၈၆၅ လူသားမျိုးနွယ်၏ ဆိုးယုတ်မှုနှင့် ဖောက်ပြန်မှုကြောင့် ဘုရားဝမ်းနည်းကြေကွဲ၏ကျူး
၁ ဘုရားသခင်သည် သာမန်၊ ပုံမှန်လူတစ်ဦးအဖြစ်သို့ ပြောင်းရင်း၊ လူသားမျိုးနွယ်အလယ် လူတို့နှင့်အတူ ဘေးချင်းယှဉ် အသက်ရှင်ရင်း၊ လူ့ဇာတိခံယူချိန်တွင်၊ အသက်ရှင်ခြင်းအတွက် လူတို့၏ နည်းလမ်းများ၊ ဥပဒေများနှင့် အတွေးအခေါ်များကို သူ မြင်ရသကဲ့သို့ ခံစားရသည်။ အသက်ရှင်ခြင်းအတွက် လူသားမျိုးနွယ်၏ နည်းလမ်းများ၊ ဥပဒေများစသဖြင့်- ဤအရာအားလုံးသည် စာတန်၏ ဆင်ခြင်တွေးခေါ်မှုစနစ်၊ အသိပညာနှင့် အတွေးအခေါ်တို့အရ ဖန်တီးထားပေသည်။ ဤဥပဒေ အမျိုးအစားများ အောက်တွင် အသက်ရှင်နေထိုင်သော လူသားတို့သည် လူ့သဘာဝမရှိ၊ သမ္မာတရားမရှိကြပေ- ၎င်းတို့အားလုံးသည် သမ္မာတရားကို ဖီဆန်ကြပြီး ဘုရားသခင်ကို ရန်လိုကြသည်။ ဘုရားသခင်၏ အနှစ်သာရသည် စာတန်၏ ဆင်ခြင်တွေးခေါ်မှုစနစ်၊ အသိပညာ၊ အတွေးအခေါ်တို့နှင့် အတိအကျ ဆန့်ကျင်ဘက်ဖြစ်နေသည်ကို တွေ့ရသည်။ သူ၏အနှစ်သာရသည် ဖြောင့်မတ်ခြင်း၊ သမ္မာတရား၊ သန့်ရှင်းခြင်းနှင့် အပြုသဘောဆောင်သော အရာအားလုံး၏ အခြားသော စစ်မှန်မှုတို့ဖြင့် ပြည့်နေသည်။ ဤအနှစ်သာရကို ပိုင်ဆိုင်ပြီး ထိုသို့သော လူသားမျိုးနွယ် အလယ် အသက်ရှင်သည့် ဘုရားသခင်သည် မည်သည့်အရာ ခံစားရပါသနည်း။ သူ၏ စိတ်နှလုံးထဲတွင် မည်သည့်အရာကို သူ ခံစားရသနည်း။ ယင်းသည် နာကျင်မှုနှင့် ပြည့်သလော။ သူ၏ စိတ်နှလုံးသည် မည်သည့်လူကမျှ နားမလည်နိုင်သည့် သို့မဟုတ် မတွေ့ကြုံနိုင်သည့် နာကျင်မှုကို ခံစားရသည်။
၂ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သူရင်ဆိုင်ရသော အရာတိုင်း၊ ကြုံရသော အရာတိုင်း၊ ကြားရ၊ မြင်ရသောအရာရာတိုင်းနှင့် တွေ့ကြုံရသော အရာတိုင်းသည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း၊ ဆိုးယုတ်ခြင်းနှင့် သမ္မာတရားကို ၎င်းတို့၏ ဆန့်ကျင်ပုန်ကန်ခြင်းနှင့် ခုခံခြင်းတို့ ဖြစ်သောကြောင့် ဖြစ်သည်။ လူသားများထံမှ လာသောအရာအားလုံးသည် သူ၏ ဆင်းရဲဒုက္ခခံစားရခြင်း အရင်းအမြစ် ဖြစ်သည်။ ဆိုလိုသည်မှာ သူ၏ အနှစ်သာရသည် ဖောက်ပြန်ပျက်စီးသော လူသားများနှင့် မတူညီသောကြောင့်၊ လူသားများ၏ ဖောက်ပြန်ပျက်စီးခြင်းသည် သူ၏ အကြီးမားဆုံးသော ဆင်းရဲဒုက္ခခံစားရခြင်း၏ အရင်းအမြစ်ဖြစ် လာသည်ဟု ဆိုရပေမည်။ ဘုရားသခင်သည် လူ့ဇာတိခံယူချိန်တွင်၊ လူသားမျိုးနွယ် အလယ်တွင် ဘုရားသခင်နှင့်ဆက်သွယ်ပြောဆိုနိုင်သူ သို့မဟုတ် ဘုရားသခင်နှင့် ဤအပြန်အလှန်ပြောဆိုမှု ရှိနိုင်သောသူ တစ်ဦးမျှ မတွေ့နိုင်ပေ။ လူတို့ ဆွေးနွေးသော အကြောင်းအရာများ၊ ချစ်သောအရာများ၊ ၎င်းတို့ လိုက်စားသော အရာများနှင့် တောင့်တသောအရာများအားလုံးသည် အပြစ်နှင့် မကောင်းမှုဘက်ကို ယိမ်းယိုင်မှုများနှင့် ပတ်သက်လေသည်။ ဤအရာအားလုံးကို ဘုရားသခင် ရင်ဆိုင်ချိန်တွင်၊ ယင်းမှာ သူ့နှလုံးသားကို ဓါးတစ်ချောင်း ထိုးထားသကဲ့သို့ ဖြစ်သည် မဟုတ်လော။ ဤအရာများကို ရင်ဆိုင်ရလျက်၊ သူ၏ နှလုံးသားတွင် ဝမ်းမြောက်ခြင်း ရှိနိုင်မည်လော။ ဖြေသိမ့်စရာကို သူရှာတွေ့နိုင်မည်လော။ သူနှင့်အတူ အသက်ရှင်နေကြသော သူတို့သည် ပုန်ကန်ခြင်းနှင့် ဆိုးယုတ်ခြင်းတို့နှင့် ပြည့်သည့် လူသားများ ဖြစ်ကြသည်- သူ၏နှလုံးသားသည် အဘယ်သို့ ဆင်းရဲဒုက္ခမခံစားရဘဲ နေနိုင်မည်နည်း။
“နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်