၇၆၃ ဘုရား၏မေတ္တာတော်ကို လက်တွေ့အသက်တာ၌ မြည်းစမ်းရမည်ကျူး

၁ အကယ်၍ သင်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မြင်တွေ့လိုပါက၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို အမှန်တကယ် တွေ့ကြုံလိုပါက၊ သင်သည် လက်တွေ့အရှိတရားထဲသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ရမည်၊ စစ်မှန်သော ဘဝအတွင်းသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ပြီး ဘုရားသခင် ပြုသမျှသည် ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းတို့ ဖြစ်ကြောင်း၊ သူပြုသမျှသည် မသန့်ရှင်းသည့် အရာများကို လူတို့ချန်ထားခဲ့နိုင်ရန် သူတို့ကို အထောက်အကူပေးဖို့ ဖြစ်ကြောင်း၊ ဘုရားသခင်၏အလိုတော်ကို မဖြည့်ဆည်းနိုင်သော လူတို့အတွင်းရှိ အရာများကို စစ်ဆေးဖို့ဖြစ်ကြောင်း သင့်အနေဖြင့် မြင်ရမည်။

၂ ဘုရားသခင်သည် လူတို့ကို ထောက်ပံ့ရန် သူ၏နှုတ်ကပတ်တော်များကို အသုံးပြု၏။ လူသားတို့ ကြုံတွေ့ ခံစားရန်အတွက် လက်တွေ့ဘဝနှင့် ဆိုင်သည့် အခြေအနေများကို သူ စီစဉ်ပေးသည်။ အကယ်၍ သင်သည် ဘုရားသခင့် နှုတ်ကပတ်တော်များ၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြမှုတို့ကို အသုံးပြုပြီး မကြာခဏ ဆုတောင်းခြင်း၊ စူးစမ်းခြင်းနှင့် ရှာဖွေခြင်းတို့ကို ပြုလုပ်ကာ၊ ဤအရာမှတစ်ဆင့် သင်လက်တွေ့လုပ်ဆောင်သင့်သည့် အရာများကို တွေ့ရှိပြီး သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်အတွက် အခွင့်အရေးများကို ရှာဖွေ၍ ဘုရားသခင်နှင့် စစ်မှန်စွာ ပူးပေါင်းလျက် မရေမရာလည်းမဖြစ် စိတ်လည်း ရှုပ်ထွေးမနေတော့လျှင်၊ သင်သည် လက်တွေ့ဘဝတွင် လမ်းကြောင်းတစ်ခုကို ရရှိကာ ဘုရားသခင်ကို အမှန်တကယ် စိတ်ကျေနပ်စေနိုင်မည် ဖြစ်သည်။

၃ ဘုရားသခင် စိတ်ကျေနပ်အောင် သင်ပြုလုပ်ပြီးသောအခါ၊ သင့်အထဲတွင် ဘုရားသခင်၏ လမ်းညွှန်မှု ရှိလာလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ အထူးတလည် ကောင်းချီးပေးခြင်းကို ခံရမည်ဖြစ်ကာ ထိုအရာက သင့်ကို ပျော်ရွှင်ခြင်း အသိစိတ်တစ်ခု ပေးမည်ဖြစ်သည်- ဘုရားသခင်ကို စိတ်ကျေနပ်စေပြီးဖြစ်သည်ကို သင်သည် အထူးဂုဏ်ယူမိပြီး၊ စိတ်ထဲတွင် အထူးသဖြင့် ကြည်လင်ရွှင်ပျကာ သင်၏ စိတ်နှလုံးထဲတွင် ရှင်းလင်း၍ ငြိမ်သက်လာမည် ဖြစ်သည်။ သင်၏ အသိစိတ်သည် နှစ်သိမ့်မှုကို ခံစားရကာ အပြစ်တင်ခြင်းများနှင့် ကင်းဝေး၍ သင်၏ ညီအစ်ကို မောင်နှမများကို တွေ့ရသည့်အချိန်တွင် သင့်စိတ်ထဲ၌ သာယာပျော်ရွှင်မှုကို ခံစားရမည် ဖြစ်သည်။ ထိုသို့ခံစားရခြင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၌ မွေ့လျော်ခြင်း ဖြစ်ပြီး၊ ထိုသို့ခံစားရခြင်းသည်သာလျှင် ဘုရားသခင်၌ စစ်မှန်စွာ မွေ့လျော်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို လူတို့၏မွေ့လျော်ခြင်းသည် တွေ့ကြုံခံစားမှုမှတစ်ဆင့် ရရှိနိုင်သည်။ အခက်အခဲနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတို့ကို တွေ့ကြုံခံစားခြင်းအားဖြင့် သူတို့သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရရှိကြသည်။ သင်သည် သမ္မာတရားကို ဤသို့ အမြဲပင် လက်တွေ့လုပ်ဆောင်ပါက၊ ဘုရားသခင်၏ အမှု များစွာနှင့်ပတ်သက်သည့် ရှင်းလင်းသော အသိတစ်ခုကို တဖြည်းဖြည်း ဖြစ်ပေါ်လာပြီး၊ ထိုအချိန်တွင် သင့်ရှေ့၌ရှိသော ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဖန်သားတမျှ ရှင်းလင်းပြတ်သားသည်ဟု ခံစားလာရလိမ့်မည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၇၆၂ သင်သည် ဘုရားသခင်ကို အမှန်တကယ် မချစ်ပေ

နောက်တစ်ခုသို့- ၇၆၄ ဘုရားကို ချစ်ရန် သူ၏ ချစ်ဖွယ်ကောင်းမှုကို သင်တွေ့ကြုံရမည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၁၀၁၅ လူသားအပေါ် ဘုရား ပေးတဲ့ အကြီးမားဆုံး ကောင်းချီး

၁သခင်ဘုရားနှုတ်တော် စုံခြင်းဖြင့် နိုင်ငံရဲ့ပုံပေါ်ထွက်လာလူပြန်လှည့်ခြင်း အားဖြင့် မူလနေရာကို ဘုရားနိုင်ငံတည်လာဘုရားရဲ့လူတွေ နိုင်ငံထဲ...

၉၃၆ ခပ်သိမ်းသောအရာတို့ တည်ရှိသည့် နိယာမများကို ဘုရားသခင် အုပ်စိုး၏

၁ လူသားတို့က ဘုရားသခင် တည်ရှိသည်ကို ဝန်မခံသကဲ့သို့၊ ဖန်ဆင်းရှင်က အရာအားလုံးကို ပြုလုပ်ပြီး အုပ်စိုးသည်ဆိုသည့်အချက်ကို လက်မခံသော်လည်း၊...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။