၆၀ ကျွန်ုပ်တို့သည် မျိုးဆက်များအားလုံးထဲ၌ မင်္ဂလာအရှိဆုံးဖြစ်သည်

၁ ယခင်က၊ ကျွန်ုပ်တို့သည် ထိန်းရကျောင်းရခက်ပြီး စိတ်လိုက်မာန်ပါ ပြုတတ်ကြသည်၊ ကျွန်ုပ်တို့ မိဘများ၏စကားများကို အရေးမထားဘဲ၊ လောကီ၏အလားအလာများနောက်သို့ လိုက်ခဲ့ကြသည်၊ ကျွန်ုပ်တို့သည် အွန်လိုင်းဂိမ်းများကို စွဲလမ်းသည်၊ ဖောက်ပြန်ပျက်စီးခြင်းအလယ်တွင် ကျွန်ုပ်တို့ ရှင်သန်ခဲ့သည်၊ ကျွန်ုပ်တို့သည် ဇိမ်ခံစရာများအတွက် လောဘကြီးပြီး မိမိတို့ကိုယ်ကိုယ် သာယာကာ၊ ဘဝပန်းတိုင် တစ်ခုမျှ မရှိခဲ့ကြပေ။ အမှန်ပင် ကျွန်ုပ်တို့သည် ယိုယွင်းပြီး အကျင့်ပျက်ကြသည်။ ဘုရားသခင်၏အသံတော်ကို ကျွန်ုပ်တို့ ကြားသည့်အခါ၊ သူ၏အိမ်တော်သို့ ကျွန်ုပ်တို့ ပြန်သွားခဲ့ပြီး၊ ထိုနေရာတွင် နေ့စဉ် သူ၏နှုတ်ကပတ်တော်များကို ကျွန်ုပ်တို့ စားသောက်ပြီး အသင်းတော်အသက်တာကို ဦးဆောင်သည်။ ကျွန်ုပ်တို့၏စကားများနှင့် လုပ်ရပ်တစ်ခုချင်းစီကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအရ ပြန်လည်ဆန်းစစ်ရင်း၊ စာတန်အားဖြင့် ကျွန်ုပ်တို့ ဖျက်ဆီးခံရခြင်းနှင့်သက်ဆိုင်သည့် သမ္မာတရားကို ကျွန်ုပ်တို့ မြင်ဖူးပေ။ ကျွန်ုပ်တို့သည် မကြာခဏ လိမ်ညာပြီး၊ လှည့်စားပေ၊ ပြီးလျှင် ကျွန်ုပ်တို့၏စိတ်နှလုံး နက်ရှိုင်းရာများတွင် ညစ်ညမ်းမှုများစွာ ပြည့်ပေ။ ကျွန်ုပ်တို့သည် မိမိတို့၏တာဝန်များကို ဝတ်ကျေတမ်းကျေ ဟန်ပန်တစ်ခုဖြင့် ထမ်းဆောင်ရုံမျှ ထမ်းဆောင်ကြသည်၊ ယင်းက ဘုရားသခင်ကို လိမ်ညာခြင်း နည်းလမ်းတစ်ခု အမှန်တကယ် ဖြစ်ပေ။ ကျွန်ုပ်တို့သည် မာနထောင်လွှားပြီး မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူသကဲ့သို့ ထင်ရာစိုင်းပြီး သာမန်အသိစိတ် လုံးလုံး မရှိပေ၊ ပြီးလျှင် ဘုရားသခင့်နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းကို ကြုံတွေ့ပြီးသည့်နောက်၊ ကျွန်ုပ်တို့သည် နောင်တဖြင့် အလွန်အမင်း ပြည့်နှက်ပေ။ ကျွန်ုပ်တို့သည် မိမိကိုယ်ကိုယ် မုန်းတီးပြီး ကျွန်ုပ်တို့၏ ဆိုးယုတ်သော စိတ်သဘောထားကို သာ၍ပင် မုန်းတီးသည်။ ကျွန်ုပ်တို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင် ရှေ့မှောက်တွင် ရှင်သန်ဖို့ စိတ်ပိုင်းဖြတ်ချက်ချသည်။ ဘုရားသခင်၏ သနားကရုဏာနှင့် ကျေးဇူးတော်တို့ကြောင့် ယနေ့ ကျွန်ုပ်တို့သည် အမှန်တကယ် နောင်တရဖို့ အခွင့်အလမ်းရရှိသည်၊ ပြီးလျှင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် ကျွန်ုပ်တို့သည် စာတန်၏ စွမ်းအားမှ လွတ်မြောက်ပြီးဖြစ်သည်။

