Christian Dance (ဘုရားသခင်၏ ဘုန်းကြီးသော နေ့ကို ကျွန်ုပ် မြင်တွေ့လိုသည်)
08.01.2025
၁
ယနေ့တွင် ဘုရားသခင်၏ တရားစီရင်မှုကို ကျွန်ုပ်လက်ခံပြီး
မနက်ဖြန်တွင် သူ၏ ကောင်းချီးများကို ကျွန်ုပ်လက်ခံရရှိမည်ဖြစ်။
ဘုရားသခင်၏ ဂုဏ်ကျက်သရေ နေ့ရက်ကို မြင်တွေ့နိုင်ရန်
ကျွန်ုပ်၏နုပျိုမှုကို ပေးအပ်လိုပြီး ကျွန်ုပ်၏အသက်ကို ပူဇော်ဆက်ကပ်လို။
သူသည် အလုပ်လုပ်ပြီး သမ္မာတရားကို ဖော်ပြကာ လူသားမျိုးနွယ်ထံ အသက်၏လမ်းခရီးကို ပေး။
ဘုရားနှုတ်ကပတ်တော်များနှင့် ဘုရား၏အချစ်သည် ကျွန်ုပ်စိတ်နှလုံးကို ညှို့ယူဆွဲဆောင်ခဲ့ပြီ။
ကျွန်ုပ်သည် သမ္မာတရားကို ရရှိရန် ခါးသောခွက်ကို တစ်စက်မကျန်သောက်လိုပြီး ဒုက္ခခံလို။
ကျွန်ုပ်သည် စောဒကမတက်ဘဲ အရှက်ကွဲမှုကို သည်းခံမည်ဖြစ်။
ဘုရားသခင်၏ ကျေးဇူးတော်အတွက် ပြန်ပေးဆပ်ခြင်းဖြင့် ကျွန်ုပ်၏ဘဝကို နေထိုင်လို။
၂
ကျွန်ုပ်၏စိတ်နှလုံးတွင် ဘုရားသခင်၏အပ်နှံမှုရှိသောကြောင့်
စာတန်ကို ကျွန်ုပ်ဘယ်တော့မှ ဒူးထောက်အရှုံးပေးမည်မဟုတ်။
ကျွန်ုပ်တို့၏ ခေါင်းပြတ်ကောင်း ပြတ်နိုင်ပြီး ကျွန်ုပ်တို့၏ သွေးမြေကျနိုင်သော်လည်း
ဘုရားသခင်၏ လူများ၏ ဂုဏ်သိက္ခာနှင့် ရိုးသားမှုကို မချိုးဖျက်နိုင်။
ကျွန်ုပ်သည် ဘုရားသခင်အတွက် ထူးကဲသော သက်သေခံချက်ကို ပေးကာ
နတ်ဆိုးများနှင့် စာတန်ကို အရှက်ရစေမည်ဖြစ်။
နာကျင်မှုနှင့် အခက်အခဲများကို ဘုရားသခင်က ကြိုတင်ဆုံးဖြတ်ကာ
ကျွန်ုပ်သည် ဘုရားကို သေသည့်တိုင် သစ္စာစောင့်သိပြီး ကျိုးနွံနာခံမည်ဖြစ်။
ဘုရားသခင် ငိုကြွေးရအောင် မည်သည့်အခါမျှ ကျွန်ုပ်ထပ်လုပ်မည် မဟုတ်၊
ပြီးလျှင် ဘုရားသခင် စိတ်ပူပန်ရအောင် မည်သည့်အခါမျှ ကျွန်ုပ်ထပ်လုပ်မည် မဟုတ်။
ကျွန်ုပ်၏အချစ်နှင့် သစ္စာစောင့်သိမှုကို ဘုရားသခင်ထံ ဆက်ကပ်မည်ဖြစ်ကာ
သူဘုန်းထင်ရှားစေရန် ကျွန်ုပ်၏ အထူးတာဝန်ကို ပြီးမြောက်စေမည်ဖြစ်။
၃
ဘုရားနှုတ်ကပတ်တော်များသည် ကျွန်ုပ်ကို ယုံကြည်ခြင်းပေးပြီး
ခိုင်မာသော စိတ်ဓာတ်ဖြင့် အဆုံးတိုင် ဘုရားသခင်နောက် ကျွန်ုပ်လိုက်လျှောက်မည်ဖြစ်။
ကျွန်ုပ်အသက်ရှူသေးသရွေ့ မယိုင်လဲသော စိတ်ပိုင်းဖြတ်ချက်ဖြင့်
ဧဝံဂေလိတရားဟောခြင်းနှင့် ဘုရားအတွက် သက်သေခံခြင်းကို ဆက်လုပ်မည်ဖြစ်။
ကျွန်ုပ်၏စိတ်နှလုံး အကြွင်းမဲ့ဖြင့် ဘုရားသခင်ကို ချီးမွမ်းပြီး
ကျွန်ုပ်၏ အသစ်သော သီချင်းနှင့် အကကို ပူဇော်ဆက်ကပ်။
ကျွန်ုပ်၏စိတ်နှလုံးကို ဖွင့်ထုတ်ကာ ခံစားချက်များကို ထုတ်ဖော်ပြီး
ဘုရားသခင်ထံ ကျွန်ုပ်၏ရိုးသားသော စိတ်နှလုံးကို ပူဇော်ဆက်ကပ်။
ကျွန်ုပ်၏စိတ်နှလုံးသည် ဘုရားသခင်အပေါ် ထာဝရ တွယ်တာနေမည်ဖြစ်။
ဘုရားသခင်၏ ဂုဏ်ကျက်သရေ နေ့ရက် ရောက်သောအခါ
ပလ္လင်တော်ပတ်လည်တွင် ကျွန်ုပ်တို့စုဝေးကာ ဝမ်းမြောက်သဖြင့် ကခုန်ကြပြီး
ဘုရားသခင်ကို ကျွန်ုပ်တို့ ထာဝရ ချီးမွမ်းမည်ဖြစ်။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