Christian Dance (အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အဖိုးအတန်ဆုံးဖြစ်)
12.04.2025
၁
ဘုရားသခင်သည် အလုပ်လုပ်ရန် လူ့ဇာတိခံပြီး
ကျွန်ုပ်တို့ကို ကယ်တင်ရန် သမ္မာတရားများကို သူဖော်ပြ။
ကျွန်ုပ်တို့သည် နေ့စဉ်နေ့တိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်မွေ့လျော်ပြီး
ယင်းတွင် ကျွန်ုပ်တို့သည် အလုံးစုံ ပံ့ပိုးပေးခြင်းခံရ။
တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ပြုပြင်ခြင်းတို့မှတစ်ဆင့်
ကျွန်ုပ်တို့သည် ကိုယ့်အကြောင်းကိုယ် သိရှိလာ။
ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ သန့်စင်ခံရပြီး
ကျွန်ုပ်တို့သည် သမ္မာတရား လက်တွေ့ကျမှုများအတွင်းသို့ တဖြည်းဖြည်း ဝင်ရောက်။
လူကြား အလုပ်လုပ်ခြင်းနှင့် ကျွန်ုပ်တို့ကို
တန်ဖိုးမဖြတ်နိုင်သော သမ္မာတရားများ ပေးအပ်ခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်။
အခက်အခဲများနှင့် ရင်ဆိုင်ရသောအခါ သမ္မာတရားကို ကျွန်ုပ်တို့ ရှာဖွေပြီး
ကျွန်ုပ်တို့သည် အရာခပ်သိမ်းတွင် လက်တွေ့လုပ်ဆောင်ခြင်းလမ်းကြောင်းရှိ။
သမ္မာတရားကို နားလည်ခြင်းသည် စိတ်နှလုံးကို မှန်ကဲ့သို့ ကြည်လင်စေပြီး
ကျွန်ုပ်တို့ကို အတုနှင့် အစစ်၊ အမှားနှင့် အမှန်ကို ပိုင်းခြားသိမြင်နိုင်စေ။
ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုက်နာသောကြောင့် ကျွန်ုပ်တို့တွင် စည်းမျဉ်းများရှိ။
အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အဖိုးအတန်ဆုံးဖြစ်။
၂
ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် တွေ့ကြုံခြင်းတွင်
သမ္မာတရားများစွာကို ကျွန်ုပ်နားလည်လာ။
ကျွန်ုပ်၏လုပ်ရပ်များနှင့် ကျင့်ကြံပြုမူချက်ကို ဆင်ခြင်သုံးသပ်ရာတွင်
ကျွန်ုပ်ဖောက်ပြန်ပျက်စီးမှု၏ အမှန်တရားကို တွေ့မြင်။
ကျွန်ုပ်သည် နောင်တတရားကို ခံစားရပြီး ဘုရားသခင်ရှေ့မှောက် နောင်တရ၊
တရားစီရင်မှုကို လက်ခံခြင်းဖြင့် ကျွန်ုပ်ပြောင်းလဲ။
ဘုရားသခင် တည်ခင်းထားသော စားတော်ပွဲများအားလုံး အံ့ဖွယ်ကောင်းပြီး
ဒုက္ခခံစားရခြင်းမှတစ်ဆင့် ဝိညာဉ်ရင့်ကျက်မှုတွင် ကျွန်ုပ်ကြီးထွား။
ဘုရားသခင်၏ တရားစီရင်မှုသည် ကျွန်ုပ်ကို ကယ်တင်ပြီးဖြစ်ကာ
ကျွန်ုပ်၏စိတ်နှလုံးသည် သူ့အပေါ် အဆုံးမဲ့စွာ ကျေးဇူးတင်။
ဘုရားသခင်၏ အချစ်သည် အလွန်မှန်ကန်ပြီး စစ်မှန်ကာ
ကျွန်ုပ်သည် မိမိ၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းဖြင့် သူ့အချစ်ကို ပြန်ပေးဆပ်မည်ဖြစ်။
ဧဝံဂေလိတရားကို တရားဟောရန် ကျွန်ုပ်တတ်နိုင်သည့်အရာမှန်သမျှကို ပြုလုပ်မည်ဖြစ်ပြီး
ကျွန်ုပ်၏ ငယ်ရွယ်နုပျိုမှုကို ရည်စူးအပ်နှံခြင်းတွင် ကျွန်ုပ် နောင်တရမည်မဟုတ်။
သမ္မာတရားကို လိုက်စားရန်နှင့် ရရှိရန် ကျွန်ုပ်ကြိုးပမ်းသွားမည်ဖြစ်။
အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အဖိုးအတန်ဆုံးဖြစ်။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