၉၃၄ ဘုရားသည် အရာအားလုံးကို အုပ်စိုးသူပင်တည်းကျူး

၁ ဘုရားသခင်နှင့် လူသားမျိုးနွယ်အကြား အကြီးမားဆုံးသော ကွာခြားချက်မှာ ဘုရားသခင်သည် ဖန်ဆင်းခြင်းအားလုံးအပေါ် အုပ်ချုပ်ကာ ထောက်ပံ့ခြင်းဖြစ်သည်။ ဘုရားသခင်သည် အရာရာ၏ အရင်းအမြစ်ဖြစ်ပြီး၊ အရာခပ်သိမ်းကို ဘုရားသခင်က ထောက်ပံ့ ပေးစဉ် လူသားမျိုးနွယ်က ထိုအရာကို မွေ့လျော်ခံစား၏။ ဆိုလိုသည်မှာ အရာခပ်သိမ်းအပေါ် ဘုရားသခင်ပေးသနားသော အသက်ကို လူသားလက်ခံသောအခါ၊ အရာခပ်သိမ်းကို သူမွေ့လျော် ခံစားရသည်။ ဘုရားသခင်သည် ဆရာသခင်ဖြစ်ပြီး၊ ဘုရားသခင်၏ အရာခပ်သိမ်း ဖန်ဆင်းခြင်း အကျိုးတရားများကို လူသားမျိုးနွယ်က မွေ့လျော်ခံစား၏။ ဘုရားသခင်သည် အရာခပ်သိမ်း ဖွံ့ဖြိုးကြီးထွားမှုပုံ နှင့်ဆိုင်သော နိယာမများကို ရှင်းလင်းစွာမြင်နိုင်ပြီး၊ ဤနိယာမများကို ထိန်းချုပ်ကာ စိုးမိုးသည်။ ဆိုလိုသည်မှာ၊ အရာခပ်သိမ်းသည် ဘုရားသခင်၏မြင်ကွင်း အတွင်းနှင့် သူ၏ စစ်ဆေးမှုနယ်ပယ် အတွင်း၌ ရှိကြ၏၊ လူသားမျိုးနွယ်သည် အရာခပ်သိမ်းကို မမြင်နိုင်ပေ။ လူသားမျိုးနွယ် မြင်နိုင်သည့်အရာမှာ ၎င်းတို့၏ ရှေ့တည့်တည့်တွင် ရှိသည့်အရာ ထိသာ ကန့်သတ်ထား၏။ လူသားများသည် သာ၍မြင့်သော၊ သာ၍ဝေးသော၊ သာ၍ နက်ရှိုင်းသော နေရာများကို မမြင်နိုင်ကြပေ။ ၎င်းတို့ မြင်နိုင်သမျှမှာ ၎င်းတို့၏ ရှေ့တည့်တည့်၊ ၎င်းတို့၏ အမြင်အာရုံ နယ်ပယ်အတွင်း ရှိသည့်အရာ ဖြစ်သည်။

