2021 Myanmar Christian Testimony | ဒီနေ့ခေတ်ရဲ့ ဖာရိရှဲတွေက ဘယ်သူတွေလဲ

22.01.2021

အဓိကဇာတ်ကောင်မှာ ဘာသာရေးကိုင်းရှိုင်းသော ခရစ်ယာန်တစ်ဦးဖြစ်ပြီး၊ သခင့်ကို နှစ်ပေါင်းများစွာ ထက်ထက်သန်သန် အစေခံပြီးနောက် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသောကာလ ဧဝံဂေလိတရားကို လက်ခံသူဖြစ်သည်။ သူမ၏ အသင်းတော်ဟောင်းမှ သင်းအုပ်တို့မှာ ကျမ်းစာနှံ့စပ်ကြသလို၊ ဝတ်ပြုသူတို့ကိုလည်း သခင် ပြန်လာခြင်းအား သတိရှိရှိစောင့်မျှော်ကြရန် မကြာခဏ သွန်သင်တတ်ကြသည်။ ထို့ကြောင့် သူတို့ကသာ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ဖတ်မည်ဆိုလျှင်၊ သခင့်အသံတော်ကို သေချာပေါက် မှတ်မိ၍၊ အနန္တတန်ခိုးရှင်ဘုရားသခင်အား ပြန်ကြွလာသော သခင်ယေရှုအဖြစ် အသိအမှတ်ပြုကြလိမ့်မည်။ သခင့်ကို ဝမ်းသာအားရ ကြိုဆိုကြလိမ့်မည်ဟု သူမက ယုံကြည်မိသည်။ သို့ရာတွင် သင်းအုပ်တို့က သခင် ပြန်လာခြင်းသတင်းကို ကြားသည့်အခါ၊ ယင်းအကြောင်းကို လေ့လာရန် ငြင်းဆန်သည့်အပြင်၊ သူမအား လမ်းမှန်ကို လက်မခံမိအောင် အစွမ်းကုန် တားဆီးကြသည့်အတွက် သူမ အံ့သြရလေသည်။ သူတို့က အသင်းတော်မှ ညီအစ်ကိုမောင်နှမများအား လမ်းမှန်ကို မစူးစမ်းမိကြအောင်၊ နှောင့်ယှက်လှည့်စားရန်အတွက် အယူမှား အတွေးမှားများကို ဖြန့်ဝေကြသည်။ သူမကိုလည်း အနန္တတန်ခိုးရှင်ဘုရားသခင်အား ယုံကြည်ခြင်းကို စွန့်လွှတ်စေရန်၊ အသင်းတော်တာဝန်မှ ရပ်ဆိုင်းပစ်မည်ဟူ၍လည်းကောင်း၊ အသင်းတော်မှ ထုတ်ပယ်မည်ဟူ၍လည်းကောင်း ခြိမ်းခြောက်သည်အထိပင် ဖြစ်သည်။ သို့သော် သင်းအုပ်တို့၏ အပြုအမူတို့က ၎င်းတို့၏သရုပ်မှန်ဖြစ်သော၊ ဘုရားသခင်ကို ခုခံတတ်သည့် သူတော်ယောင်တို့၏ စရိုက်အမှန်ကို ရှင်းရှင်းလင်းလင်း ဖော်ပြခြင်းဖြစ်နေသည်။ ၎င်းတို့သည် တကယ်ပင် ဒီနေ့ခေတ်၏ ဖာရိရှဲများ ဖြစ်ကြောင်း သူမ မြင်မိလေသည်။ သူမသည် ၎င်းတို့၏ ထိန်းချုပ်မှုနှင့် လှောင်အိမ်အတွင်းမှ လွတ်မြောက်လာသည့်အပြင်၊ အနန္တတန်ခိုးရှင်ဘုရားသခင်နောက်သို့ လိုက်ရန်အတွက် ပို၍ပင် စိတ်ပိုင်းဖြတ်မိတော့သည်။

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။