2020 Myanmar Christian Testimony | ကျွန်မရဲ့ “ဘာသာရေးမိဘ” ရဲ့စိတ်ထားအမှန်

06.01.2021

အဓိကဇာတ်ကောင်သည် ဘာသာရေးကိုင်းရှိုင်းသော ခရစ်ယာန်တစ်ဦးဖြစ်သည်။ သူမသည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကိုလက်ခံပြီးသည့်နောက်တွင် သူမ၏ ယခင်အသင်းတော်မှ နှစ်ပေါင်းများစွာ သခင့်ကိုယုံကြည်သက်ဝင်ခဲ့သော၊ သမ္မာကျမ်းစာကို နှံ့စပ်ကျွမ်းကျင်သော၊ ယုံကြည်သူများကို ချစ်ခင်၍ ယုံကြည်သူများကို သခင်ပြန်လာမည်ကို စောင့်ကြည့်ရန် သင်ကြားလေ့ရှိသော သင်းအုပ်ဆရာဂျင်ကို သွားသတိရမိသည်။ သူမသည် ထိုသင်းအုပ်ဆရာအား သခင်ယေရှု ပြန်ကြွလာခြင်း သတင်းကောင်းကို ပြောပြချင်သည်။ သို့သော်လည်း သင်းအုပ်ဆရာဂျင်သည် သခင်ပြန်လာမည်ကို လုံးဝစိတ်ဝင်စားမှုမရှိဘဲ ရှုတ်ချကဲ့ရဲ့သောကြောင့် သူမ အံ့အားသင့်ခဲ့ရသည်။ သခင်ပြန်လာမည်နဲ့သက်ဆိုင်သော သမ္မာကျမ်းစာထဲမှ ဟောကိန်းများကိုမိတ်သဟာယဖွဲ့ပြီး အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သက်သေခံခဲ့သော်လည်း သူကထိုဟောကိန်းများကို အကျုံးမဝင်ဟုယူဆပြီး သမ္မာကျမ်းစာထဲမှ နှုတ်ကပတ်တော်များနှင့် သူ၏ကိုယ်ပိုင်ဘာသာရေးအယူအဆများကို ဖက်တွယ်ထားခဲ့သည်။ သူသည် သမ္မာတရားကိုလက်ခံရန် လုံးဝငြင်းဆန်ခဲ့သည်။သူသည် သူမ၏ယုံကြည်မှုကို နှောင့်ယှက်ပြီး လမ်းကြောင်းအမှန်ကိုလက်ခံခြင်းကို တားဆီးရန် အကြိမ်ကြိမ်ကြိုးစားခဲ့ပြီး အသင်းတော်မှထုတ်ပယ်ရန်ပင် ခြိမ်းခြောက်၍ ကျိန်ဆဲကာ လမ်းကြောင်းအမှန်ကိုစွန့်လွှတ်ရန် လုပ်ဆောင်ခဲ့သည်။ အမှန်တရားကို လက်တွေ့ရင်ဆိုင်လိုက်ရသောအခါတွင် အဓိကဇာတ်ကောင်သည် သူမ၏ သူတော်ကောင်းယောင်ဆောင်နေသော “ဘာသာရေးမိဘ” ၏ စိတ်ထားအမှန်ကို နောက်ဆုံးတွင် တွေ့မြင်လိုက်ရသည်။ အဆုံးသတ်တွင် သူမ ဘာကိုနားလည်လိုက်သနည်း။ အဆိုပါ ဘာသာရေးဆိုင်ရာတိုက်ပွဲမှတစ်ဆင့် သူမ ဘာရရှိလိုက်သနည်း။ ကျွန်မရဲ့ “ဘာသာရေးမိဘ” ရဲ့စိတ်ထားအမှန် ကိုကြည့်ရှုပြီးအဖြေရှာလိုက်ပါ။

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။