၁၀၀၇ လူ၏ဆုံးခန်းအပေါ် ဘုရား၏အစီအမံ

လူအချင်းချင်း အပြုအမူဖြင့် စီရင်ဆုံးဖြတ်ကြသည်

ကောင်းစွာ ပြုမူရင် ဖြောင့်မတ်သောသူ။

ဆိုးသွမ်းစွာ ပြုမူရင် ဆိုးယုတ်သောသူ။

တချို့က အပြုအမူကောင်းများနှင့်

ကောင်းမွန်သည့် အနာဂတ်တစ်ခု ရယူလိုသည်။

တချို့က သိမ်မွေ့သောစကားများနှင့်

နှစ်လိုဖွယ်ဆုံးခန်းကို ရရှိရန် ကြိုးပမ်းကြသည်။

ဘုရားသည် သူတို့၏ အပြုအမူ ပြောဆိုပုံကိုကြည့်၍

ဆုံးဖြတ်သည်ဟု မှားယွင်းစွာ ယုံကြည်ကြ

လူအများသည် အပြုအမူကောင်းများ၊

ချိုသာသောစကားများကိုသုံးကာ

ခဏသာ မျက်နှာသာရဖို့ ဘုရားကို လှည့်ဖြားရန်ကြိုးစား။

လူတို့ကို သူတို့၏သဘောသဘာဝ၊

သူ့အပေါ်၌ ကျိုးနွံခြင်းရှိ မရှိအပေါ် ဘုရား စီရင်ကာဆုံးဖြတ်သည်

သူတို့အပြောအဆို မှားသည်၊ မှန်သည် အသာထား၊

သူတို့အပြုအမူ ကောင်းသည်၊ ဆိုးသည် အသာထား၊

ဘုရားကို နာခံသောသူသည် ဖြောင့်မတ်သောသူ၊

မနာခံသောသူသည် ဆိုးယုတ်သောရန်သူ

လူတို့ကို သူတို့၏သဘောသဘာဝ၊

သူ့အပေါ်၌ ကျိုးနွံခြင်းရှိ မရှိအပေါ် ဘုရား စီရင်ဆုံးဖြတ်သည်။


နောက်ပိုင်းတွင် သုခ၌ ရှင်သန်မည့်သူများ

ကြီးစွာသောဒုက္ခကို ခံကြရပြီး

ဘုရားကို သက်သေခံကြလိမ့်မည်။

သူတို့အားလုံး တာဝန်များ ထမ်းဆောင်ခဲ့ကြ၊

ဘုရားကို လိုလားစွာ ကျိုးနွံခဲ့ကြသည်။

ဆက်ကပ်အစေခံလိုသော ဆန္ဒသာ ရှိသူများဖြစ်ကာ

သမ္မာတရားအတိုင်း လက်တွေ့မလုပ်ဆောင်သောသူများ၊

အသက်ရှင်ကျန်ရစ်ကြလိမ့်မည် မဟုတ်ပါ။

လူသားတိုင်း၏နောက်ဆုံးရလဒ်အတွက်

မျှတသော စံနှုန်းများ ဘုရားသခင်ထားရှိ

အချိန်တစ်ခုအတွင်း လူ၏ စကား၊ လုပ်ရပ် ပေါ် မမူတည်။

သူတို့၏ ဆိုးယုတ်မှုအတွက် ပြစ်ဒဏ်ကို မရှောင်လွှဲနိုင်။

ပျက်စီးခြင်းဘေးမှ လွတ်မြောက်ရန်

ဆိုးယုတ်မှု များကို ဘယ်သူမှ မဖုံးကွယ်နိုင်။


ဆိုးယုတ်သော သူများ ထာဝရတိုင် အသက်မရှင်နိုင်၊

သုခဘုံသို့လည်း မဝင်ရောက်နိုင်ပါ။

ဖြောင့်မတ်သောသူများသာ ဝင်ရမည်၊

ထိုသူတို့ သုခဘုံ၏ ရှင်သခင်များ ဖြစ်ကြ၏။

လမ်းမှန်ပေါ် ရောက်သည်နှင့် လူတို့သည်

