၉၆၃ မည်သည့်ပြစ်မှုကိုမျှ ဘုရားမသည်းခံကျူး

၁ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို နားလည်ဖို့ လူတစ်ဦးသည် ဘုရားသခင်၏ ခံစားချက်များကို ဦးစွာနားလည်ရမည်- ကိုယ်တော် မည်သည်ကိုမုန်းသည်၊ ကိုယ်တော် မည်သည်ကိုရွံရှာသည်၊ ကိုယ်တော် မည်သည်ကိုချစ်သည်၊ ကိုယ်တော် မည်သူ့ကိုသည်းခံပြီး သနားကြင်နာသည်၊ ထို့ပြင် ကိုယ်တော်သည် မည်သို့သော လူမျိုးအပေါ် သနားကြင်နာမှုကို ပေးအပ်သည် စသည်တို့ဖြစ်သည်။ ဤသည်မှာ အရေးကြီးသည့်အချက်တစ်ခု ဖြစ်သည်။ လူတစ်ဦးသည် ဘုရားသခင်က မည်မျှလောက်ချစ်ပါစေ၊ သူက လူတို့အတွက် ကရုဏာနှင့် ချစ်ခြင်းမေတ္တာ မည်မျှလောက်ရှိပါစေ ဘုရားသခင်သည် သူ၏ အဆင့်အတန်းနှင့် အနေအထားကို စော်ကားသော မည်သူ့ကိုမျှ သည်းမခံသည်သာမက၊ သူ၏ဂုဏ်သိက္ခာကို စော်ကားသော မည်သူ့ကိုမှလည်း သည်းမခံသည်ကို နားလည်ထားရမည်။ ဘုရားသခင်သည် လူတို့ကို ချစ်သော်လည်း လူတို့ကို သူ အလိုမလိုက်ပါ။ သူသည် လူတို့ကို သူ၏အချစ်၊ သူ၏ကရုဏာနှင့် သူ၏သည်းခံခြင်းကို ပေးသော်လည်း၊ သူသည် သူတို့ကို ဘယ်သောအခါမျှ ဖူးဖူးမှုတ်မထားပါ။ ဘုရားသခင်၌ သူ၏ နည်းဥပဒေသများနှင့် သူ၏ ကန့်သတ်ချက်များ ရှိသည်။

၂ ဘုရားသခင်၏ အချစ်ကို သင် မည်မျှ ခံစားရပြီးပါစေ၊ ထိုအချစ်က မည်မျှ နက်ရှိုင်းနေပါစေ၊ သင်သည် ဘုရားသခင်ကို အခြားလူတစ်ယောက်အား ဆက်ဆံသကဲ့သို့ လုံးဝမဆက်ဆံရပါ။ ဘုရားသခင်က လူတို့ကို အဆုံးစွန်ရင်းနှီးမှုဖြင့် ဆက်ဆံသည်မှာ မှန်သော်လည်း အကယ်၍ လူတစ်ယောက်သည် ဘုရားသခင်ကို တစ်ခြားလူတစ်ယောက်ကဲ့သို့ပင်၊ သူသည် အခြားဖန်ဆင်းခံ သက်ရှိကဲ့သို့ပင်၊ သူငယ်ချင်းတစ်ယောက်သဖွယ် သို့မဟုတ် ကိုးကွယ်ခံအရာဝတ္ထုတစ်ခုကဲ့သို့ သဘောထားမိလျှင် ဘုရားသခင်သည် သူ၏မျက်နှာကို ဖုံးကွယ်ထားပြီး ထိုလူများကို စွန့်ပစ်ထားလိမ့်မည်။ ဤသည်မှာ သူ၏ စိတ်သဘောထားဖြစ်ပြီး၊ လူတို့သည် ဤအကြောင်းကိစ္စကို ပေါ့ပေါ့တန်တန် မှတ်ယူ၍ မဖြစ်ပေ။

