၂၃၆ နောက်ဆုံးတွင် လူသားပုံသဏ္ဌာန်တစ်ခုအတိုင်း ကျွန်ုပ် အသက်ရှင်ပြီ

၁ လောက၏ အလားအလာများနောက်လိုက်ခြင်းက ကျွန်ုပ်ကို ကောက်ကျစ်ပြီး လှည့်စားတတ်စေခဲ့သည်။ အခြားသူများနှင့် ပတ်သက်၍ ကျွန်ုပ် အလွန်ဂရုစိုက်ကာ သတိထားနေခဲ့သည်၊ မှန်ကန်သော စကားတစ်ခွန်းကို ပေါ့ပေါ့တန်တန် ဘယ်သောအခါမျှ ကျွန်ုပ် မပြောဆိုခဲ့။ မိမိကိုယ်ကိုယ် မြင့်မြတ်သည်ဟု ယုံကြည်လျက် လျှို့ဝှက်စွာကြံစည်လုပ်ဆောင်ရင်း ဘဝဒဿနများဖြင့် ကျွန်ုပ် ပြုမူခဲ့သည်။ ကျွန်ုပ်၏ ဝင့်ဝါမှုကို ကျေနပ်ခဲ့သော်လည်း ကျွန်ုပ် စိတ်နှလုံးထဲရှိ ကြောက်ရွံ့မှုကို မဖုံးကွယ်နိုင်ခဲ့ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက လူသားမျိုးနွယ်၏ ဆိုးယုတ်သော သဘာဝကို တရားစီရင်ကာ ဖော်ထုတ်သည်။ အိပ်မက်မှ နိုးထသကဲ့သို့၊ ကျွန်ုပ် လူသားတစ်ဦးကဲ့သို့ အသက်ရှင်မနေခဲ့သည်ကို ကျွန်ုပ် သိခဲ့။ လိမ်ညာမှု၊ ကောက်ကျစ်မှုနှင့် လှည့်ဖြားမှုတို့က ကျွန်ုပ်၏ ဘဝစင်စစ် ဖြစ်လာခဲ့။ ရိုးသားပြီး ကောင်းမြတ်သော စိတ်နှလုံးမရှိဘဲနှင့်၊ မည်သည့် သိက္ခာ သို့မဟုတ် တည်ကြည်မှု ရှိပါသနည်း။ လှည့်ဖြားတတ်သော လူတို့သည် ဘုရားသခင်အားဖြင့် သုတ်သင်ဖယ်ရှားခံရကာ စွန့်ပစ်ခံရမည့် နတ်ဆိုးများဖြစ်သည်။ လူ့သဘာဝ ကျွန်ုပ် ကင်းမဲ့နေသည်ကို မုန်းမိသည်၊ ကျွန်ုပ် မိမိကိုယ်ကိုယ် အသစ်ဖြစ်စေရန် ဆုံးဖြတ်သည်။

