၅၃၀ ဘုရားအရွံရှာဆုံးသောအရာမှာ လူ၏ စိတ်နှလုံးခိုင်မာခြင်းနှင့် ခွေးမြီးကောက် ကျည်တောက်စွပ်သဘောတို့ပင်တည်းကျူး
၁ လူသား၏ သဘာဝမှာ မပြောင်းမလဲ ရှိနေသည်။ ၎င်းတို့၏ နှလုံးသားများထဲ၌ရှိသော အရာသည် ငါ၏ အလိုနှင့် အညီ မဟုတ်- ယင်းသည် ငါလိုအပ်သော အရာမဟုတ်။ ငါအစက်ဆုပ်ဆုံးသော အရာမှာ လူသား၏ ခေါင်းမာခြင်းနှင့် ပြုပြင်မရခြင်းတို့ ဖြစ်သည်၊ သို့သော် လူသားမျိုးနွယ်ကို ငါ့အား မသိရှိမြဲမသိရှိဖို့၊ ငါ့ကို ခပ်တန်းတန်း ဆက်ဆံမြဲဆက်ဆံဖို့နှင့် ငါ၏ရှေ့မှောက်၌ ငါ့အလိုတော်နှင့်အညီ လုံးဝ မဆောင်ရွက်ဘဲ၊ ထို့ထက် ငါ၏ နောက်ကွယ်တွင် ငါ့ကို ဆန့်ကျင်စေရန် ဆွပေးသော အင်အားစုမှာ အဘယ်အရာနည်း။ ဤသည်မှာ ၎င်းတို့၏ သစ္စာစောင့်သိခြင်းလော။ ဤသည်မှာ ငါ့အတွက် ၎င်းတို့၏ ချစ်ခြင်း မေတ္တာလော။ အဘယ်ကြောင့် ၎င်းတို့သည် နောင်တရပြီး၊ တစ်ဖန် မမွေးဖွား နိုင်ကြသနည်း။ အဘယ်ကြောင့် လူတို့သည် ရွှံ့နှင့် ကင်းလွတ်ရာ နေရာအစား ရွှံ့ညွှန်တွင် အစဉ်ထာဝရ အသက်ရှင်ရန် လိုလား နေကြသနည်း။ ငါသည် ၎င်းတို့ကို နှိပ်စက်ပြီးဖြစ်သောကြောင့် ဖြစ်နိုင်မည်လော။ ငါသည် ၎င်းတို့ကို မှားယွင်းသော လမ်းကြောင်းဖြင့် လမ်းညွှန်ပြပြီးသောကြောင့် ဖြစ်နိုင်မည်လော။ ငါသည် ၎င်းတို့ကို ငရဲသို့ ဦးဆောင်နေ၍များ ဖြစ်နိုင်မည်လော။
၂ အယောက်တိုင်းသည် “ငရဲ” တွင် နေထိုင်ရန် လိုလားနေကြသည်။ ၎င်းတို့အထဲက အရာရာတိုင်းသည် ငရဲမှ လာသည့်အတွက်၊ အလင်းရောက်လာသောအခါ၊ ၎င်းတို့၏ မျက်လုံးများသည် ချက်ချင်း ကန်းသွားကြသည်။ သို့သော် လူတို့သည် ဤအရာကို မသိနားမလည်ကြသကဲ့သို့၊ “ငရဲနှင့်ဆိုင်သော ဤကောင်းချီးမင်္ဂလာများ” ကိုသာ ပျော်မွေ့ကြလေသည်။ ၎င်းတို့သည် ထိုကောင်းချီးမင်္ဂလာများကို ရတနာများကဲ့သို့ ဖက်ပင်ဖက်ယမ်းထားကြသည်၊ ၎င်းတို့၏ “ဖြစ်တည်ခြင်း၏ အရင်းအမြစ်” မရှိဘဲ ဖြစ်သွားစေလျက်၊ ငါသည် ဤရတနာများအား လုယူသွားမည်ကို ထိတ်လန့်ကြလေသည်။ ၎င်းတို့သည် “မိမိတို့ကိုယ်ကိုယ် ဒုက္ခရောက်စေ” ရန် လိုလားခြင်း မရှိဘဲ၊ ထိုအစား “ကမ္ဘာမြေကြီးပေါ်၌ ပျော်ရွှင်ခြင်း” ကို ၎င်းတို့ မွေ့လျော်ခံစားနိုင်ဖို့အလို့ငှာ မိသားစုအတွင်းတွင် စိတ်သဘောထား ဖြစ်ခြင်းကို ထိန်းသိမ်းရန်သာ လိုလားနေကြသည့်အတွက်၊ လူတို့သည် ငါ့ကို ကြောက်ရွံ့ကြသည်၊ ယင်းမှာ ငါသည် ကမ္ဘာမြေသို့ ကြွလာချိန်တွင် ၎င်းတို့က ငါထံ တိုးဝင်ချဉ်းကပ်ရန် မုန်းတီးလျက် ငါနှင့်ဝေးရာတွင် နေကြသည့်အကြောင်းရင်း ဖြစ်သည်။
၃ ငါရောက်လာသည့် အခိုက်အတန့်မှစ၍၊ ငြိမ်သက်ခြင်းသည် ၎င်းတို့၏ အိမ်များမှ ပျောက်သွားလိမ့်မည်။ ငါသည် လူသား၏ မိသားစုကို မဆိုထားနှင့် တိုင်းနိုင်ငံအားလုံးကိုပင် မုန့်မုန့်ညက်ညက် ကြေအောင် ချေမှုန်းရန် ရည်ရွယ်ပေသည်။ မည်သူသည် ငါ၏လက်ထဲမှ လွတ်မြောက်နိုင်သနည်း။ ကောင်းချီးမင်္ဂလာများကို လက်ခံရရှိသော သူများသည် ၎င်းတို့၏ မလိုလားခြင်းကို အကြောင်းပြု၍ လွတ်မြောက်နိုင်သည်မှာ ဖြစ်နိုင်သလော။ ပြစ်တင်ဆုံးမခြင်းကို ခံစားရသော သူများသည် ၎င်းတို့၏ ကြောက်ရွံ့ခြင်းကို အကြောင်းပြု၍ ငါ၏ စာနာခြင်းကို ရယူနိုင်သည်မှာ ဖြစ်နိုင်ဖူးသလော။ ငါ၏ နှုတ်ကပတ်တော်များ အားလုံးတွင် လူတို့သည် ငါ၏ အလိုနှင့် ငါ၏ လုပ်ရပ်များကို တွေ့မြင်ကြပြီးဖြစ်သော်လည်း၊ မည်သူသည် ၎င်းတို့ ကိုယ်ပိုင် အတွေးများ၏ အယှက်အတင်များကို ချိုးဖောက်လွန်မြောက် နိုင်ဖူးသနည်း။ မည်သူသည် ငါ၏ နှုတ်ကပတ်တော်အတွင်း သို့မဟုတ် ပြင်ပမှ ထွက်ပေါက် တစ်ခုကို ရှာတွေ့နိုင်ဖူးသနည်း။
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၇)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်