Christian Dance (ဘုရားသခင်နောက်သို့ လိုက်လျှောက်ရန် ကျွန်ုပ် စိတ်ပိုင်းဖြတ်ပြီးဖြစ်)
25.05.2025
၁
ဤအခိုက်အတန့်မတိုင်မီအထိ ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်ခဲ့ပြီး
နောက်ဆုံးတွင် အလင်းရောင်ကို ကျွန်ုပ်တွေ့မြင်ခဲ့ပြီ။
ညှဉ်းပန်းနှိပ်စက်မှုနှင့် ဆင်းရဲဒုက္ခများဖြင့် ခက်ခဲကြမ်းတမ်းသော လမ်းကြောင်း ဖြစ်ခဲ့လေသည်။
ခေါင်းချစရာနေရာမရှိဘဲ အမြဲထွက်ပြေးနေရသည်မှာ နာကျင်ဖွယ်ကောင်းလေသည်။
ညပေါင်းများစွာ အိပ်မရဘဲ ဆုတောင်းခဲ့ရလေသည်။
လောကီလူများသည် ကျွန်ုပ်ကို စွန့်ပစ်ခဲ့ပြီ၊ ကျွန်ုပ်ချစ်ရသောသူများက ကျွန်ုပ်ကို ရှောင်ခဲ့ပြီ။
ခါးသီးမှုနှင့် ချိုမြိန်မှုတစ်လျှောက် ကျွန်ုပ်များစွာ ငိုကြွေးခဲ့ရလေသည်။
လွတ်လပ်မှုသည် အမည်မျှသာဖြစ်သည်။
လူ့အခွင့်အရေးများ အဘယ်တွင်ရှိသနည်း။
စာတန်ကို ကျွန်ုပ်လုံးဝမုန်းတီးပြီး ခရစ်တော်ကို အာဏာရစေရန် တောင့်တလေသည်။
ဤကမ္ဘာမြေ၏ အမှောင်ထုနှင့် မကောင်းမှုသည်
ကျွန်ုပ်ကို အသက်တာ၏အလင်းအား ရှာဖွေရန် ပို၍ပင် တွန်းအားပေးလေသည်။
ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်ကာ
ကျွန်ုပ်သည် ဆုံးခန်းတိုင် သူ့နောက် လိုက်လျှောက်ရန် စိတ်ပိုင်းဖြတ်ပြီးဖြစ်သည်။
၂
ဘုရားသခင်သည် သိုးထိန်းများကို ရိုက်နှက်ပြီး
ကျွန်ုပ်တို့သည် ကြီးစွာသော ဆင်းရဲဒုက္ခများကို ကျော်ဖြတ်ရသည်။
မဲမှောင်သော တိမ်များ အုပ်လာပြီး ပတ်ဝန်းကျင်တွင် အကြောက်တရားဖြင့် ပြည့်နေသည်။
ကျွန်ုပ်ဟာ ကျားတွင်းထဲသို့ ကြိမ်ဖန်များစွာ ကျရောက်ခဲ့ပြီး၊ သေခြင်းတရားမှ လွှတ်မြောက်ခဲ့။
ဘုရား၏ နူတ်ကပတ်တော်ဟာ ကျွန်ုပ်ကို နှစ်သိမ့်ကာ နှလုံးသားကို ခွန်အားပေး။
ညှဉ်းပန်းနှိပ်စက်မှုများစွာ ခံရပြီးနောက် ကျွန်ုပ်သည်
ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းကို နက်ရှိုင်းစွာ သိရှိလေသည်။
ဘုရားသခင်က အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားသော်လည်း
လူသား၏ ယုံကြည်မှုသည် သနားဖွယ်ကောင်းလေသည်။
လူများက မီးဖို၏ စမ်းသပ်မှုများမှ များစွာ အကျိုးရသည်။
ကျွန်ုပ်သည် စာတန်ကို ရိပ်စားမိပြီး အဆင်းနီသော နဂါးကြီးကို ပို၍ပင် မုန်းတီးလေသည်။
ယုတ်ညံ့ပြီး ရက်စက်ကြမ်းကြုတ်သည့် အဆင်းနီသော နဂါးကြီးသည်
မရေတွက်နိုင်သော စိတ်ဝိညာဉ်များကို ဖောက်ပြန်ပျက်စီးစေပြီး ဝါးမျိုခဲ့ပြီ။
သမ္မာတရားနှင့် အသက်ကို ရရှိခြင်းသည် မလွယ်ကူချေ၊
ကျွန်ုပ်သည် ဘုရားသခင်ကို ချစ်ပြီး သူ့စိတ်နှလုံးကို ပို၍ပင် နှစ်သိမ့်ပေးရမည်ဖြစ်သည်။
၃
ဘုရားသခင်၏ အမှုတော်ကို ကျွန်ုပ်ပြန်တွေးကြည့်သောအခါ
ဘုရားသခင်က မည်မျှခင်မင်ဖွယ်ကောင်းကြောင်း ကျွန်ုပ် နက်ရှိုင်းစွာ ခံစားရသည်။
သူ၏ တရားစီရင်မှုကို လက်ခံခြင်းမှတစ်ဆင့် ကျွန်ုပ်၏ စိတ်သဘောထား ပြောင်းလဲခဲ့လေသည်။
ပြစ်တင်ဆုံးမခြင်းနှင့် စစ်ဆေးခြင်း၏ အခက်အခဲများသည် ဘုရားသခင်နှင့်ပတ်သက်၍
ပိုနက်နဲသော အသိပညာကို ဆောင်ကြဉ်းပေးသည်။
အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်ုပ်ယုံကြည်နိုင်ခြင်းသည် ဧကန်အမှန် ဂုဏ်အသရေဖြစ်လေသည်။
ဘုရားသခင်အတွက် ကြေညာခြင်းနှင့် သက်သေခံခြင်းသည် ကျွန်ုပ်၏စိတ်နှလုံးကို နှစ်သိမ့်ပေးသည်၊
အခက်အခဲရှိသော်လည်း မိမိ၏တာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်ခြင်းသည်
ကျွန်ုပ်အတွက် ဝမ်းမြောက်မှုကို ဆောင်ကြဉ်းပေးသည်။
ဘဝသည် တိုတောင်းပြီး ဘုရားသခင်ကို ချစ်ခြင်းသည် အကြီးမြတ်ဆုံးသော ဝမ်းမြောက်မှုဖြစ်သည်။
ယခုအခါ ဘုရားသခင်ကို ကျွန်ုပ်အစေခံနိုင်သောကြောင့် ကျွန်ုပ်၏စိတ်နှလုံး ကျေနပ်မှုရှိလေသည်။
အနန္တတန်ခိုးရှင် ဘုရားသခင်က ကျွန်ုပ်ကို ကယ်တင်ပြီး စစ်မှန်သော အသက်တာကို ပေးခဲ့ပြီ။
ကြာရှည်စွာ မြတ်နိုးခဲ့ရသော ကျွန်ုပ်၏ဆုတောင်း ပြည့်လာခဲ့ပြီဖြစ်ကာ
အနာဂတ်ကို မျှော်ကိုး၍ ကျွန်ုပ်ကြိုးစားသွားမည်ဖြစ်သည်။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