Myanmar Sermon Series 2022 - သခင်သည် အမှန်တကယ် မိုးတိမ်စီးလျက် ပြန်လာမည်လော

11.01.2022

ကျွန်ုပ်တို့သည် ကပ်ဘေးတစ်ခုပြီးတစ်ခု တွေ့နေရသည်။ ယုံကြည်သူများ သည် ကောင်းကင်သို့ မော့ကြည့်ပြီး မိုးတိမ်စီး၍ သခင်ပြန်ကြွလာပြီး ၎င်းတို့ ကို ကောင်းကင်သို့ ဆောင်ယူသွားရန်၊ ၎င်းတို့ကို ဘေးဒုက္ခများမှ ကယ်တင် ရန်နှင့် ၎င်းတို့ကို ကောင်းကင်နိုင်ငံတော်ဆီ ခေါ်ဆောင်သွားရန် အရေးတကြီး စောင့်နေကြသည်။ သို့သော် ဘေးဒုက္ခများရောက်လာပြီဖြစ်သော်လည်း ၎င်း တို့သည် မိုးတိမ်စီး၍ကြွလာမည့် သခင်ယေရှုကို မကြိုဆို ကြရသေးပါ။ လူ အများအပြားသည် သခင်ယေရှု တကယ်လာပါမည်လားဟု စဉ်းစားကြရင်း စိတ်မအေးဖြစ်ကာ သံသယစဖြစ်လာကြသည်။ ၎င်းတို့သည် ကောင်းကင်သို့ မော့ကြည့်ရင်း သခင်မိုးတိမ်စီး၍ ကြွလာမည်ကို စောင့်ကြည့်နေကြချိန်တွင် အရှေ့အရပ်မှ လျှပ်ပြက်ခြင်းသည် သခင်ပြန်လာခဲ့ပြီဖြစ်ပြီး ကိုယ်တော်သည် လူ့ဇာတိခံယူသည့် အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်ကြောင်းကို တစ်ချိန်လုံး သက်သေခံလျက်ရှိသည်။ ဂိုဏ်းဂဏအားလုံးမှ လူအများအပြားသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးသည့်အခါ ၎င်းတို့ကို သမ္မာတရားအဖြစ် အသိအမှတ်ပြုကြပြီး ၎င်းတို့ကြားနေသည်မှာ ဘုရားသခင်၏အသံတော်ဖြစ်ကြောင်းကို သဘောပေါက်ကာ အနန္တတန်ခိုးရှင် ဘုရားသခင်ရှေ့မှောက်သို့ ရောက်လာကြ၍ သခင့်ကို ကြိုဆိုကြသည်။ သခင် သည် အမှန်တကယ်ပင် မိုးတိမ်စီး၍ ပြန်ကြွလာမည်လော၊ သခင်သည် အတိအကျ မည်ကဲ့သို့ကြွလာမည်နည်း၊ မိုးတိမ်စီး၍လော၊ သို့မဟုတ် လူ့ဇာတိ ခံသည့် လူသားအနေနှင့်လောဟု စဉ်းစားရင်း စောင့်ကြည့်နေကြသည့် လူအများအပြားလည်း ရှိလေသည်။ စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း ၏ ဤအပိုင်းသည် မိတ်ဆွေကို အဖြေပေးပါလိမ့်မည်။

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။