ပုံမှန် လူသားဘဝ ပိုင်ဆိုင်လိမ့်မည်။

တာဝန်အားလုံး ကျေပွန်စွာ ထမ်းဆောင်၊

ဘုရားကို သစ္စာရှိကြလိမ့်မည်။

မနာခံမှုနှင့် ဖောက်ပြန်သော

စိတ်သဘောထားများနှင့်ပဲ အဆုံးသတ်ကြလိမ့်မည်။

ဆန့်ကျင်ခြင်းမရှိဘဲ ဘုရားအတွက်သာ သူတို့ အသက်ရှင်ကြလိမ့်မည်။

ဘုရားကို နာခံနိုင်ကြလိမ့်မည်၊

ဒါ ဘုရားအသက်တာနှင့် လူ့အသက်တာ ဖြစ်သည်။

နိုင်ငံတော်အသက်တာ၊ သုခနှင့် ငြိမ်းချမ်းသောအသက်တာ ဖြစ်လိမ့်မည်။

လူတို့ကို သူတို့၏သဘောသဘာဝ၊

သူ့အပေါ်၌ ကျိုးနွံခြင်းရှိ မရှိအပေါ် ဘုရား စီရင်ကာဆုံးဖြတ်သည်

သူတို့အပြောအဆို မှားသည်၊ မှန်သည် အသာထား၊

သူတို့အပြုအမူ ကောင်းသည်၊ ဆိုးသည် အသာထား၊

ဘုရားကို နာခံသောသူသည် ဖြောင့်မတ်သောသူ၊

မနာခံသောသူသည် ဆိုးယုတ်သောရန်သူ

လူတို့ကို သူတို့၏သဘောသဘာဝ၊

သူ့အပေါ်၌ ကျိုးနွံခြင်းရှိ မရှိအပေါ် ဘုရား စီရင်ဆုံးဖြတ်သည်။


“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၁၀၀၆ လူသားကို ဘုရားသခင်၏ စုံလင်စေခြင်းနှင့်ဆိုင်သော သတ်မှတ်ချက်လေးခု

နောက်တစ်ခုသို့- ၁၀၀၈ ဘုရားသခင်သည် လူ၏အဆုံးခန်းကို ၎င်းတို့၌ သမ္မာတရား ရှိမရှိအပေါ် အခြေခံ၌ ဆုံးဖြတ်တော်မူ၏

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၈၈၆ ဘုရားရဲ့ချစ်ခြင်းမေတ္တာကို အဘယ်ဖန်ဆင်းခြင်းသတ္တဝါမှ မပိုင်ဆိုင်

၁ဘုရားရဲ့နှုတ်ကပတ်တော်သည် အသက်နဲ့ပြည့်စုံ၊ လျှောက်ရမယ့်လမ်းကို ညွှန်ပြ သမ္မာတရားကို နားလည်သဘောပေါက်စေကျွန်ုပ်တို့ သူ့နှုတ်ကပတ်တော်ကို...

၁၆၅ ဘုရား၏ဆင်းကြွခြင်းကို ဘယ်သူမျှ သတိမပြုမိ

၁လူ့သား၏ဘဝသည် မပြောင်းမလဲ ဆက်လက်ရှိနေ လူသား၏နှလုံးသားလည်း ထိုနည်းအတိုင်းပင် ထုံးစံအတိုင်း နေ့ရက်တို့ ကုန်ဆုံး ဘုရားသည် ကျွန်ုပ်တို့ထဲ၌...

၁၄ ဘုရားသခင်သည် အရှေ့ရပ်၌ဘုန်းတော်နဲ့ ထင်ရှား

၁ စကြဝဠာတစ်ခုလုံး ၌ ဘုရားသခင် အမူတော် ဆောင်ရွက်နေ အရှေ့ဘက်က မိုးခြိမ်းသံများ မရပ် ဂိုဏ်းအယူဝါဒ အသင်းခွဲအားလုံး တုန်လှုပ်စေသူတို့အားလုံးကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။