ဘုရား၏စိတ်သဘောထားသည် သန့်ရှင်း၍ အပြစ်အနာအဆာကင်း၏ကျူး
၁ ဘုရားသခင်က နိနေဝေမြို့သားများအတွက် သူ့နှလုံးသားကို ပြောင်းလဲခဲ့သည့်အခါမှာ သူ၏သနားညှာတာမှုနှင့် သည်းခံခြင်းသည် လှည့်စားမှုတစ်ခုလော။ မည်သို့ ဟုတ်နိုင်ပါ့မည်နည်း။ သို့ဆိုလျှင် အကြောင်းအရာ တစ်ခုတည်းအတွင်းမှာ ဘုရားသခင်၏ စိတ်သဘောထား၏ ဤလက္ခဏာသွင်ပြင်နှစ်ရပ်ကြား ပြောင်းလဲခြင်းက သင့်အား ဘာကို မြင်စေသနည်း။ ဘုရားသခင်၏ စိတ်သဘောထားသည် အလုံးစုံဖြစ်ပါသည်။ ခွဲထွက်ခြင်း လုံးဝ မရှိပေ။ လူတို့အပေါ်မှာ ဒေါသ သို့မဟုတ် သနားညှာတာမှုနှင့် သည်းခံခြင်းကို သူပြသည်ဖြစ်စေ၊ ၎င်းတို့အားလုံးက သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထား၏ ဖော်ပြချက်များပင်ဖြစ်ပါသည်။
၂ ဘုရားသခင်က လူတို့၏ မကောင်းသည့်အပြုအမူများကို တုံ့ပြန်သည့်အနေနှင့် ပြင်းထန်သည့် အမျက်ဒေါသကို ဖော်ပြပါသည်။ သူ့အမျက်ဒေါသမှာ မှားယွင်းမှု မပါဝင်ပေ။ ဘုရားသခင်၏ နှလုံးသားသည် လူတို့၏ နောင်တအားဖြင့် ထိတွေ့ခံရပါသည်။ သူ့နှလုံးသားကို ပြောင်းလဲခြင်းကလည်း ဤနောင်တပင်ဖြစ်သည်။ သူ၏ထိတွေ့ခံရမှု၊ သူ၏နှလုံးသားပြောင်းလဲမှုနှင့် လူသားအပေါ် သူ၏ သနားညှာတာမှုနှင့် သည်းခံခြင်းသည် အပြစ်အနာအဆာ လုံးဝ မရှိပေ။ သန့်ရှင်းသည်၊ သန့်စင်သည်၊ အထိအခိုက်မရှိပေ၊ စစ်မှန်ပါသည်။ ဘုရားသခင်၏ သည်းခံခြင်းက သည်းခံခြင်းသက်သက်သာဖြစ်သည်။ သူ၏ သနားညှာတာမှုက သနားညှာတာမှုသက်သက်သာဖြစ်သည်။
၃ သူ၏ စိတ်သဘောထားသည် အမျက်ဒေါသနှင့် သနားညှာတာမှု၊ သည်းခံမှုတို့ကို လူသား၏ နောင်တနှင့် သူ၏ မတူညီသည့် အပြုအမူများနှင့်အညီ ထုတ်ဖော်ပြမှာဖြစ်ပါသည်။ သူ ဘာကိုပင် ထုတ်ဖော်ဖွင့်ပြသည်ဖြစ်စေ အားလုံးက သန့်စင်ပါသည်။ အားလုံးက တိုက်ရိုက်ဖြစ်ပါသည်။ သူ့အနှစ်သာရသည် ဖန်ဆင်းခြင်းမှာရှိသည့် အရာအားလုံးမှ ကွဲပြားပါသည်။ ဘုရားသခင်ဖော်ပြသည့် လုပ်ရပ်များ၏ အခြေခံသဘောတရားများဖြစ်သည့် သူ၏အတွေးများ၊ စိတ်ကူးများ သို့မဟုတ် သီးသန့် ဆုံးဖြတ်ချက်များနှင့် တစ်ခုချင်း အပြုအမူများသည် မှားယွင်းမှု သို့မဟုတ် အပြစ်အနာအဆာ ကင်းပါသည်။
၄ ဘုရားသခင်က ဆုံးဖြတ်သည့်အခါနှင့် လုပ်ဆောင်သည့်အခါ သူ၏တာဝန်များကိုလည်း ပြည့်စုံစေပါသည်။ ဤရလဒ်မျိုးက တိကျပြီး အမှားအယွင်းမရှိပေ။ အဘယ့်ကြောင့်ဆိုသော် သူတို့၏အရင်းအမြစ်က အမှားအယွင်းမရှိပေ၊ အပြစ်အနာအဆာ မရှိပေ။ ဘုရားသခင်၏ အမျက်ဒေါသသည် အမှားအယွင်းမပါဝင်ပေ။ အလားတူပင် ဘယ်ဖန်ဆင်းခံမှ မပိုင်သည့် ဘုရားသခင်၏ သနားညှာတာမှုနှင့် သည်းခံခြင်းတို့သည် သန့်ရှင်းသည်၊ အမှားကင်းသည်။ တဖန် တွေးတောသုံးသပ်ခြင်းနှင့် တွေ့ကြုံခံစားခြင်းတို့ကို ခံနိုင်ပါသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။