အစနှင့်အဆုံးဖြစ်တော်မူသော အနန္တတန်ခိုးရှင် ဘုရားသခင်
၁
အရှေ့အရပ်မှ အနောက်အရပ်တိုင် တစ်လောကလုံး ဘုရားသခင်ကို ကြွေးကြော်ကြ၏
ဘုန်းတန်ခိုးကြီး သန့်ရှင်းသောနာမတော်ပျံ့နှံ့လေပြီ
အို… အနန္တတန်ခိုးရှင် ဘုရား် ယခု လူ့ဇာတိကို ခံယူခဲ့ပြီ
နိုင်ငံတော်ကို ရရှိခဲ့ပြီး လောကသို့ ဆင်းကြွခဲ့သည်
အခွင့်တန်ခိုးရှိသမျှဖြင့် ဇိအုန်ကို သူတည်ဆောက်ခဲ့သည်
လူမျိုးအပေါင်းထံဘုန်းတန်ခိုးနှင့် ထင်ရှားခဲ့သူ
သူ၏ကယ်တင်ခြင်းကြောင့် သန့်ရှင်းသူအားလုံး ချီးမွမ်းသီဆိုကြသည်
ထိုနာမတော်ကြောင့် အဆုံးမဲ့ ပျော်ရွှင်ကြသည်
အနန္တတန်ခိုးရှင် ဘုရား ရှင်ဘုရင်အဖြစ် စိုးစံ (ဘုန်းအာနုဘော်တော်နဲ့ လွှမ်းခြုံ)
ဖြောင့်မတ်ခြင်းဖြင့် မြွက်ဆို၊ (အခွင့်အာဏာနဲ့) ကယ်တင်ခြင်း ယူဆောင်သည်
နှုတ်ကပတ်တော်သည် မြေကြီးတစ်ပြင်လုံးတွင် အခွင့်အာဏာ စွဲကိုင်
သူ၏နိုင်ငံတော် ဘယ်တော့မှ မတုန်လှုပ်နိုင်ပါ
လူမျိုးအပေါင်းတို့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကိုးကွယ်ကြလော့
ကျွန်ုပ်တို့ အသံကျယ်လောက်စွာ အတူတကွ ကြွေးကြော်သီဆိုကြပါ၏
အစနှင့် အဆုံးဖြစ်တော်မူသော အနန္တတန်ခိုးရှင် ဘုရားသခင်
ဖန်ဆင်းခံသူများ ကိုယ်တော်အား ချီးမွမ်းကြ၏
၂
နေထွက်ရာမှ နေဝင်ရာအရပ်ထိ်
ဘုရား၏ဘုန်းတော် ကမ္ဘာလောကတစ်ခုလုံးတွင် ထွန်းလင်း
အနန္တတန်ခိုးရှင် ဘုရားသခင်ကို အသစ်သောသီချင်းကို်သာ သီဆိုရပါသည်
အနန္တတန်ခိုးရှင် ဘုရား၏အမှုတော်များသည််လွန်စွာ အံ့ဖွယ်ဖြစ်ပေသည်
နှုတ်ကပတ်တော်သည် လူကို လွှမ်းမိုးသိမ်းယူ၊ သူသည် ရန်သူအားလုံးကို အောင်နိုင်ခဲ့သည်
သူစီမံရွေးချယ်ထားသူအားလုံးကို ကယ်တင်ခဲ့သည်
သူတို့ကို ကောင်းကင်နှင့်မြေကြီးသစ်ထဲသို့ သူ ပို့ဆောင်တော်မူ
လူမျိုးအပေါင်းတို့ ဘုရား၏ဘုန်းတော်ကို မြင်ကြပြီ
ဘုရား၏နာမတော်ှ လှပတင့်တယ်လှပေစွ(လောကတစ်ခွင်လုံးမှာ)
လောကသားများ (အောင်မြင်ခြင်ဲ့ဖြင့်) ဘုရားသခင်ကို ကြွေးကြော်ကြလော့
ရန်သူအားလုံးကို အနိုင်ယူလျက် အောင်နိုင်သည့် ဘုရား
ဘုရားရှင်အတွက် သီချင်းဆိုလော့၊ ဉာဏ်ပညာတော်နှင့်ဘုန်းတန်ခိုးကို ချီးမွမ်းကြလော့
လူမျိုးအပေါင်းတို့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကိုးကွယ်ကြလော့
ကျွန်ုပ်တို့ အသံကျယ်လောက်စွာ အတူတကွ ကြွေးကြော်သီဆိုကြပါ၏
အစနှင့် အဆုံးဖြစ်တော်မူသော အနန္တတန်ခိုးရှင် ဘုရားသခင်
ဖန်ဆင်းခံသူများ ကိုယ်တော်အား ချီးမွမ်းကြ၏
၃
ဘုရားသခင် စာတန်ကို အနိုင်ယူခဲ့၊ ဘုန်းတော်အပြည့်အဝကို ရရှိခဲ့ပြီ
ခရစ်တော်နဲ့အတူ အောင်မြင်ခြင်းရရှိသော အောင်နိုင်သူအုပ်စုကို ရရှိခဲ့သည်
အနန္တတန်ခိုးရှင် ဘုရားရှင် ချီးမွမ်းဂုဏ်ပြုခြင်း ခံထိုက်ပေသည်
စာလိပ်ကို ဖြန့်၊ပိတ်ထားသောချိတ်ခုနှစ်ခုကို သူ ဖွင့်ခဲ့ပြီ
ကိုယ်တော်မိန့်မြွက်ခဲ့သော နှုတ်ကပတ်တော် မြေတစ်ပြင်လုံးတွင်ပျံ့နှံ့
ဘုရား၏ဖြောင့်မတ်ခြင်းဟာ ထိန်လင်းသည့် အလင်းပမာ ထွန်းလင်းတောက်ပ
နှုတ်ကပတ်တော်သည် တောက်လောင်နေသော မီးရူးကဲ့သို့ ထွန်းလင၏
လူမျိုးအပေါင်းတို့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကိုးကွယ်ကြလော့
ကျွန်ုပ်တို့ အသံကျယ်လောက်စွာ အတူတကွ ကြွေးကြော်သီဆိုကြပါ၏
အစနှင့် အဆုံးဖြစ်တော်မူသော အနန္တတန်ခိုးရှင် ဘုရားသခင်
ဖန်ဆင်းခံသူတို့ ကိုယ်တော်ရှင်အား အစဉ် ထာဝရ ချီးမွမ်းကြ၏