကပတ်တော်များသည် ကမ္ဘာမြေတစ်လျှောက် ပျံ့နှံ့ပြီး

နေရာတိုင်းရှိ အသင်းတော်များသည် တစ်ဖန်တိုးတက်စပြုလာ။

ဘုရားသခင်၏နိုင်ငံတော်သည် ကမ္ဘာမြေပေါ်တွင် ပေါ်ထွန်းလာပြီဖြစ်ပြီး

ကိုယ်တော်၏အလိုတော်ကို လုပ်ဆောင်မည်ဖြစ်။

နိုင်ငံတော် ဧဝံဂေလိတရားသည် စကြဝဠာတစ်လျှောက် ပျံ့နှံ့ပြီး

အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် ဂုဏ်ပြု။

ဘုရားသခင်၏လူအသီးသီးသည် ၎င်းတို့၏အပိုင်းကို လုပ်ဆောင်ပြီး

ကိုယ်တော့်ကို သက်သေခံရန် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်။

နိုင်ငံတိုင်းနှင့် လူတိုင်းသည် အရှုံးပေးအပ်နှံပြီး ဘုရားသခင်ကို ကိုးကွယ်ရန် ဦးညွှတ်။

ကြီးမားသော ဝမ်းမြောက်မှုသည် စကြဝဠာတစ်လျှောက် ပြန့်သွားပြီး

ဘုရားသခင်၏ ကြီးမြတ်သောအမှုတော် ပြီးမြောက်ခြင်းအတွက် အောင်ပွဲခံ။

ဘေးဒုက္ခကြီးများသည် စာတန်၏နိုင်ငံတော်ကို ဖျက်ဆီးပြီး

ဖြောင့်မတ်ခြင်းနှင့် အလင်းသည် ကမ္ဘာပေါ်တွင် ပေါ်ထွန်း။

ဘုရားသခင်၏လူများသည် ၎င်းတို့၏ ဗုံနှင့် မောင်းများကို တီးခတ်ပြီး

ဘုရားသခင်ကို ချီးမွမ်းရာတွင် သီဆိုကခုန်။

အနန္တတန်ခိုးရှင် ဘုရားသခင်သည် စာတန်ကို လုံးဝအနိုင်ယူပြီး ဂုဏ်ကျက်သရေကို လုံးဝ ရရှိပြီးဖြစ်။

ဘုရားသခင်၏နိုင်ငံတော်သည် ကမ္ဘာမြေပေါ်တွင် ပေါ်ထွန်းလာပြီဖြစ်ပြီး

ဘုရားသခင်၏လူများသည် ကိုယ်တော့်ကို ထာဝရ ချီးမွမ်းကြလိမ့်မည်ဖြစ်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။