Myanmar Sermon Series 2021 - လူ့ဇာတိခံယူခြင်းဆိုသည်မှာ အဘယ်နည်း

20.12.2021

လွန်ခဲ့သော နှစ်နှစ်ထောင်တွင်၊ သခင်ယေရှုသည် တရားဟောကြားပြီး အမှုပြုရန် ကြွလာသောအခါ ယဇ်ပုရောဟိတ်၊ ကျမ်းပြုဆရာများနှင့် ဂျူးဘာသာဝင် ဖာရိရှဲတို့သည် သခင်ယေရှုအား သာမန်လူတစ်ယောက်အဖြစ် သတ်မှတ်ခဲ့ကြသည်။ ၎င်းတို့သည် သခင်ယေရှုအား အာခံ၊ ရှုတ်ချပြီး ပြစ်မှားရန် ၎င်းတို့တတ်နိုင်သမျှ လုပ်ဆောင်ကြသည်။ နောက်ဆုံးတွင် သခင်ယေရှုအား ကားစင်တင်ခဲ့ကြပြီး စက်ဆုပ်ဖွယ်ကောင်းသော ပြစ်မှုကြီးကို ကျူးလွန်ခဲ့ကြသည်။ ယခုအခါတွင် အနန္တတန်ခိုးရှင်ဘုရားသခင်သည် လူသားပုံသဏ္ဍန်ဖြင့်ပေါ်ထွန်းပြီး အလုပ်လုပ်သည်။ သို့တိုင်အောင် လူ့ဇာတိခံဘုရားကို သိမြင်ခြင်းမရှိသော၊ အနန္တတန်ခိုးရှင်ဘုရားသခင်အား သာမန်လူတစ်ယောက်အဖြစ် ဆက်ဆံသော၊ စစ်မှန်သောလမ်းကို လေ့လာစူးစမ်းဖို့ ငြင်းဆန်သော၊ အနန္တတန်ခိုးရှင်ဘုရားသခင်အား ထိတ်ထိတ်ပျာပျာ ရှုတ်ချပြီးအာခံသောသူများစွာ ရှိနေဆဲဖြစ်ပြီး ဤသို့ပြုလုပ်ခြင်းအားဖြင့် ဘုရားသခင်အား နောက်တစ်ဖန် ကားစင်တင်ခြင်းပြစ်မှုကို ကျူးလွန်ကြသည်။ အဘယ်ကြောင့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှစ်ကြိမ်လုံးသည် လူသား၏ ရှုတ်ချ၊ ငြင်းပယ်ခြင်းကို ခံရသနည်း။ လူတို့သည် ဘုရားသခင်အား သိကျွမ်းခြင်း ကင်းမဲ့သောကြောင့်၊ သမ္မာတရားသည် မည်သည့်အရာဖြစ်သည်ကို နားမလည်သောကြောင့်၊ လူ့ဇာတိခံယူခြင်း၏ ကြီးမားသောနက်နဲမှုကို ပို၍ပင် နားမလည်သောကြောင့်ဖြစ်သည်။ ဤသို့ဆိုလျှင် လူ့ဇာတိခံယူခြင်းသည် အတိအကျ မည်သည့်အရာနည်း။ လူ့ဇာတိခံယူခြင်းကို ကျွန်ုပ်တို့ မည်သို့နားလည်သင့်သနည်း။ ဤ စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်းအပိုင်းတွင် လူ့ဇာတိခံယူခြင်း၏ နက်နဲမှုကို နားလည်ရန်အတွက် သမ္မာတရားကို ကျွန်ုပ်တို့ အတူတကွ ရှာဖွေကြသည်။

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။