၃ ငါတို့သည် ဘုရားသခင်၏ စိတ်သဘောထား နှင့်ပတ်သက်၍ သူမိန့်ဆိုသည့် ဤကဲ့သို့သော နှုတ်ကပတ်တော်များကို တွေ့ရလေ့ရှိသည်- သင်သည် လမ်းများ မည်မျှကို ခရီးပြုပြီးပါစေ၊ သင် အလုပ်မည်မျှကို ပြုလုပ်ပြီးပါစေ သို့မဟုတ် ဒုက္ခမည်မျှကို ကြံ့ကြံ့ခံပြီးပါစေ ဘုရားသခင်၏ စိတ်သဘောထားကို သင်စော်ကားမိသည်နှင့် ဘုရားသခင်သည် သင်တို့တစ်ဦးချင်းအား သင်ပြုလုပ်ထားသည့် အရာကို အခြေခံ၍ ပြန်ပေးဆပ်လိမ့်မည်။ လူတို့က ဘုရားသခင်ကို စော်ကားမိသည့်အခါ ယင်းက အဖြစ်အပျက်တစ်ခု သို့မဟုတ် သူတို့ပြောသည့် အရာတစ်ခုကြောင့် ဖြစ်ကောင်း ဖြစ်မည်မဟုတ်ဘဲ သူတို့၏ ကိုင်စွဲထားသည့် သဘောထားနှင့် သူတို့ရောက်နေသည့် အခြေအနေကြောင့်သာ ဖြစ်ကောင်းဖြစ်မည်။ ဤသည်မှာ အလွန် ကြောက်စရာကောင်းသော အရာဖြစ်သည်။ ထို့ကြောင့် သင်သည် ဘုရားသခင်က လူတို့ကို မည်ကဲ့သို့ ဆက်ဆံပါစေ သို့မဟုတ် သူက လူတို့ကို မည်ကဲ့သို့ စဉ်းစားပါစေ ဘုရားသခင်၏ အနေအထား၊ အခွင့်အာဏာနှင့် အဆင့်အတန်းက ဘယ်သောအခါမျှ မပြောင်းသည်ကို သင်မေ့၍မရပါ။ လူသားမျိုးနွယ် အတွက် ဘုရားသခင်သည် အစဉ်အမြဲပင် အရာခပ်သိမ်းတို့၏ သခင်ဖြစ်ပြီး ဖန်ဆင်းရှင်လည်းဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၇)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၉၆၂ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားက မည်သည့် ပုန်ကန်ပြစ်မှားမှုကိုမျှ သည်းမခံ

နောက်တစ်ခုသို့- ၉၆၄ ဘုရားသခင် ပြုတော်မူသမျှသည် ဖြောင့်မတ်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၈၉၉ ဘုရားသခင်ရဲ့လူသားကို ကယ်တင်လိုသော ရည်ရွယ်ချက်က ပြောင်းလဲမည် မဟုတ်

၁ လူတို့သည် ဘုရားသခင်၏ အမျိုးမျိုးသော စိတ်သဘောထားများ၊ ဘုရားသခင်၏အရာအားလုံးနှင့်ဖြစ်ခြင်း သွင်ပြင် လက္ခဏာရပ်များနှင့် ဘုရားသခင်ပြုသော...

၄၀၀ ယုံကြည်သူတို့ လိုက်လံ သင့်သည့် လမ်းစဉ်

၁ သင် ယခု မည်သည့်အရာကို မီအောင်လိုက်သင့်သနည်း။ သင်သည် ဘုရားသခင်၏ အမှုကို သက်သေခံနိုင်စွမ်းရှိမရှိ၊ သင်သည် ဘုရားသခင်၏ သက်သေခံချက်တစ်ခုနှင့်...

၁၀၂၀ ဘုရား၏လူအားလုံး စိတ်ခံစားချက်တို့ကို ရင်ဖွင့်

၁အရာခပ်သိမ်းကို ဘုရားသခင် အုပ်စိုးသောနေရာ ဘုရား၏နိုင်ငံတော်ကို မျှော်ကြည့်ပါ ဖန်ဆင်းခြင်းစတင်ခဲ့ချိန်မှ ယခုနေ့ရက်တိုင်၊ ဘုရား လမ်းပြခဲ့သော...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။