၈၈၅ လူကိုကယ်တင်ရန် ဘုရားသခင်၏ အပတ်တကုတ်လုပ်ဆောင်မှုကျူး

၁ နောက်ဆုံးသောကာလ ဤအမှုတော် အဆင့်အတွင်းတွင် လူသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို မြင်ပြီး ဖြစ်သည်။ ဤအချိန်ကာလ အတွင်းတွင်၊ လူသားအနေဖြင့် ဘုရားသခင်၏ရည်ရွယ်ချက်တို့ကို တဖြည်းဖြည်း သိလာရန်၊ သူ လူသားအပေါ် အပ်နှင်းသော သမ္မာတရားကို တဖြည်းဖြည်း သိလာရန်အလို့ငှာ၊ ဘုရားသခင်သည် လူသားကို ထောက်ပံ့၏၊ ပံ့ပိုး၏၊ ဉာဏ်အလင်းပေးကာ လမ်းပြလေသည်။ ဘုရားသခင်သည် လူသားကို အမြဲပြစ်တင်ဆုံးမခြင်း၊ ဆုံးမပဲ့ပြင်ခြင်း နည်းလမ်းကို မပြုလုပ်သကဲ့သို့၊ စိတ်ရှည်ခြင်း၊ သည်းခံခြင်း တို့ကိုလည်း အမြဲမပြချေ။ ယင်းထက် လူတို့၏ မတူညီသောအဆင့်များတွင် လည်းကောင်း၊ ၎င်းတို့၏ မတူညီသောဝိညာဉ်အသက်တာများ၊ အရည်အချင်းများ နှင့်အညီ ဘုရားသခင်သည် လူတစ်ဦးချင်းစီအတွက် မတူညီသောနည်းလမ်းများဖြင့် ထောက်ပံ့ပေး၏။ သူသည် လူသားအတွက် အမှုအရာများစွာ လုပ်ဆောင်ပေးကာ၊ အဖိုးအခ ကြီးမားလှ၏။ လူသားသည် ဤအဖိုးအခ နှင့်ပတ်သက်၍ ဘာကိုမျှ မသိမြင်ကြပေ။

၂ ဘုရားသခင်၏ ချစ်ခြင်းသည် လက်တွေ့ကျ၏- ဘုရားသခင်၏ ကျေးဇူးတော်မှတဆင့်၊ လူသားသည် ဘေးဒုက္ခ တစ်ခုပြီးတစ်ခု ရှောင်ရှားနေပြီး၊ တစ်ချိန်လုံး ဘုရားသခင်သည် လူသား၏အားနည်းချက်အပေါ် သူ၏ သည်းခံခြင်းကိုလည်း အကြိမ်ကြိမ် ပြသ၏။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းသည် လူတို့အား လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ဆိုးယုတ်သော အနှစ်သာရကို တဖြည်းဖြည်း သိလာစေသည်။ ဘုရားသခင် ထောက်ပံ့သော အရာ၊ လူသားအပေါ် သူ၏ ဉာဏ်အလင်းပေးခြင်းနှင့် သူ၏လမ်းပြမှု အားလုံးသည် လူသားမျိုးနွယ်အား သမ္မာတရား၏ အနှစ်သာရကို ပို၍ပို၍ သိလာခွင့်ပေးပြီး လူတို့ လိုအပ်သောအရာ၊ ၎င်းတို့ လျှောက်သင့်သောလမ်း၊ မည်သည့်အရာအတွက် ရှင်သန်နေထိုင်သင့်ပုံ၊ ၎င်းတို့အသက်တာများ၏ တန်ဖိုးနှင့် အဓိပ္ပါယ်အပြင်၊ ရှေ့တွင်ရှိသော လမ်းအား မည်သို့လျှောက်ရမည် ဆိုသည်တို့ကို တိုး၍ တိုး၍ သိလာခွင့်ပေး၏။

