ဘုရားသခင်သည် သူ့ကို အမှန်တကယ်ချစ်သောသူများကိုသာ စုံလင်စေ၏
၁
ဘုရားသခင်၏စုံလင်စေခြင်းကို သင် ခံလိုသော်၊
ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ၊ အရာခပ်သိမ်းကို ယခုတွေ့ကြုံရရန် သင်ယူလော့။
သင် ရင်ဆိုင်သမျှ၌ အသိဉာဏ်ပွင့်လင်းစေခြင်းကို ခံရရန် သင်ယူလော့။
၎င်းမှ သင် အကျိုးအမြတ်ရှိရမည်။
ဘုရားသခင်၏စုံလင်စေခြင်းကို သင် ခံလိုသော်၊
ဘယ်သောအခါမျှ သင် မတုန်မလှုပ် မနေနှင့်။
ဘုရားသခင်ဘက်၌ ရပ်လော့၊ ယင်းမှာ သင် စဉ်းစားသင့်သည့်နည်း ဖြစ်၏။
၎င်းကို လူသား၏ရှုထောင့်မှ မလေ့လာနှင့်။
ဘုရားသခင်၏စုံလင်စေခြင်းကို သင် ခံလိုသော်၊
ဤအတွေ့အကြုံပုံစံကို ယခု စမ်းကြည့်လော့၊
ထိုအခါ သင်၏စိတ်နှလုံးသည် တစ်သက်လုံး ဝန်လေးလျက်နေလိမ့်မည်၊
သင်သည် ကိုယ်တော်၏မျက်မှောက်တော်၏ အလင်းအောက်၌ အစဉ် အသက်ရှင်လေမည်၊
သင်၏လက်တွေ့လုပ်ဆောင်ခြင်းတွင် အလွယ်တကူ လမ်းလွဲသွားမည် မဟုတ်ပေ။
ထို့ပြင် သင့်အတွက် ကြီးစွာသောအလားအလာများ ပွင့်လာလေမည်။
ဘုရားသခင်ကို အမှန်တကယ် သင် ချစ်ပါက၊
ဘုရားသခင်၏ စုံလင်စေးခြင်းကို ခံရရန် အခွင့်အရေးများစွာ ရှိပေသည်။
ဘုရားသခင်၏ ရယူခြင်းနှင့် စုံလင်စေခြင်းကို ခံရရန် သင် ဆုံးဖြတ်ထားသော်၊
ဘုရားသခင်၏စုံလငစေခြင်းကို ခံရရန်၊
သူ၏ကောင်းချီးမင်္ဂလာနှင့် အမွေကို လက်ခံရရှိရန် ဖြစ်နိုင်ခြေများစွာ ရှိပေသည်။
၂
ဘုရားသခင်၏စုံလင်စေခြင်းကို သင် ခံလိုသော်၊
စိတ်ဆုံးဖြတ်ချက်သာ ရှိရုံဖြင့် အကြောင်းမထူးပေ၊ ယင်းမှာ မည်သည့်အခါမျှ လုံလောက်မည်မဟုတ်ပေ။
သင်၏လက်တွေ့လုပ်ဆောင်ခြင်းတွင် အမှားအယွင်းများကို ရှောင်ရှားရန်၊
သင် လိုအပ်သောအရာမှာ အသိပညာပေတည်း။
လူအများစုသည် ၎င်းတို့ကိုယ်ကိုယ်
ယခုအခါ ဘုရားသခင်၏ကျေးဇူးတော်အောက်၌ အရိပ်ခိုရုံမျှသာ ကန့်သတ်ထားကြ၏။
၎င်းတို့ အမှန်ပင်လက်ခံရရှိလိုသောအရာမှာ
ကိုယ်တော့်ထံမှလာသော ဇာတိပကတိဆိုင်ရာ ဇိမ်ခံစရာအချို့သာ ဖြစ်၏၊
ပို၍အဆင့်မြင့်သော ဗျာဒိတ်တော်များ မဟုတ်ပေ။
၎င်းတို့၏စိတ်နှလုံးသည် အပြင်၌ ရှိနေသေးကြောင်း ဤအရာက ပြသလျက်ရှိ၏။
၎င်းတို့သည် စုံလင်စေခြင်းကို ခံနိုင်မည် မခံနိုင်မည်ကို ၎င်းတို့ ဂရုမစိုက်ပေ။
၎င်းတို့၏ဘဝများမှာ ယိုယွင်းပြီး အောက်တန်းကျပေသည်။
၎င်းတို့သည် အခြေခံကျသော အနိမ့်ဆုံးအရာတို့ဖြင့်သာ ပြည့်စုံလုံလောက်ကြပြီး၊
ရည်ရွယ်ချက်မဲ့သော ဖြစ်တည်မှုတစ်ခု၌ မျောပါလျက်နေကာ၊
အနည်းငယ်မျှသော ပြောင်းလဲမှုကိုပင် ရရှိခြင်း မရှိကြပေ။
ဘုရားသခင်ကို အမှန်တကယ် သင် ချစ်ပါက၊
ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရရန် အခွင့်အရေးများစွာ ရှိပေသည်။
ဘုရားသခင်၏ ရယူခြင်းနှင့် စုံလင်စေခြင်းကို ခံရရန် သင် ဆုံးဖြတ်ထားသော်၊
ဘုရားသခင်၏စုံလင်စေခြင်းကို ခံရရန်၊
သူ၏ကောင်းချီးမင်္ဂလာနှင့် အမွေကို လက်ခံရရှိရန် ဖြစ်နိုင်ခြေများစွာ ရှိပေသည်။
၃
လွန်စွာနည်းပါးသော သူတို့သည် ၎င်းတို့ ရင်ဆိုင်ရသည့်အရာ၌ ကြွယ်ဝချမ်းသာသောအရာများကို ပိုမိုရရှိရန်၊
ကိုယ်တော်၏အိမ်တော်တွင် သာ၍ကြီးသောစည်းစိမ်ရှိသူများ ဖြစ်ရန်နှင့်
ကိုယ်တော်၏ကောင်းချီးမင်္ဂလာများကို ပို၍ လက်ခံရရှိရန်၊
ဘုရားသခင်၏နှုတ်ကပတ်တော်သို့ ဝင်ရောက်ရန် ရှာဖွေကြ၏။
အကယ်၍ သင်သည် အရာခပ်သိမ်း၌ ဘုရားသခင်၏ စုံလင်စေခြင်းနှင့် အသိဉာဏ်ပွင့်လင်းစေခြင်းကို ရှာဖွေသော်၊
သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းကို ခံထိုက်ပြီး အရည်အချင်းမီသောသူ ဖြစ်၏။
ဘုရားသခင်ကို အမှန်တကယ် သင် ချစ်ပါက၊
ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရရန် အခွင့်အရေးများစွာ ရှိပေသည်။
ဘုရားသခင်၏ ရယူခြင်းနှင့် စုံလင်စေခြင်းကို ခံရရန် သင် ဆုံးဖြတ်ထားသော်၊
ဘုရားသခင်၏စုံလင်စေခြင်းကို ခံရရန်၊
သူ၏ကောင်းချီးမင်္ဂလာနှင့် အမွေကို လက်ခံရရှိရန် ဖြစ်နိုင်ခြေများစွာ ရှိပေသည်။
ဘုရားသခင်ကို အမှန်တကယ် သင် ချစ်ပါက၊ ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရရန် အခွင့်အရေးများစွာ ရှိပေသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပြီးပြည့်စုံလင်စေခြင်း ခံရပြီးသော သူတို့ဆီသို့ ကတိတော်များ” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။