၈၆၃ လူ့ဇာတိခံဘုရားသည် လူတို့အကြား ကြာမြင့်စွာ နေထိုင်ခဲ့၏ကျူး

၁ ဘုရားသခင်က လူ့ဇာတိခံယူပြီး လူသားမျိုးနွယ်အလယ် အချိန်ကြာမြင့်စွာ အသက်ရှင်ခဲ့ချိန်တွင်၊ လူတို့၏ အမျိုးမျိုးသော ဘဝနေမှုပုံစံများကို ကြုံတွေ့ခံစားကာ မျက်မြင် တွေ့ခဲ့ပြီးသည့်နောက်၊ သူတွေးခဲ့သည့်အရာမှာ ကောင်းမွန်သောဘဝကို မည်သို့ ရရှိရမည်၊ သို့မဟုတ် သာ၍ လွတ်လပ်စွာနှင့် သာ၍ သက်သောင့်သက်သာရှိစွာ မည်ကဲ့သို့နေထိုင်နိုင်ရမည် ဆိုသည်တို့ မဟုတ်ခဲ့ပေ။ ယင်းအစား စစ်မှန်သော လူသားဘဝနှင့်သက်ဆိုင်သည့် သူ၏ အတွေ့အကြုံများမှ ဖောက်ပြန်ပျက်စီးခြင်းအလယ် အသက်ရှင် နေခဲ့ကြသည့် လူတို့ မည်မျှ အကူအညီမဲ့နေသည်ကိုလည်း သူ ကြုံတွေ့ခဲ့ရပြီး၊ အပြစ်တရား၌ အသက်ရှင်သောသူ၊ စာတန်နှင့် ဆိုးယုတ်ခြင်းတို့အားဖြင့် ၎င်းတို့ ခံခဲ့ရသော ညှဉ်းဆဲမှုအလယ် ဦးတည်ချက်အားလုံး ပျောက်ဆုံးနေသည့် လူသားများ၏ အလွန်စိတ်ပျက်စရာကောင်းသော အခြေအနေများကို သူ မြင်ကာ တွေ့ကြုံခဲ့ရသည်။ သူမြင်ခဲ့သောအရာတိုင်းက လူ့ဇာတိ၌ သူ အသက်ရှင် ခဲ့သည့် ဤအချိန်အတောအတွင်းတွင် သူ ဆောင်ရွက်ခဲ့ပြီး ဖြစ်သည့် အမှု၏ အရေးကြီးမှုနှင့် လိုအပ်မှုကို သူ့အား ခံစားစေခဲ့သည်။

၂ ဤဖြစ်စဉ် အတောအတွင်းတွင်၊ သခင်ယေရှုသည် သူလုပ်ဆောင်ဖို့ လိုအပ်သည့်အမှုနှင့် သူ့ကို တာဝန်ပေး စေခိုင်းထားသော အရာကို ပို၍ပို၍ ရှင်းရှင်းလင်းလင်း စတင်နားလည်ခဲ့သည််။ လူသားမျိုးနွယ်အားလုံး၏ အပြစ်များကို ဆောင်ယူရန်၊ အပြစ်တွင် ၎င်းတို့ အသက်မရှင်ကြတော့ရန်နှင့် တစ်ချိန်တည်းတွင် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းနှင့် ဆိုင်သည့် သူ၏အမှုကို နောက်ထပ် ဆက်လက် လုပ်ဆောင်ခွင့်ပေးရင်း၊ အပြစ်ဖြေရာယဇ်ကြောင့် ဘုရားသခင်က လူသား၏ အပြစ်များကို ခွင့်လွှတ်နိုင်ရန်အလို့ငှာ လူသားမျိုးနွယ်အတွက် အပြစ်ဖြေဖို့- ဖြစ်သည့် သူလက်ခံရမည့် အမှုတော်ကို ပြည့်စုံစေဖို့ သူသည် တိုး၍တိုး၍ စိတ်ထက်သန်လာခဲ့သည်။ သခင်ယေရှု၏ နှလုံးသားထဲ၌ သူသည် လူသားမျိုးနွယ်အတွက် သူ့ကိုယ်သူ ပူဇော်ရန်၊ သူ့ကိုယ်သူ ယဇ်ပူဇော်ရန် လိုလားနေခဲ့သည်။ သူသည် အပြစ်ဖြေရာယဇ်အဖြစ် ပြုမူရန်၊ လက်ဝါးကားတိုင်တွင် သံမှိုရိုက်ခံရရန်လည်း သူ လိုလားနေခဲ့သည်။ သူသည် လူ့ဘဝ၏ စိတ်ဆင်းရဲဖွယ် အခြေအနေများကို မြင်ခဲ့ချိန်တွင်၊ သူသည် သူ၏ စေခိုင်းချက်တာဝန်ကို တစ်မိနစ် သို့မဟုတ် တစ်စက္ကန့်မျှပင် မနှောင့်နှေးဘဲ တတ်နိုင်သမျှ အမြန်ဆုံး ဖြည့်ဆည်းရန် သာ၍ပင် လိုချင်ခဲ့သည်။

