၂၂၂ အသင်းတော် ဓမ္မတေးသီချင်း

ဘုရားသခင်၏ ချစ်ဖွယ်ကောင်းခြင်းကို ကျွန်ုပ် မြင်ရပြီ


ရင်းနှီးတဲ့ အသံတစ်ခု ကျွန်ုပ်ကို ရံဖန်ရံခါ ခေါ်နေတာ ကျွန်ုပ်ကြားရ။

အိပ်မက်မှ နိုးထသလို ဘယ်သူခေါ်နေသလဲ ကျွန်ုပ်ကြည့်ခဲ့။

ထိုအသံ ညင်သာပေမဲ့ ခက်ထန်ခဲ့၊

အလှတရားရဲ့ပုံရိပ်တစ်ခု ရှိနေ။

ကျွန်ုပ်နှလုံးသားနဲ့ စိတ်ဝိညာဉ်ကို

နှုတ်ကပတ်တော် ထွင်းဖောက်ဝင်ရောက်။

ကျွန်ုပ်ဖောက်ပြန်ပျက်စီးခြင်းအကြောင်း ကိုဖွင့်ဟကာ

ကျွန်ုပ် ပုန်းစရာနေရာ မရှိခဲ့။

စိတ်ပျက်ဝမ်းနည်းချိန်မှာ ကျွန်ုပ်လုပ်ခဲ့သမျှ ပြန်သုံးသပ်ခဲ့။

အပြန်အလှန်ဆက်ဆံရာတွင် အဆင့်အတန်းအတွက်

ဘုရားနဲ့ ဖက်ပြိုင်ခြင်းဖြင့် ကျွန်ုပ်ရဲ့နှိမ့်ကျမှုကို ကျွန်ုပ်ပြသ။

နောက်ဆုံးမှာ ဘုရားက ဘုရား၊ လူက လူသာ ဖြစ်နေဆဲပါ။

ကျွန်ုပ် အသိစိတ်မရှိခဲ့၊ မိမိကိုယ်ကိုယ် မသိခဲ့ဘဲ၊

မိုက်မဲပြီး မောက်မာခဲ့တယ်။

အရှက်ကို မသိခဲ့ဘဲ မိမိကိုယ်ကိုယ် အရှက်ရစေခဲ့၊

ကျွန်ုပ်နှလုံးသား နောင်တနဲ့ပြည့်နှက်ခဲ့။

စာတန်ကြောင့် နက်ရိုင်းစွာ ဖောက်ပြန်၍

ကျွန်ုပ် အလွန် ယုတ်ညံ့လာ။

အဆိပ်ခတ်ခံရကာ ဆိုးယုတ်သူ၏ အတွေးများနဲ့ ပြည့်လျက်

လူ့သဘာဝအားလုံး ကျွန်ုပ် ဆုံးရှုံးခဲ့။

ကျွန်ုပ် အလွန် ဖောက်ပြန်ပျက်စီးပြီး

လူသားသဏ္ဌာန်မရှိခဲ့တာ ဖော်ထုတ်ခံရ။

ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား ပျောက်မသွားရင်

ကျွန်ုပ်အစေခံခြင်း အချည်းနှီး ဖြစ်မှာ။

ဘုရားနဲ့ပတ်သက်ပြီး ကျွန်ုပ်အယူအဆလွဲမှားမှုတွေကြောင့်

ကျွန်ုပ် သူ့ကို ဆန့်ကျင်ခဲ့တာ။

ဘုရားရဲ့ပြစ်တင်ဆုံးမခြင်းနဲ့ တရားစီရင်ခြင်းကျေးဇူးကြောင့်

ကျွန်ုပ်အား သန့်စင်စေပြီး ကယ်တင်ခဲ့ပြီ။


ရိုက်နှက်ခံရပြီး ဝေဒနာကြီးစွာ ခံစားရလည်း

ကြင်နာတဲ့လက်တစ်စုံက ကျွန်ုပ်အား ထွေးပိုက်။

ကျွန်ုပ်ပုန်ကန်ခြင်းနဲ့ မတရားမှုကြောင့်

ဘုရား ကျွန်ုပ်ကို တရားစီရင်တာ ကျွန်ုပ်သိတယ်။

ဒီလောက်ကြာခဲ့ပြီးမှ စစ်မှန်တဲ့ဘုရားကို မသိသေးသည့်

သခင့်နောက် ကြာမြင့်စွာ လိုက်ခဲ့သူ ငါ့ကိုယ်ငါ တကယ် မုန်းတယ်

ကိုယ်တော်ဟာ အလွန်သန့်ရှင်းဖြောင့်မတ်သည်ကို တွေ့မြင်လျက်

ကျွန်ုပ် လုံးဝကျိုးနွံမိ။

ဘုရားပေးအပ်တဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတွေက

သူ့ ကောင်းချီးမင်္ဂလာနဲ့ အချစ်ပါ

တရားစီရင်ခြင်းဖြင့် သူ့ရဲ့ကယ်တင်ခြင်းကျေးဇူးကြောင့်သာ

ဒီနေ့ရက်ကို ကျွန်ုပ်ပိုင်ဆိုင်။

ဘုရား၏ လက်တွေ့ကျမှုနှင့် အနန္တတန်ခိုးကို

လူတို့အား အပြည့်အဝ ဖော်ပြ

ဘုရားသခင်နဲ့ သူရဲ့ချစ်ဖွယ်ကောင်းမှုကို ကျွန်ုပ်သိ၊

ယခု အလင်း၌ ကျွန်ုပ် အသက်ရှင်။

ဘုရားသခင် အလွန် ချစ်ဖွယ်ဖြစ်၏၊

စိတ်နှလုံးအကြွင်းမဲ့ ကျွန်ုပ် ဆုံးဖြတ်။

ကိုယ်တော်အား ကျွန်ုပ် ထာဝစဉ်ချစ်နေမယ်၊

ကိုယ်တော့်အတွက် သက်သေခံမယ်၊ သက်သေခံမယ်။

အရှေ့သို့- ၂၂၁ လူသစ်တစ်ဦးဖြစ်လာခြင်း

နောက်တစ်ခုသို့- ၂၂၃ ဘဝက အဖိုးတန်ပေ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၂၀၇ ထာဝရအသက်၏မူလအရင်းအမြစ် ကို သင်သိပါသလား

၁ ဘုရားဟာ လူ့အသက်ရဲ့အရင်းအမြစ်၊ဘုရားရဲ့တန်ခိုးတော်ကြောင့် ကောင်းကင်နဲ့မြေကြီး တည်ရှိဘယ်သက်ရှိအရာမျှ ဘုရားရဲ့အုပ်စိုးခြင်း၊အခွင့်တန်ခိုးနဲ့...

၆၀၉ ဘုရားရဲ့ ရင်းနှီးသူသာ သူ့ကိုဆက်ကပ်ဖို့ ထိုက်တန်

၁ဘုရားကိုဆက်ကပ် တဲ့သူဟာ သူ့ရဲ့ရင်းနှီးသူဖြစ်ရမယ်ဘုရားကချစ်တဲ့သူ၊ ဘုရားကိုသစ္စာရှိတဲ့သူ။လူအရှေ့ မှာဖြစ်ဖြစ် နောက်ကွယ်မှာဖြစ်ဖြစ် ဆက်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။