ဘုရားသခင်၏ နှိမ့်ချမှုသည် အလွန် ချစ်စဖွယ်ကောင်းသည်
၁
ဘုရားသခင်သည် မိမိကိုယ်ကို နှိမ့်ချကာ ညစ်ညူး၍ ရွံ့ရှာဖွယ်ကောင်းသော လူသားအတွက် အမှုတော်ဆောင်ရွက်သည်။
လူသားများအား ပြည့်စုံလာစေရန်
ဘုရားသခင်သည် လူ့ဇာတိခံယူကာ လူသားများအား ထိန်းကျောင်းပေးသည်။
ညစ်ညူးသူတို့အား ကယ်တင်ရန်နှင့် သိမ်းပိုက်ရန် ဘုရားသခင်သည် အဆင်းနီသော နဂါးကြီး၏ နှလုံးသားဆီသို့ လာသည်
သူတို့အား ပြုပြင်ပြောင်းလဲကာ အသစ်ဖြစ်စေရန် လုပ်ငန်းတာ၀န် ထမ်းဆောင်သည်။
လူ့ဇာတိခံယူရန် သူ့ကိုယ်သူ နှိမ့်ချကာ၊ ရင်ဆိုင်ကြုံတွေ့ရသည့် ခက်ခဲကြမ်းတမ်းမှုကိုလည်း ကြံ့ကြံ့ခံသည်။
ထိုအရာသည် အကြီးမြတ်ဆုံးဖြစ်သော ၀ိညာဥ်တော်အတွက် အလွန်အောက်ကျဖွယ် ဖြစ်သည်။
ဘုရားသခင်သည် ကြီးမြတ်ကာ မြင့်မြတ်သည်။
(ကြီးမြတ်ကာ မြင့်မြတ်သည်။)
လူသားသည်
ဆိုးသွမ်းကာ နိမ့်ကျသည်
(ဆိုးသွမ်းကာ နိမ့်ကျသည်)
သို့သော်လည်း ဘုရား လူနှင့် စကားပြောသည်
လူကို ဖြည့်ဆည်းပေးကာ လူတွေကြားနေထိုင်သည်။
(လူကို ဖြည့်ဆည်းပေးကာ လူတွေကြားနေထိုင်သည်။)
သူသည် အလွန် နှိမ့်ချသည်၊ အလွန် ချစ်စဖွယ်ကောင်းသည်။
၂
ဘုရားသခင်သည် သာမန် အသွေးအသား လိုအပ်ချက် နှင့် နေထိုင်သူ
အတိုင်းအတာ တစ်ခုအထိ သူ နှိမ့်ချခဲ့ကြောင်းသက်သေဖြစ်သည်။
ဘုရားသခင်၏ မြင့်မြတ်ကာ ကြီးမြတ်သော ၀ိညာဥ်တော်သည် သူ၏ အမှုတော်ကို လုပ်ဆောင်ရန် သာမန်လူသားအဖြစ် ဆင်းသက်လာခဲ့သည်
သင်သည် သူ၏အမှုတော် နှင့် သူ ခံစားခဲ့သော ကြမ်းတမ်းမှုများနှင့် မထိုက်တန်ပါ
ထို မထိုက်တန်မှုကို သင်၏ အသိ နှင့် စိတ်ထားတို့က ဖော်ပြနေသည်။
သင်သည် သူ၏အမှုတော် နှင့် သူ ခံစားခဲ့သော ကြမ်းတမ်းမှုများနှင့် မထိုက်တန်ပါ
ထို မထိုက်တန်မှုကို သင်၏ ဘ၀ နှင့် ကိုယ်ကျင့်တရားတို့က ပြသနေသည်။
ဘုရားသခင်သည် ကြီးမြတ်ကာ မြင့်မြတ်သည်။
(ကြီးမြတ်ကာ မြင့်မြတ်သည်။)
လူသားသည်
ဆိုးသွမ်းကာ နိမ့်ကျသည်
(ဆိုးသွမ်းကာ နိမ့်ကျသည်)
သို့သော်လည်း ဘုရား လူနှင့် စကားပြောသည်
လူကို ဖြည့်ဆည်းပေးကာ လူတွေကြားနေထိုင်သည်။
သူသည် အလွန် နှိမ့်ချသည်၊ အလွန် ချစ်စဖွယ်ကောင်းသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လိုက်လျှောက်အသက်ရှင်မှုကို အာရုံစူးစိုက်မှုရှိသူများသာ ပြီးပြည့်စုံမှုရရှိနိုင်မည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။