၉ အနန္တတန်ခိုးရှင်ဘုရားသခင်သည် ဘုန်းပလ္လင်ပေါ်၌ထိုင်တော်မူပြီ

၁ အောင်ပွဲခံသော ရှင်ဘုရင်သည် ဘုန်းအသရေနှင့်ပြည့်သော သူ၏ပလ္လင်ပေါ်၌ ထိုင်လေ၏။ သူသည် ရွေးနုတ်ခြင်းကို ပြီးမြောက်ပြီးဖြစ်ကာ၊ သူ၏လူအပေါင်းကို ဘုန်းအသရေဖြင့် ပေါ်ထွန်းဖို့ ဦးဆောင်ပြီးလေပြီ။ သူသည် စကြဝဠာကို သူ၏လက်ထဲ၌ ထိန်းချုပ်ထားကာ၊ သူ၏ဘုရားသဘောသဘာဝ ဉာဏ်ပညာနှင့် ခွန်အားဖြင့် ဇိအုန်ကို တည်ဆောက်ကာ ခိုင်ခံ့စေလေပြီ။ သူ၏ဘုန်းအာနုဘော်ဖြင့် ဆိုးယုတ်သော လောကကြီးကို တရားစီရင်၏၊ သူသည် တိုင်းနိုင်ငံများအားလုံးနှင့် လူအပေါင်း၊ ကမ္ဘာမြေကြီး၊ ပင်လယ်များနှင့် ၎င်းတို့ထဲရှိ သက်ရှိအရာအားလုံးအပြင်၊ မတရားသောမေထုန်၏ စပျစ်ရည်ဖြင့် ယစ်မူးကြသူများကို တရားစီရင်ပြီးလေပြီ။ ဘုရားသခင်သည် ၎င်းတို့ကို ဧကန်မုချ တရားစီရင်လိမ့်မည်ဖြစ်ပြီး။

၂ ဘုရားသခင်သည် ၎င်းတို့ကို မုချအမျက်ထွက်မည်ဖြစ်ကာ၊ ယင်း၌ သူ၏ တရားစီရင်ခြင်းသည် ချက်ချင်းပင်ဖြစ်ကာ၊ နှောင့်နှေးခြင်း အလျှင်းမရှိသည့် ဘုရားသခင်၏ ဘုန်းအာနုဘော်အား ထုတ်ဖော်ပြလိမ့်မည်။ ဘုရားသခင်၏ အမျက်ဒေါသမီးသည် ၎င်းတို့၏ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ပြစ်မှုများကို ဧကန်မုချ မီးရှို့ဖျက်ဆီးမည်ဖြစ်ပြီး၊ ကပ်ဘေးသည် ၎င်းတို့အပေါ် အချိန်မရွေး ကျရောက်လေမည်။ ၎င်းတို့သည် လွတ်မြောက်ရန် လမ်းကို သိကြမည်မဟုတ်ဘဲ၊ ပုန်းအောင်းစရာ နေရာမရှိ ဖြစ်ကြမည်၊ ၎င်းတို့သည် ငိုကြွေးကာ အံသွားခဲကြိတ်ကြလေမည်ဖြစ်ပြီး၊ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်အပေါ်သို့ ပျက်စီးခြင်းကို ကျရောက်စေကြလိမ့်မည်။ ဘုရားသခင်၏ အောင်ပွဲခံသော ချစ်သားများသည် ဇိအုန်၌ မုချနေထိုင်ကြမည်ဖြစ်လိမ့်မည်၊ ထိုနေရာမှ မည်သည့်အခါမျှ ထွက်ခွာကြ မည်မဟုတ်။ မြောက်မြားစွာသော လူတို့သည် သူ၏အသံတော်ကို စေ့စေ့နားထောင်ကြလိမ့်မည်၊ ၎င်းတို့သည် သူ၏ လုပ်ဆောင်ချက်များကို အသေအချာ အလေးဂရုပြုကြလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ ချီးမွမ်းခြင်း အသံများသည် မည်သည့်အခါတွင်မျှ ရပ်စဲမည်မဟုတ်ပေ။ စစ်မှန်သည့် တစ်ပါးတည်းသော ဘုရားသခင်သည် ပေါ်ထွန်းလေပြီ။ ကမ္ဘာလောက၏ အဆုံးသတ်သည် ငါတို့ရှေ့၌ ဖွင့်ဟလျက်ရှိ၏။ နောက်ဆုံးသောကာလ၏ တရားစီရင်ခြင်းသည် စတင်ခဲ့ပြီးဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၃)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၈ အနန္တတန်ခိုးရှင် ဘုရင်အဖြစ် စိုးစံတော်မူပြီကျူး

နောက်တစ်ခုသို့- ၁၀ ဘုရားရဲ့နိုင်ငံတော် မြေကြီးပေါ်တွင် ပေါ်ထွန်းပြီ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၂၄၆ နောက်ထပ် လူပေါင်းများစွာ ကယ်တင်ခြင်းရဖို့ ဘုရားသခင် အလိုရှိတယ်

၁ ဘုရားရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်ကို ကြုံရစဉ်အရေးကြီးတဲ့ ထိုနှုတ်ကပတ်တော်ကို ကိုင်းရှိုင်းတဲ့နှလုံးသားနဲ့ တိုးဝင်ကာ၊စေ့စေ့လေ့လာဖို့...

၂၅၆ အရာခပ်သိမ်းကို ဘုရားဘယ်လိုအုပ်စိုးကြောင်း

၁ ဤလောကထဲသို့ ငိုကြွေးခြင်းနှင့် သင်ရောက်လာသင်လုပ်ငန်းတို့ကိုစတင်လုပ်ဆောင်ဘုရားရဲ့ဘိသိက်ပေးခြင်းနှင့် အကြံတော် ကိုယ့်တာဝန်ကိုယ်ယူသင့်ဘဝခရီး...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။