ဘုရားသခင်ကိုသင်မည်သည့်အရာ ပြန်ပေးခဲ့ပြီလဲ

05.04.2020

ဘုရားသခင် သင်တို့ထဲမှာ ရှိနေခဲ့၊

ဆောင်းဦးနှင့် နွေဦးရာသီများစွာ

သူသည် သင်နှင့်အတူကြာမြင့်စွာ နေထိုင်သွားခဲ့။

ရှေ့တော်၌ သင်၏ စက်ဆုပ်ဖွယ်အမှုများမည်မျှ လွတ်ထွက်သွားပြီလဲ။

သင့်ရင်ထဲမှပြောတဲ့ စကားများဘုရားရဲ့နားထဲ ပဲ့တင်ထပ်။

များစွာသော သင့်အလိုဆန္ဒများ မရေမတွက်နိုင်၊

ထိုဆန္ဒများကို သူ၏ယဇ်ပလ္လင်ပေါ်၌ ချခင်းထား

သို့သော် သင်ချခင်းထားသော သူ၏ယဇ်ပလ္လင်ပေါ်မှာ

စိတ်နှစ်မြှုပ်မှု၊ စစ်မှန်မှု တစ်စက်မျှပင် မတွေ့။

သင့်၏ ယုံကြည်ခြင်း အသီးအပွင့်များကဘယ်မှာလဲ။ ဘယ်မှာလဲ။

သင်သည် ဘုရား၏ အဆုံးမဲ့ကျေးဇူးတော် ခံစားရပြီ၊

သူ၏ကောင်းကင်ဘုံနက်နဲဖွယ်ရာများ မြင်တွေ့ခဲ့ပြီ။

ဘုရားသခင် သင့်အားကောင်းကင်မီးလျှံများ ပြသခဲ့လည်း

(သူ၌) သင့်အား လောင်ကျွမ်းစေလိုသော စိတ်မရှိပေ။

ဘုရားသခင်အား သင် မည်မျှ ပြန်ပေးခဲ့ပြီလဲ။

သူ့အား လိုလိုလားလား မည်မျှ ပေးခဲ့ပြီလဲ။

ဘုရားသခင် ပေးထားသော စားဖွယ်ကို

ကိုင်လျက် သူ့အား သင် ပူဇော်၊

သင်၏ကြိုးစားမှု ဆုလာဘ်ဟု ဆိုကာ

သင်၌ ရှိသမျှ သူ့အား ပေးခဲ့ပြီ။

သင် ဘာလို့ မသိရလဲ

သင် ဘုရားအား ပေးသမျှ၊သင်၏အပြစ်ဒဏ်အားလုံး

သူ၏ယဇ်ပလ္လင်မှ သင်ခိုးယူခဲ့သောအရာများဖြစ်သည်ကို…

ယခု သင် ထိုအရာများကို ဘုရားအား ပေးသည်။

သင် သည် သူ့အား လိမ်ညာနေခြင်း မဟုတ်ပါလော။

သူ ကြည်နူးသောအရာသည်

သူ၏ယဇ်ပလ္လင်ပေါ်တွင် ရှိသောအရာသာ ဖြစ်သည်

သင်ပြန်ပေးတဲ့ ကြိုးစားမှုရလဒ်များ မဟုတ် ဘူး

သင်သည် ဘုရား၏ အဆုံးမဲ့ကျေးဇူးတော် ခံစားရပြီ၊

သူ၏ကောင်းကင်ဘုံနက်နဲဖွယ်ရာများ မြင်တွေ့ခဲ့ပြီ။

ဘုရားသခင် သင့်အားကောင်းကင်မီးလျှံများ ပြသခဲ့လည်း

(သူ၌) သင့်အား လောင်ကျွမ်းစေလိုသော စိတ်မရှိပေ။

ဘုရားသခင်အား သင် မည်မျှ ပြန်ပေးခဲ့ပြီလဲ။

သူ့အား လိုလိုလားလား မည်မျှ ပေးခဲ့ပြီလဲ။

သင် ဘုရားကို တကယ် လှည့်ဖြားရက်တော့

သင့်ကို သူ ဘယ်လို ခွင့်လွှတ်နိုင်မလဲ။

ထိုအရာကို ဘုရားသခင်ဘယ်လို သည်းခံနိုင်ဦးမလဲ။

သူ သင့်ကို အရာအားလုံး ပေးအပ်ခဲ့ပြီ။

သူ သည် သင့်ကို အရာအားလုံး ဖွင့်ပြခဲ့ပြီ။

သူ သည် သင်၏ လိုအပ်ချက်များကိုထောက်ပံ့ပေးကာ

သူ သင့်ကို အမြင်ကျယ်စေခဲ့ပြီ။

သို့သော် သင့်အသိစိတ်ကို သင်လျစ်လျူရှူကာ သူ့အား လှည့်ဖြား။

သင်သည် ဘုရား၏ အဆုံးမဲ့ ကျေးဇူးတော် ခံစားရပြီ၊

သူ၏ကောင်းကင်ဘုံ နက်နဲဖွယ်ရာများ မြင်တွေ့ခဲ့ပြီ။

ဘုရားသခင် သင့်အားကောင်းကင်မီးလျှံများ ပြသခဲ့လည်း

(သူ၌) သင့်အား လောင်ကျွမ်းစေလိုသော စိတ်မရှိပေ။

ဘုရားသခင်အား သင် မည်မျှ ပြန်ပေးခဲ့ပြီလဲ။

သူ့အား လိုလိုလားလား မည်မျှ ပေးခဲ့ပြီလဲ။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။