၂ ကျွန်ုပ်တို့သည် အသင်းတော်၌ စုဝေးပြီး ကျွန်ုပ်တို့နှင့် သက်ဆိုင်သည့် တာဝန်များကို တစ်ဦးချင်း ထမ်းဆောင်ကြသည်။ ပြဿနာများနှင့် အခက်အခဲများကို ကြုံတွေ့သည့်အခါ၊ ကျွန်ုပ်တို့က ဘုရားသခင်ကို ကိုးစားပြီး ယင်းတို့ကို ဘုရားသခင်အား ယုံကြည်စွာ ပေးအပ်သည်။ ကျွန်ုပ်တို့ ပူးပေါင်းပုံ၊ ဆုတောင်းပုံနှင့် မိမိကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ပုံတို့၌ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နိုင်သော်လည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအလယ်တွင် ကျွန်ုပ်တို့၏ အဟန့်အတားများနှင့် နားလည်မှုလွဲခြင်းများ ပျောက်ကွယ်ပေ။ ကျွန်ုပ်တို့သည် စမ်းသပ်မှုများနှင့် အတိဒုက္ခများကို ကြုံတွေ့သည့်အခါ၊ ဇာတိပကတိ၌ ကျွန်ုပ်တို့၏ အားနည်းချက်များ ရှိသော်လည်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို စားသောက်ဖို့နှင့် သူ၏အလိုတော်ကို နားလည်ဖို့ သူ့ရှေ့မှောက်သို့ တိတ်ဆိတ်စွာ လာကြသည်။ ဘုရားသခင်က သူ၏နိုင်ငံတော်၏လူများကို စုံလင်စေနိုင်ဖို့အလို့ငှာ၊ အဆင်းနီသော နဂါးကြီးအား အစေခံမှု ပြုစေသည်။ ဘုရားသခင်ပေါ် ကိုးစားရင်း၊ ကျွန်ုပ်တို့၏ သက်သေခံချက်တွင် ကျွန်ုပ်တို့ ခိုင်မာစွာ ရပ်တည်ပြီး သူ၏ ဖြောင့်မတ်ခြင်းနှင့် အနန္တတန်ခိုးတို့အတွက် သူ့ကို ချီးမွမ်းပေ။ ဘုရားသခင်၏ရှေ့မှောက်သို့ ချီမခြင်းခံရသည့် ကျွန်ုပ်တို့သည် မျိုးဆက်များအားလုံးထဲ၌ မင်္ဂလာအရှိဆုံးဖြစ်သည်။ သူ၏တရားစီရင်ခြင်း နှုတ်ကပတ်တော်များကို တွေ့ကြုံခံစားခြင်း၌ ကျွန်ုပ်တို့၏ဖောက်ပြန်ပျက်စီးခြင်းသည် သန့်စင်ခြင်းခံကြရသည်။ ကျွန်ုပ်တို့သည် မာနထောင်လွှားခြင်းနှင့် ထိန်းမနိုင်သိမ်းမရဖြစ်ခြင်း သာ၍ နည်းပါးလာပြီး၊ လှည့်စားတတ်ခြင်းနှင့် အယောင်ဆောင်ခြင်း သာ၍နည်းလာသည်။ ယခုအခါတွင် ကျွန်ုပ်တို့သည် သမ္မာတရားကို ကျိုးနွံနာခံဖို့နှင့် အသစ်သော လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ဖို့ သင်ယူပြီးဖြစ်သည်။ ဟား။ ကျွန်ုပ်တို့သည် ခရစ်တော်နောက်ကို လိုက်နိုင်ပြီး သမ္မာတရားများစွာကို နားလည်နိုင်သည်မှာ ကျွန်ုပ်တို့ မင်္ဂလာရှိလိုက်လေခြင်း။ ကျွန်ုပ်တို့သည် ရိုးသားသူများဖြစ်ခြင်းကို လက်တွေ့လုပ်ဆောင်မည်ဖြစ်ပြီး ကျွန်ုပ်တို့၏ တာဝန်များကို သစ္စာရှိစွာ ထမ်းဆောင်မည်။ တစ်စိတ်တစ်ဝမ်းတည်းဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်ကို သက်သေခံပြီး သူ၏အလိုတော်ကို ဖြည့်ဆည်းမည်။

အရှေ့သို့- ၅၉ သမ္မာတရားကို လက်ခံခြင်းမှာ ပညာသတိရှိသော သတို့သမီးများဖြစ်ခြင်းပင်

နောက်တစ်ခုသို့- ၆၁ ဘုရားချစ်ခြင်းမေတ္တာ၏ အားပေးမှု

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၃၃၀ သင့်အပေါ် ဘုရားရဲ့မျှော်လင့်ချက် သိပြီလား

၁ အဆုံးမဲ့ဒီကမ္ဘာကြီးထဲ ဘယ်သူ့ကို ဘုရားဆန်းစစ်ခဲ့လဲဝိညာဉ်တော်ဘုရားရဲ့စကားများ ကိုယ်တိုင်ဘယ်သူကြားဖူးလဲများစွာသောလူတို့ အမှောင်ထုထဲကို...

၁၄ ဘုရားသခင်သည် အရှေ့ရပ်၌ဘုန်းတော်နဲ့ ထင်ရှား

၁ စကြဝဠာတစ်ခုလုံး ၌ ဘုရားသခင် အမူတော် ဆောင်ရွက်နေ အရှေ့ဘက်က မိုးခြိမ်းသံများ မရပ် ဂိုဏ်းအယူဝါဒ အသင်းခွဲအားလုံး တုန်လှုပ်စေသူတို့အားလုံးကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။