၁၃၂ ဘုရား၏အမှုနှင့် နှုတ်ကပတ်တော်များက လူအတွက် ယူဆောင်လာသည်မှာ အသက်ပင်တည်း

ဟောင်းသောအရာ ဘုရားမဖက်တွယ်၊

သွားနေကျလမ်း သူမလျှောက်

အမှုတော်နှင့် နှုတ်ကပတ်တော်၌ တားမြစ်ထားခြင်းမရှိ

ဘုရား၌ ချုပ်ချယ်ခြင်း ဘောင်ခတ်ခြင်းမရှိ အားလုံးလွတ်လပ်

လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်း လူတို့ထံသူယူဆောင်

သူသည် အသက်ရှင်သောဘုရားသခင်

အမှန်တကယ်ရှိသောဘုရား။

ရုပ်သေးရုပ်မဟုတ်၊ ရုပ်တုလည်းမဟုတ်

သူအသက်ရှင်၊ အားမာန်ပြည့် နှုတ်ကပတ်နှင့် အမှုတော်သည်

အသက်၊ အလင်းဆောင်ယူ။ လူတို့ကို လွတ်မြောက်စေ။

သူ့နှုတ်ကပတ်တော်နှင့် အမှုတော်၌ သမ္မာတရား၊

အသက်၊ လမ်းခရီး သူစွဲကိုင်လို့ သူသည် အကန့်သတ်မခံရ

သူ့နှုတ်ကပတ်တော်နှင့် အမှုတော်၌ သမ္မာတရား၊

အသက်၊ လမ်းခရီး သူစွဲကိုင်လို့ သူသည် အကန့်သတ်မခံရ။


သူ့အမှုအားလုံး လူတို့ ဘယ်လိုမြင်ပါစေ၊ ဘယ်လိုပဲပြောပါစေ

သူ ဒွိဟမဖြစ်ဘဲ သူ့အမှုကို သူဆက်လုပ်နေမည်

လူတွေရဲ့လက်ညိုးထိုးခြင်းနှင့် အယူအဆအပေါ် သူမစိုးရိမ်

သူတို့ရဲ့ဆန့်ကျင်ခြင်းသည် သူ့ကိုမရပ်တန့်စေ

လူတွေရဲ့ အကြောင်းပြချက်၊

စိတ်ကူး၊ ပညာ၊ ကိုယ်ကျင့်တရားတို့ဖြင့်

ဘုရားပြုသောအမှုကို တိုင်းတာ၊ အဓိပ္ပာယ်ဖွင့်ဆိုလို့မရ

ဘယ်ဖန်ဆင်းခံသတ္တဝါမှ သူ့ရဲ့အလုပ်ကို

နှောင့်ယှက်၊ ဖျက်ဆီးလို့မရနိုင်ဘူး။


ဘယ်အရာ၊ ဘယ်သူမှ သူ့အမှုအားမတားဆီးနိုင်ဘူး

ဘယ်အရာ၊ ဘယ်သူမှလည်း ကန့်သတ်ထိန်းချုပ်နိုင်မည်မဟုတ်။

မည်သည့်ရန်သူမှ နှောင့်ယှက်လိမ့်မည်မဟုတ်

သူ့အမှုသစ်၌ သူသည် အစဥ်အောင်မြင်သော ဘုရင်တစ်ပါး

ဘယ်ရန်သူမဆို၊ လူသားရဲ့ မိစ္ဆာအယူအားလုံး

သူ၏ခြေတော်ရင်း၌ နင်းချေခြင်းခံ

သူ့အမှုတော်၏ ဘယ်အဆင့်ကို သူဆောင်ရွက်နေပါစေ

လူတို့ရဲ့အကြားထဲ တည်ဆောက်ကာ ချဲ့ထွင်ကြရမည်

စကြဝဠာတစ်လျှောက် သူ၏ကြီးမားတဲ့အမှု ပြည့်စုံသည်တိုင်အောင်

အတားအဆီးမရှိ သူ့အမှုကို ဆောင်ရွက်ရမည်။

ဒါ ဘုရားသခင်၏ သြဇာအာဏာတော်နှင့်

အနန္တတန်ခိုးတော်၊ သူ၏ဉာဏ်ပညာတော်တန်ခိုး။

သူ့အမှု၌ နည်းဥပဒေသရှိ၏ သို့သော် အတားအဆီးမရှိ

အဘယ်ကြောင့်ဆိုသော် ဘုရားကိုယ်တိုင်သည်

သမ္မာတရား၊ အသက်နှင့် လမ်းခရီး။


“နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၁၃၁ ခေတ်သစ်တွင် အမှုသစ်ကို ဘုရားသခင်ယူဆောင်လာ၏

နောက်တစ်ခုသို့- ၁၃၃ ဘုရားသခင်သည် ခေတ်ကာလ တိုင်း၌ အမှုသစ်ကိုပြုသည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၃၈၄ ဘုရားကိုယုံကြည်ခြင်းရဲ့ စင်စစ်အဓိပ္ပာယ်

၁ များစွာသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာကို ဆိုလိုကြောင်းနှင့် ဘုရားသခင်၏ အလိုနှင့်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။