၃ လူသားအပေါ် အမှုပြုရန် သူအသုံးပြုသည့် ဤနည်းလမ်းများသည် လူသား၏ နှလုံးသားနှင့် လူသား၏ စိတ်ဝိညာဉ်ကို စဉ်ဆက်မပြတ် နိုးထစေရန်ဖြစ်ကာ၊ လူသားအနေဖြင့် မည်သည့်နေရာက မိမိလာခဲ့သည်၊ မည်သူက မိမိကို လမ်းပြနေသည်၊ ထောက်ပံ့နေပြီး ပံ့ပိုးနေသည်၊ ပြီးလျှင် မည်သူက မိမိကို ယခုထိတိုင်အောင် ရှင်သန် ခွင့်ပြုထားသည် ဆိုသည်ကို သိနိုင်စေဖို့ဖြစ်သည်။ ထိုနည်းလမ်းများသည် လူအား မည်သူက ဖန်ဆင်းရှင် ဖြစ်သည်၊ မည်သူကို သူကိုးကွယ်သင့်သည်၊ မည်သို့သောလမ်းမျိုးကို လျှောက်သင့်သည်ဆိုသည်နှင့် ဘုရားသခင် ရှေ့မှောက်သို့ မည်သည့်နည်းလမ်းဖြင့် လာသင့်သည်ဆိုသည်တို့ကို နားလည်နိုင်စေသည့် နည်းလမ်းများ ဖြစ်သည်။ လူသားသည် ဘုရားသခင်၏စိတ်နှလုံးကို သိစေရန်၊ နားလည်စေရန် နှင့် လူသားကို ကယ်တင်ဖို့ဖြစ်သည့် ဘုရားသခင်၏ အမှုတော်နောက်ကွယ်က ကြီးစွာသောဂရုစိုက်မှုနှင့် အတွေးကို သဘောပေါက်စေရန်အလို့ငှာ၊ လူသား၏ နှလုံးသား တဖြည်းဖြည်း ပြန်၍အားပြည့်လာစေသည့် နည်းလမ်းတစ်ခု ဖြစ်သည်။

၄ လူသား၏ နှလုံးသား ပြန်လည်အားပြည့် လာသည့်အခါ၊ လူသည် ဆုတ်ယုတ်သော ပျက်စီးသော စိတ်သဘောထား တစ်ခုဖြင့် အသက်ရှင်ရန် ဆန္ဒမရှိတော့ပဲ၊ ယင်းအစား ဘုရားသခင်ကို စိတ်ကျေနပ်စေရန် သမ္မာတရားကို ရှာဖွေဖို့သာ ဆန္ဒရှိလာသည်။ လူ၏ နှလုံးသားသည် နိုးထ လာသည့်အခါ၊ လူသည် စာတန်ထံမှ အပြည့်အဝ ရုန်းထွက် နိုင်လေသည်။ စာတန်၏ အန္တရာယ်ပြုခြင်း၊ စာတန်၏ ထိန်းချုပ်ခြင်း သို့မဟုတ် အရူးလုပ်ခြင်းကို မခံရတော့ပေ။ ယင်းအစား ဘုရားသခင်၏ စိတ်နှလုံးကို ကျေနပ်စေဖို့ ဘုရားသခင်၏ အမှုနှင့် သူ၏ နှုတ်ကပတ်တော်တို့တွင် ဖန်တီးယူကာ ပူးပေါင်းဆောင်ရွက်နိုင်၏၊ ထိုသို့ဖြင့် ဘုရားသခင်ကို ကြောက်ရွံခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းတို့အား ရရှိလေသည်။ ဤသည်မှာ ဘုရားအမှုတော်၏ မူလရည်ရွယ်ချက် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၈၈၄ ဘုရားမေတ္တာဟာ စစ်မှန်လှပါတယ်

နောက်တစ်ခုသို့- ၈၈၆ ဘုရားရဲ့ချစ်ခြင်းမေတ္တာကို အဘယ်ဖန်ဆင်းခြင်းသတ္တဝါမှ မပိုင်ဆိုင်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၉၀၅ ဘုရားသခင်၏သြဇာအာဏာကို နားလည်နိုင်သောနည်းလမ်း

၁ဘုရားသခင်၏သြဇာအာဏာနဲ့ တန်ခိုး၊ ထင်ရှားသောလက္ခဏာ နှင့် သဘောသဘာဝတို့ကို သင်၏ စိတ်ကူးဖြင့်သိနားလည်မည်မဟုတ်စိတ်ကူးစိတ်သန်းမသုံးရဟုဆိုရာ၌...

၈၉၇ ဘုရားသည် လူကို အတတ်နိုင်ဆုံး ကယ်နိုင်လောက်သည်အထိ ကယ်တင်လိုသည်

၁ဘုရားသခင်၏ ကယ်တင်ခြင်းအမှုလုပ်ဆောင်နေစဉ်သူသည် ကယ်တင်နိုင်သမျှသောသူတို့ကို ကယ်တင်လိမ့်မည်၊ကယ်တင်နိုင်သမျှသောသူတို့အား...

၁၀၁၈ ဘုရားရဲ့ အောင်နိုင်မှုသင်္ကေတများ

၁လူတို့ကို နဂိုပုံစံအတိုင်းပြန်ဖြစ်စေတယ်သူတို့တာဝန် သူတို့ကျေပွန်ပြီး ကိုယ့်နေရာမှာကိုယ်နေဘုရားရဲ့အစီအစဉ်အားလုံးကို နာခံမယ်ဘုရားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။