ကမ္ဘာမြေကြီးပေါ်၌ ဘုရားသခင်၏ တစ်ခုတည်းသော ဆန္ဒ
ဖိတ်ကြားခြင်းကြောင့်
ဘုရားသခင်သည် ဤတစ်ကြိမ်
လူသား၏အခြေအနေအရ၊
လူသား၌ လိုအပ်သောအရာကို ပံ့ပိုးပေးရန်အလို့ငှါ လူ့ဇာတိခံယူကာ ကြွလာခြင်းဖြစ်၏။
၁
သူ ကြွလာခြင်းမှာ လူသားအယောက်စီသည်
မည်မျှ အစွမ်းအစ ရှိပါစေ သို့မဟုတ် မိသားစုနောက်ခံ ကောင်းပါစေ
ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မြင်စေရန် နှင့်
နှုတ်ကပတ်တော်ထဲ၌ ဘုရားသခင်၏ တည်ရှိခြင်းနှင့်
ဘုရားသခင်၏ ထင်ရှားပြခြင်းကို မြင်စေရန်၊
နှုတ်ကပတ်တော်များအားဖြင့် ဘုရားသခင်၏ စုံလင်ခြင်းကို လက်ခံစေဖို့ရန် ဖြစ်၏။
လူသားသည် ၎င်းတို့၏ အတွေးများနှင့်
အယူအဆများကို ပြောင်းလဲကာ
လူသား၏ စိတ်နှလုံးအတွင်းဆုံး၌ ဘုရားသခင်၏ စစ်မှန်သော မျက်နှာထား
ခိုင်ခံ့စွာ တည်ရှိမည်ဟု ဘုရားသခင် မျှော်လင့်ပေသည်။
ဤသည်မှာ ကမ္ဘာမြေကြီးပေါ်၌ ဘုရားသခင်၏ တစ်ခုတည်းသော ဆန္ဒပေတည်း။
၂
လူသား၏ သဘာဝသည် မြင့်မြတ်ပြီး
နုံချာသောလူသား၏ အနှစ်သာရ မည်သို့ပင် ဖြစ်စေ၊
၎င်းတို့ အတိတ်က လုပ်ဆောင်ချက်များမှာ မည်သည့်အရာပင် ဖြစ်စေ၊
ဘုရားသခင် ပဓာနမထားပေ။
လူသားသည် ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ဘုရားသခင်၏
သဏ္ဌာန်ကို အသစ်တစ်ဖန်ပြုပြင်နိုင်မည်ဟု ကိုယ်တော် မျှော်လင့်၏။
လူသားသည် ၎င်းတို့၏ အတွေးများ နှင့်
အယူအဆများကို ပြောင်းလဲကာ
လူသား၏ စိတ်နှလုံးအတွင်းဆုံး၌ ဘုရားသခင်၏ စစ်မှန်သော မျက်နှာထား
ခိုင်ခံ့စွာ တည်ရှိမည်ဟု ဘုရားသခင် မျှော်လင့်ပေသည်။
ဤသည်မှာ ကမ္ဘာမြေကြီးပေါ်၌ ဘုရားသခင်၏ တစ်ခုတည်းသော ဆန္ဒပေတည်း။
၃
လူသားသည် လူသားမျိုးနွယ်၏ အနှစ်သာရကို
သိလာပြီး ၎င်းတို့သည် ၎င်းတို့၏ သဘောထားအမြင်ကို
ပြောင်းလဲမည်ဟု ကိုယ်တော် မျှော်လင့်၏။
၎င်းတို့သည် သူ့ကို အလွန်အမင်း တောင့်တကြပြီး
သူ့အပေါ် သံယောဇဉ် ထာဝရ ရှိကြလိမ့်မည်ဟု သူ မျှော်လင့်၏။
ဤသည်မှာ လူသားကို ဘုရားသခင် တောင်းဆိုသမျှ အရာအားလုံးပေတည်း။
လူသားသည် ၎င်းတို့၏ အတွေးများ နှင့်
အယူအဆများကို ပြောင်းလဲကာ
လူသား၏ စိတ်နှလုံးအတွင်းဆုံး၌ ဘုရားသခင်၏ စစ်မှန်သော မျက်နှာထား
ခိုင်ခံ့စွာ တည်ရှိမည်ဟု ဘုရားသခင် မျှော်လင့်ပေသည်။
ဤသည်မှာ ကမ္ဘာမြေကြီးပေါ်၌ ဘုရားသခင်၏ တစ်ခုတည်းသော ဆန္ဒပေတည်း။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၇)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။