၈၈၈ လူသားမျိုးနွယ်အပေါ် ဘုရား၏ချစ်ခြင်းသည် အတိုင်းအတာမရှိပေကျူး

၁ ဘုရားသခင်၏ လုပ်ဆောင်မှုကို ကြုံတွေ့ရာတွင် သင်သည် ကြီးစွာသော ဒုက္ခကို ကြုံတွေ့ရမည်။ ၎င်းတွင် ဘုရားသခင်၏ ကောင်းမွန်သော ရည်ရွယ်ချက်များရှိသည်။ ဘုရားသခင် လုပ်ဆောင်ပြီးသော အရာအားလုံးသည် လူတို့ကို ကယ်တင်ရန်ဖြစ်ပြီး ဘုရားသခင်၏ ချစ်ခြင်းကို အပြည့်အဝ ဖော်ညွှန်းသည်ဆိုသည်ကို သင် သိမြင်သင့်သည်။ဘုရားသခင်၏ အမှုထဲရှိ ဉာဏ်ပညာ၏ရှုထောင့်မှ သင်ကြည့်သည်ဖြစ်စေ၊ ဘုရားသခင်၏ အမှုထဲရှိ အဆင့်များနှင့် နည်းလမ်းများ၏ရှုထောင့်မှ သင်ကြည့်သည်ဖြစ်စေ၊ သို့မဟုတ် အမှု၏ကြာချိန်နှင့်ဆိုင်သော ရှုထောင့်မှဖြစ်စေ သို့မဟုတ် သူ၏ တိကျသော ကြိုတင်စီစဥ်မှုများနှင့် အကြံအစည်များ၏ ရှုထောင့်မှ သင်ကြည့်သည်ဖြစ်စေ အားလုံးတွင် သူ၏ ချစ်ခြင်းမေတ္တာ ဖွဲ့စည်းပါဝင်သည်။ လူတို့အားလုံးသည် သူတို့၏ သားများနှင့်သမီးများအပေါ် ချစ်ခြင်းမေတ္တာ ရှိကြပြီး သူတို့၏ သားသမီးများ မှန်ကန်သော လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ကြစေရန်အလို့ငှာ သူတို့အားလုံးသည် ကြီးမားသော အားထုတ်ကြိုးပမ်းမှုပမာဏကို စိုက်ထုတ်ကြသည်။ သူတို့သည် သူတို့ သားသမီးများ၏ အားနည်းချက်များကို တွေ့သောအခါ အကယ်၍ ၎င်းတို့သည် ညင်သာစွာစကားပြောပါက သူတို့၏ သားသမီးများသည် နားထောင်ခြင်းမရှိဘဲ ပြောင်းလဲနိုင်လိမ့်မည် မဟုတ်ဟူ၍ စိုးရိမ်ကြပြီး၊ အကယ်၍ ၎င်းတို့သည် အလွန်ခက်ထန်စွာ ပြောပါက သူတို့ သားသမီးများ၏ မိမိကိုယ်ကို တန်ဖိုးထားမှုကို ထိခိုက်စေပြီး သူ၏ သားသမီးများ ခံရပ်နိုင်စွမ်း ရှိလိမ့်မည်မဟုတ်ဟူ၍ စိုးရိမ်ကြသည်။ ဤသည်မှာ ချစ်ခြင်းမေတ္တာအားဖြင့် ပြုခြင်းဖြစ်ပြီး သူတို့သည် ၎င်းထဲ၌ ကြီးစွာသော အားထုတ်ကြိုးပမ်းမှုကို ထည့်ထားခြင်း ဖြစ်သည်။