၂ လူတို့အနေဖြင့် နှစ်ကာလ၏ လေးရာသီကို ချမှတ်သည့် နိယာမများ သို့မဟုတ် အရာခပ်သိမ်း ကြီးထွားဖွံ့ဖြိုးမှုပုံစံနှင့်ဆိုင်သည့် နိယာမများကို သိလျှင်ပင်၊ ၎င်းတို့သည် အရာခပ်သိမ်းကို စီမံခန့်ခွဲ၍မရနိုင်သေးပေ သို့မဟုတ် စေစား၍ မရနိုင်သေးပေ။ သို့တိုင် အရာခပ်သိမ်းကို ဘုရားသခင် မြင်ပုံမှာမူ သူကိုယ်တိုင် တည်ဆောက်ခဲ့သော စက်တစ်ခုကို မြင်ပုံကဲ့သို့သာ ဖြစ်သည်။ သူသည် ပါဝင်သည့် ပစ္စည်းတိုင်း၊ ဆက်သွယ်မှုတိုင်း၊ ၎င်း၏အခြေခံစည်းမျဉ်းများက မည်သည့်အရာ ဖြစ်သည်၊ ၎င်း၏ပုံစံများက မည်သည့်အရာ ဖြစ်သည်ဆိုသည်နှင့် ၎င်း၏ရည်ရွယ်ချက်များက မည်သည့်အရာ ဖြစ်သည်ဆိုသည်တို့ကို အလွန် အကျွမ်းဝင်ပေသည်- ဤအရာ အားလုံးကို ဘုရားသခင်သည် အရှင်းလင်းဆုံး အတိုင်းအတာဖြင့် သိ၏။ ထို့ကြောင့် ဘုရားသခင်သည် ဘုရားသခင်ဖြစ်၍၊ လူသားသည် လူသားဖြစ်၏။ လူသားသည် အရာခပ်သိမ်းတို့ကို အုပ်စိုးသည့် သိပ္ပံပညာနှင့် နိယာမများနှင့်ဆိုင်သော ၎င်း၏ သုတေသနတွင် နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်နိုင်ကောင်း လုပ်ဆောင်နိုင်သော်လည်း၊ ထိုသုတေသနသည် နယ်ပယ်အရ ကန့်သတ်မှုရှိ၏၊ ဘုရားသခင်ကမူ အရာခပ်သိမ်းကို ထိန်းချုပ်လေသည်။ လူသားအတွက်၊ ဘုရားသခင်၏ ထိန်းချုပ်မှုသည် အနန္တဖြစ်၏။ လူတစ်ဦးသည် ဘုရားသခင်၏ အသေးနုပ်ဆုံးသော လုပ်ဆောင်ချက်တစ်ခုကို စစ်မှန်သည့် ရလဒ်များတစ်ခုတစ်လေ မရရှိဘဲ သုတေသန ပြုခြင်းဖြင့် သူ၏ ဘဝတစ်ခုလုံး ကုန်ဆုံးသွားနိုင်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၈)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၉၃၃ ဘုရား၏ဖန်ဆင်းရာများကို လူတို့မြတ်နိုးသင့်၏ကျူး

နောက်တစ်ခုသို့- ၉၃၅ ဘုရားသခင်၏ အနှစ်သာရမှာ အနန္တတန်ခိုးရှင်နှင့် လက်တွေကျသောသူ နှစ်ခုစလုံးဖြစ်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၈၉၉ ဘုရားသခင်ရဲ့လူသားကို ကယ်တင်လိုသော ရည်ရွယ်ချက်က ပြောင်းလဲမည် မဟုတ်

၁ လူတို့သည် ဘုရားသခင်၏ အမျိုးမျိုးသော စိတ်သဘောထားများ၊ ဘုရားသခင်၏အရာအားလုံးနှင့်ဖြစ်ခြင်း သွင်ပြင် လက္ခဏာရပ်များနှင့် ဘုရားသခင်ပြုသော...

၂၄၆ နောက်ထပ် လူပေါင်းများစွာ ကယ်တင်ခြင်းရဖို့ ဘုရားသခင် အလိုရှိတယ်

၁ ဘုရားရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်ကို ကြုံရစဉ်အရေးကြီးတဲ့ ထိုနှုတ်ကပတ်တော်ကို ကိုင်းရှိုင်းတဲ့နှလုံးသားနဲ့ တိုးဝင်ကာ၊စေ့စေ့လေ့လာဖို့...

၄၆၄ ဘုရားသည် လူတို့ရဲ့စစ်မှန်သော ယုံကြည်မှုနှင့်မေတ္တာကို လိုလားသည်

၁ဘုရားမျှော် လင့်တာကသင်သူ့သဘောထားအမှန်ကိုသိချိန် သင် ဘုရားနဲ့ပိုနီးစပ်လာမယ်သူ့မေတ္တာနဲ့ လူတို့အတွက် ပူပန်မှုကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။