၁၄၆ တစ်ပါးအမျိုးသားတိုင်းနိုင်ငံများအကြား ဘုရားနာမတော်သည် ထင်ရှားလိမ့်မည်ကျူး

၁ ငါ၏တရားစီရင်ခြင်း၏အလုပ်သည် လူသားအား ငါ့အပေါ်၌ ပိုမို နာခံလာအောင် ထောက်ကူပေးဖို့အတွက်ဖြစ်ပြီး ငါ၏ ပြစ်တင် ဆုံးမမှု၏အလုပ်သည် လူသားအနေနှင့် ပို၍ ထိထိရောက်ရောက် ပြောင်းလဲစေနိုင်ဖို့ဖြစ်သည်။ ငါလုပ်ဆောင်သည့်အရာမှာ ငါ၏ စီမံခန့်ခွဲမှုအတွက်ဖြစ်သော်လည်း လူသားအတွက် အကျိုးမရှိသည့် အရာတစ်ခုကိုမျှ ငါမလုပ်ဖူးပေ။ အကြောင်းမှာ ငါသည် ဣသရေလနိုင်ငံပြင်ပမှ လူမျိုးအားလုံးကို ဣသရေလလူမျိုးများ ကဲ့သို့ပင် နာခံတတ်သူများ ဖြစ်စေလိုသောကြောင့်၊ ယင်းတို့ကို လူသားစစ်စစ်များ ဖြစ်စေလိုသောကြောင့် ဖြစ်သည်၊ ထိုသို့အားဖြင့် ဣသရေလနိုင်ငံပြင်ပရှိ နယ်မြေများ၌ ငါခြေကုပ်ယူနိုင်ရန်ဖြစ်သည်။ ယင်းသည် ငါ၏စီမံခန့်ခွဲမှုဖြစ်သည်၊ ယင်းသည် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြား၌ အောင်မြင်အောင် ငါလုပ်ဆောင်နေသော အမှုဖြစ်သည်။

၂ ယခုသော်မှ လူများစွာက ငါ၏စီမံခန့်ခွဲမှုကို နားမလည် ကြသေးပေ။ ဤကဲ့သို့သောအရာများကို သူတို့စိတ်မဝင်စားကြဘဲ၊ သူတို့၏အနာဂတ်နှင့် သူတို့၏ပန်းတိုင်များကိုသာ အရေးစိုက်ကြ သောကြောင့် ဖြစ်သည်။ ငါအဘယ်အရာပြောသည်ဖြစ်စေ သူတို့သည် ငါလုပ်သည့်အမှုကို စိတ်ဝင်စားခြင်း မရှိကြဆဲပင်ဖြစ်သည်။ စိတ်ဝင်စားမည့်အစား သူတို့၏ အနာဂတ်ပန်းတိုင်များကိုသာ အထူးသီးသန့်အာရုံစိုက်နေကြသည်။ ဤသို့ဆက်ဖြစ်နေမည်ဆိုပါက ငါ၏အမှုကို မည်သို့ချဲ့ထွင်နိုင်မည်နည်း။ ငါ၏သတင်းကောင်းသည် ကမ္ဘာအနှံ့ မည်သို့ပျံ့နှံ့နိုင်မည်နည်း။ ငါ၏အမှုကို ချဲ့သောအခါ၌ ငါသည် သင်တို့ကို ကွဲပြားစေမည်ဖြစ်ပြီး၊ ဣသရေလလူမျိုးထဲမှ မျိုးနွယ်စုတိုင်းကို ယေဟောဝါက ရိုက်သကဲ့သို့ ငါသည် သင်တို့ကို ရိုက်မည်ဖြစ်ကြောင်းကို သင်တို့သိသင့်သည်။ ကမ္ဘာအနှံ့၌ ငါ၏သတင်းကောင်း ပျံ့နှံ့စေဖို့အတွက်၊ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအထိ ရောက်ဖို့အတွက်၊ လူကြီးများနှင့်ကလေးများတို့ တူညီစွာ ငါ၏နာမတော်ကို ထင်ရှားစေဖို့နှင့် လူမျိုးနွယ်စုများနှင့် တိုင်းနိုင်ငံများအားလုံးမှ လူများ၏နှုတ်များက ငါ၏သန့်ရှင်းသော နာမတော်ကို ချီးမြှောက်ကြစေဖို့ဖြစ်သည်။

၃ ဤနောက်ဆုံးသော ခေတ်တွင် ငါ၏နာမတော်သည် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများ အကြား၌ ထင်ရှားခြင်းရှိစေရန်၊ ငါ၏လုပ်ဆောင်ချက်များကိုလည်း တစ်ပါးအမျိုးသားများ မြင်ကြစေရန်၊ ထို့ပြင် ငါ၏ လုပ်ဆောင်ချက်များကြောင့် သူတို့က ငါ့ကို အနန္တတန်ခိုးရှင်ဟု ခေါ်ကြစေရန်ဖြစ်ပြီး၊ ငါ၏နှုတ်ကပတ်တော်များသည် မကြာမီ အမှန်တကယ် ဖြစ်လာစေရန်ဖြစ်သည်။ ငါသည် ဣသရေလ လူမျိုးများ၏ ဘုရားသခင်သာ မဟုတ်ကြောင်း၊ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအားလုံး၏ ဘုရားသခင်လည်းဖြစ်ပြီး၊ ငါကျိန်ဆဲ ခဲ့ဖူးသည့် လူမျိုးများ၏ ဘုရားသခင်ပင် ဖြစ်ကြောင်းကို လူအားလုံးကို ငါသိစေမည်။ ငါသည် အရာအားလုံးကို ဖန်ဆင်းသည့် ဘုရားသခင်ဖြစ်ကြောင်းကို လူအားလုံးကို မြင်စေမည်။ ဤသည်မှာ ငါ၏အကြီးမြတ်ဆုံးသော အမှုဖြစ်သည်။ နောက်ဆုံးသော ကာလအတွက် ငါ့အမှုအစီအစဉ်၏ ရည်ရွယ်ချက်ဖြစ်သည်။ ထို့အပြင် နောက်ဆုံးသောကာလ၌ ပြီးမြောက်အောင် လုပ်ဆောင်ရမည့် တစ်ခုတည်းသော အမှုလည်းဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၁၄၅ ဘုရား၏ဉာဏ်ပညာသည် စာတန်၏ လှည့်ကွက်များပေါ် မူတည်၍ ထွက်ပေါ်လာ၏ကျူး

နောက်တစ်ခုသို့- ၁၄၇ ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက် သတ္တဝါအားလုံး ပြန်လာလိမ့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၉၀၅ ဘုရားသခင်၏သြဇာအာဏာကို နားလည်နိုင်သောနည်းလမ်း

၁ဘုရားသခင်၏သြဇာအာဏာနဲ့ တန်ခိုး၊ ထင်ရှားသောလက္ခဏာ နှင့် သဘောသဘာဝတို့ကို သင်၏ စိတ်ကူးဖြင့်သိနားလည်မည်မဟုတ်စိတ်ကူးစိတ်သန်းမသုံးရဟုဆိုရာ၌...

၈၂ ငြိမ်သက်ခြင်း ချမ်းသာရရှိရန် လူသားတို့၏ တစ်ခုတည်းသောလမ်း

၁ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းဖြင့်ဘုရား၏ နောက်ဆုံးသန့်စင်ခြင်းအတွင်းခိုင်မာစွာ ရပ်တည်သူများ နောက်ဆုံးသော...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။