၃ ထိုသို့ အလောတကြီး ခံစားရလျက်၊ သူ၏ ကိုယ်ပိုင်နာကျင်မှုက မည်မျှ ကြီးမားမည်ဆိုသည်ကို သူ မတွေးခဲ့သကဲ့သို့၊ အရှက်ရခြင်းမည်မျှ သူတောင့်ခံရမည့် အကြောင်းကို နောက်ထပ် မည်သည့် စိုးရိမ်ကြောင့်ကြမှုမျှ သိုမထားခဲ့ပေ။ သူ၏ စိတ်နှလုံးထဲတွင် ထင်မြင်ယူဆချက် တစ်ခုသာ ကိုင်စွဲခဲ့သည်။ သူ့ကိုယ်သူ ပေးဆပ်သရွေ့၊ အပြစ်ဖြေရာယဇ်တစ်ခုအနေနှင့် သူသည် ကားတိုင်တွင် သံမှိုအရိုက်ခံခဲ့ရသရွေ့၊ ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်မည် ဖြစ်ပြီး အမှုတော်သစ်ကို ဘုရားသခင် စတင်နိုင်မည်ဖြစ်သည်။ လူသားမျိုးနွယ်၏ ဘဝနှင့် အပြစ်ထဲ၌ရှိသော ၎င်းတို့၏ တည်ရှိမှုအခြေအနေသည် လုံးဝ ပြောင်းလဲသွားခဲ့သည်။ သူ၏ ထင်မြင်ယူဆချက်နှင့် လုပ်ဆောင်ရန် သူ စိတ်ပိုင်းဖြတ်ထားခဲ့သောအရာသည် လူသားကို ကယ်တင်ခြင်းနှင့် ဆက်စပ်ခဲ့ပြီး၊ သူသည် ရည်မှန်းချက်တစ်ခုသာရှိခဲ့သည်၊ ယင်းမှာ ဘုရားသခင်က သူ၏ အမှုနှင့် သက်ဆိုင်သည့် နောက်တစ်ဆင့်ကို အောင်မြင်စွာ စတင်နိုင်ဖို့အလို့ငှာ ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်ဖို့ဖြစ်သည်။ ဤသည်မှာ ထိုအချိန်က သခင်ယေရှု၏ စိတ်ထဲတွင် ရှိခဲ့သော အရာ ဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၈၆၂ ချစ်စရာအကောင်းဆုံး လူ့ဇာတိခံယူသောဘုရား

နောက်တစ်ခုသို့- ၈၆၄ ဘုရားခံစားခဲ့သည့် ကြီးသောဝေဒနာမှာ အဘယ်နည်းကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၈၈၉ ဘုရားသခင် လူသားကို ကယ်တင် လို့သူလုံးဝ ကယ်တင်မယ်

၁ဘုရား လူသားကို ဖန်ဆင်းလို့ သူ ဦးဆောင်လမ်းပြကာ လူတွေကို ကယ်တင်လို့ သူ့ကို လုံးဝကယ်တင် ရရှိမယ် ဘုရား ဦးဆောင်လို့ လူသားတို့ပန်းတိုင်မှန်ကို...

၂၅၆ အရာခပ်သိမ်းကို ဘုရားဘယ်လိုအုပ်စိုးကြောင်း

၁ ဤလောကထဲသို့ ငိုကြွေးခြင်းနှင့် သင်ရောက်လာသင်လုပ်ငန်းတို့ကိုစတင်လုပ်ဆောင်ဘုရားရဲ့ဘိသိက်ပေးခြင်းနှင့် အကြံတော် ကိုယ့်တာဝန်ကိုယ်ယူသင့်ဘဝခရီး...

၃၃၀ သင့်အပေါ် ဘုရားရဲ့မျှော်လင့်ချက် သိပြီလား

၁ အဆုံးမဲ့ဒီကမ္ဘာကြီးထဲ ဘယ်သူ့ကို ဘုရားဆန်းစစ်ခဲ့လဲဝိညာဉ်တော်ဘုရားရဲ့စကားများ ကိုယ်တိုင်ဘယ်သူကြားဖူးလဲများစွာသောလူတို့ အမှောင်ထုထဲကို...

၆၅၉ ဆင်းရဲဒုက္ခရောက်ချိန် ခံနိုင်ရည်ရှိသူများသာ အောင်နိုင်သူများဖြစ်သည်

၁နိုင်ငံတော်ခေတ်တွင်လူသားမျိုးနွယ် တွေ ကို ပြီးပြည့်စုံစေမည်။နိုင်ငံတော်ခေတ်တွင် လုံးဝပြီးပြည့်စုံစေမည်။ရယူခြင်းအလုပ် တွေ ပြီးသည့်အခါသူတို့...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။