၂ အနှစ်သာရအားဖြင့် ဘုရားသခင်သည် သစ္စာရှိကာ ဖြောင့်မတ်ပြီး အရာအားလုံးကို သူ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်။ ဘုရားသခင်၏ မျက်မှောက်တော်ကို လူသား၏ လှည့်ဖြားမှုက မလွတ်မြောက်နိုင်၊ နောက်ဆုံးတွင် ဖော်ထုတ်ခံရပေမည်။ ရိုးသားသောလူတို့သည် သမ္မာတရားကို ချစ်ကာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် ကွယ်ကာခြင်းတို့ ရှိကြသည်။ သမ္မာတရားကို နားလည်ရင်း၊ ကျွန်ုပ်၏ ရုပ်ဖျက်ထားခြင်းကို ဆုတ်ဖြဲပစ်ပြီး ရိုးသားသော လူတစ်ဦးဖြစ်ဖို့ ကြိုးစားသည်။ ရိုးရှင်းစွာနှင့် ပွင့်လင်းစွာ၊ ကျွန်ုပ် မိမိကိုယ်ကိုယ် စိတ်ဖြာလေ့လာကာ မိမိကိုယ်ကိုယ် ဖွင့်ဟခဲ့ပြီး လှောင်ရယ်ခံရမည်ကို ကျွန်ုပ် မကြောက်ရွံ့ပေ။ ကျွန်ုပ်သည် စိတ်ခံစားချက်များအပေါ် မှီခိုခြင်းမရှိသကဲ့သို့ ရည်ရွယ်ချက်များ ရောနှောခြင်းမရှိဘဲ ကျွန်ုပ်၏ အပြောအဆိုတွင် မျှတသည်။ ဘုရားသခင်၏ ရှေ့မှောက်တွင် ကျွန်ုပ် လှည့်ဖြားမှုမရှိသလို၊ ကိုယ်တော့်ကို ကျွန်ုပ်၏ စိတ်နှလုံးအား လွှဲအပ်သည်။ အပြန်အလှန်အားဖြင့် မည်သည့်အရာမျှ မတောင်းဆိုဘဲ၊ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ ရည်ရွယ်ချက် တစ်ခုတည်းအတွက်သာ ကျွန်ုပ်၏ တာဝန်ကို သစ္စာရှိရှိ ကျွန်ုပ် ဆောင်ရွက်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းက စိတ်ချမ်းသာဖို့ကောင်းစွ၊ ကျွန်ုပ်၏စိတ်နှလုံးသည် အေးချမ်းပေသည်။ ရိုးသားသူတစ်ဦးဖြစ်ခြင်းနှင့် မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းမှ ကျွန်ုပ်ကို မည်သည့်အရာကမျှ မဟန့်တားတော့ပေ။ ကျွန်ုပ်သည် ဘုရားသခင်ကို ကြောက်ပြီး မကောင်းမှုကို ရှောင်ကြဉ်ကာ၊ လူသားပုံသဏ္ဍာန်တစ်ခုကို အသက်ရှင်နေထိုင်သည်။ ကျွန်ုပ်ကို ကယ်တင်သည့်အတွက် ဘုရားသခင်၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကျေးဇူးတော်ချီးမွမ်းသည်။

အရှေ့သို့- ၂၃၅ နောင်တရခြင်းနှင့် အသစ်စတင်မှုတစ်ခု ပြုလုပ်ခြင်း

နောက်တစ်ခုသို့- ၂၃၇ ဘုရားသခင်၏ ချစ်ဖွယ်ကောင်းခြင်းက ကျွန်ုပ်၏ စိတ်ထဲအမြဲရှိပေ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၄၃ အရာအားလုံး ဘုရား၏လက်ထဲမှာ

၁ တစ်ချိန်ကဘုရားသခင် က ဒီလိုပြောခဲ့တယ်ဘုရားသခင်ပြောသမျှသည် အတည်ဖြစ်ပြီး၊ ဖြစ်လာလိမ့်မယ်။ဘယ်သူမှ ပြောင်းလဲလို့မရပါ။ပြောခဲ့တဲ့စကားဖြစ်ဖြစ်...

၄၉၆ အသက်တာ တိုးပွားရန် သမ္မာတရားကို ပိုမိုလက်တွေ့လိုက်လျှောက်ပါ

၁လူတို့လိုအပ်နေသော သမ္မာတရားကိုဘုရား၏ နှုတ်ကပတ်တော်၌ တွေ့ရသည်။ထိုသမ္မာတရားသည် လူသားတို့အားအကျိုးကျေးဇူး အများဆုံး ဖြစ်စေသည်။၎င်းသည်...

၈၀၄ ဘုရားသခင်ကို သိကျွမ်းခြင်း အကျိုးရလဒ်

၁ဖန်ဆင်းရှင်ဟာ ပဟေဠိတစ်ပုဒ် မဟုတ်တော့တာ တစ်နေ့ သင်သိလာမယ် သိလာမယ်ဖန်ဆင်းရှင်ဟာ ဘယ်တော့မှ မပုန်းကွယ်၊မျက်နှာတော်လည်း ဘယ်တော့မှ သင့်ဆီက...

၈၅၃ အားလုံးအတွက် ဘုရားသခင်ရဲ့ ပြည့်စုံသော စောင့်ရှောက်မှု

၁ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်း၊ အာဏာနှင့်မေတ္တာဘုရားသခင်ရဲ့အနှစ်သာရနှင့် ပင်ကိုစိတ်အလုံးစုံကိုအမှုတော်ဆောင်ရွက်ချိန်တိုင်း...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။