၂ သားသမီးများအနေဖြင့် သင်တို့သည် သင်တို့၏ မိဘများ၏ ချစ်ခြင်းမေတ္တာကို ခံစားဖူးကောင်းခံစားခဲ့ကြမည်။ ချစ်ခြင်းမေတ္တာတွင် နူးညံ့သိမ်မွေ့ခြင်းနှင့် စာနာထောက်ထားခြင်းသည် ပါဝင်သည်သာမက ထို့ထက်ပို၍ပင် ၎င်းတွင် တင်းကျပ်သော ဆုံးမခြင်းလည်း ပါဝင်၏။ ဤအရာ၏အထက်တွင် လူသားမျိုးနွယ်အတွက် ဘုရားသခင် ပြုသမျှအရာတိုင်းမှာ ချစ်ခြင်းမေတ္တာအားဖြင့် ပြုခြင်းဖြစ်သည်။ သူသည် ချစ်ခြင်းမေတ္တာ၏ မရှိမဖြစ်လိုအပ်ချက်အောက်တွင် အမှုပြုသည်၊ ယင်းမှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ထံ ကယ်တင်ခြင်းကိုသယ်ဆောင်ရန် သူအဆုံးစွန်ကြိုးစားရခြင်း၏ အကြောင်းရင်းဖြစ်သည်။ သူသည် လူတို့ကို ဝတ်ကျေတမ်းကျေ ကိုင်တွယ်ဖြေရှင်းခြင်းမပြုပါ။ သူသည် တိကျသောအကြံအစည်များကို ပြုလုပ်ပြီး သူတို့နှင့် တစ်ဆင့်ချင်းရှေ့ဆက်ခြင်း ဖြစ်သည်။ မည်သည့်အချိန်၊ မည်သည့်နေရာ၊ မည်ကဲ့သို့သော အသံနေအသံထား၊ မည်သည့်စကားပြောပုံပြောနည်းနှင့် ကြိုးစားအားထုတ်မှု မည်မျှစိုက်ထုတ်ခဲ့သည်တို့နှင့် စပ်လျဉ်းပြီးဆိုပါက...ဤအရာအားလုံးက သူ၏ ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ခြင်းဖြစ်ကြောင်းနှင့် လူသားမျိုးနွယ်အတွက် သူ၏ချစ်ခြင်းမေတ္တာမှာ အကန့်အသတ်မဲ့နှင့် အတိုင်းမသိဖြစ်ကြောင်း အပြည့်အဝ ရှင်းပြခြင်းဖြစ်ကြောင်း ဆိုနိုင်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို သင်သိသလော” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၈၈၇ ဘုရားသခင် လူတိုင်းအတွက် တိတ်ဆိတ်စွာ ပေးနေ

နောက်တစ်ခုသို့- ၈၈၉ ဘုရားသခင် လူသားကို ကယ်တင် လို့သူလုံးဝ ကယ်တင်မယ်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၁၀၁၅ လူသားအပေါ် ဘုရား ပေးတဲ့ အကြီးမားဆုံး ကောင်းချီး

၁သခင်ဘုရားနှုတ်တော် စုံခြင်းဖြင့် နိုင်ငံရဲ့ပုံပေါ်ထွက်လာလူပြန်လှည့်ခြင်း အားဖြင့် မူလနေရာကို ဘုရားနိုင်ငံတည်လာဘုရားရဲ့လူတွေ နိုင်ငံထဲ...

၂၇၆ လူတို့၏ကံကြမ္မာကို ဂရုပြုကြလော့

၁ လူမျိုးအပေါင်း၊ တိုင်းနိုင်ငံအားလုံးနဲ့အလွှာမျိုးစုံရှိ လူအပေါင်းတို့အား ဘုရား နှိုးဆော်တိုက်တွန်းဘုရားအသံတော်ကို နားစွင့်၊ အမှုတော်ကို...

၂၁၇ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်သစ်အတိုင်းလိုက်နာ၍ ဘုရားရဲ့ချီးမွမ်းခြင်း ရယူပါ

၁ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အမှုကို လိုက်နာတာ လူတွေ ယနေ့ဘုရားအလိုတော်ကို နားလည်၊ ဘုရားရဲ့တောင်းဆိုချက်အတိုင်း ပြုမူ၊ ဘုရားကို နာခံ၊...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။