၁၀၀၄ သူ၏ နောက်လိုက်များအပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များ

၁ လူသားမျိုးနွယ်နှင့် ဘုရားသခင် နောက်လိုက်သော သူများနှင့်ဆိုင်သည့် ဘုရားသခင်၏ မှန်ကန်သော သတ်မှတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်၏။ သူသည် သူ့နောက်သို့လိုက်သောသူများထံမှ အမှုအရာ ငါးခုကို တောင်းဆိုသည်- စစ်မှန်သောယုံကြည်မှု၊ သစ္စာစောင့်သိသော နောက်လိုက်ခြင်း၊ အကြွင်းမဲ့ ကျိုးနွံနာခံခြင်း၊ စစ်မှန်သော အသိပညာနှင့် အူလှိုက်သည်းလှိုက် ရိုသေလေးမြတ်ခြင်းတို့ ဖြစ်သည်။ လူတို့သည် သူ့ကို မေးခွန်းမထုတ်တော့ရန် သို့မဟုတ် ၎င်းတို့၏ စိတ်ကူးစိတ်သန်းများ သို့မဟုတ် မရေရာသကဲ့သို့ စိတ်ကူးသက်သက် ရှုထောင့်အမြင်များကို အသုံးပြုရင်း သူ့နောက် မလိုက်ရန် ဘုရားသခင် တောင်းဆို၏။ ၎င်းတို့သည် ဘုရားသခင် နောက်သို့ မည်သည့် စိတ်ကူးစိတ်သန်းများ သို့မဟုတ် အယူအဆများကိုမျှ အခြေခံ၍ မလိုက်ရ။ သူနောက်သို့လိုက်သောသူ အယောက်တိုင်းက ထိုသို့ သစ္စာစောင့်သိစွာ လုပ်ဆောင်ရန်၊ စိတ်မပါ့တပါ သို့မဟုတ် ဆက်ကပ်အပ်နှံမှု မရှိဘဲ မလိုက်ရန် သူ တောင်းဆိုသည်။ ဘုရားသခင်သည် သင့်အပေါ် သတ်မှတ်ချက်များ တစ်ခုတစ်လေ ပြုလုပ်သည့်အခါ၊ သင့်ကို စစ်ဆေးသည့်အခါ၊ သင့်ကို တရားစီရင်သည့်အခါ၊ သင့်ကို ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်သည့်အခါ သို့မဟုတ် သင့်ကို ဆုံးမပဲ့ပြင်ပြီး ရိုက်နှက်သည့်အခါ၊ သင်သည် သူ့ကို လုံးဝ ကျိုးနွံနာခံသင့်ပေသည်။ သင်သည် အကြောင်းပြချက်များကို ပြောဆိုသင့်ဖို့မဆိုထားနှင့်၊ အကြောင်းတရားကို သင် မမေးသင့် သို့မဟုတ် သတ်မှတ်ချက်များကို မပြုလုပ်သင့်ပေ။ သင်၏နာခံမှုသည် အကြွင်းမဲ့ ဖြစ်ရမည်။

၂ လူတို့ ရှိကြဖို့ ဘုရားသခင် ဆန္ဒရှိသည့် အသိပညာနှင့် ပတ်သက်လာသည့်အခါ၊ သူသည် သင့်ကို သူနှင့် သူ၏နှုတ်ကပတ်တော်များအား သတိပြုမိဖို့ တောင်းဆိုရုံမျှ မတောင်းဆိုဘဲ၊ ဘုရားသခင်နှင့်ပတ်သက်သည့် သင်၏ အသိပညာသည် မှန်ကန်ဖို့လည်း တောင်းဆိုသည်။ သင်သည် ဝါကျတစ်ကြောင်းသာ ပြောနိုင်လျှင်ပင် သို့မဟုတ် အနည်းငယ်မျှသာ သိလျှင်ပင်၊ ဤအနည်းငယ်မျှသည် မှန်ကန်ပြီး စစ်မှန်ကာ ဘုရားသခင် ကိုယ်တော်တိုင်၏ အနှစ်သာရနှင့် သဟဇာတဖြစ်၏။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် သူ့အပေါ် လက်တွေ့မကျသည့် သို့မဟုတ် ပေါ့ပေါ့တန်တန်ဖြစ်သော ချီးမွမ်းခြင်း သို့မဟုတ် ချီးကျူးခြင်းတစ်ခုတစ်လေကို စက်ဆုပ်ရွံရှာသောကြောင့် ဖြစ်သည်။ ထိုထက်ပို၍ လူတို့က သူ့ကို မတူမတန် သဘောထားကြသောအခါ၊ သူမုန်းတီး၏။ ဘုရားသခင်နှင့် ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးနေသည့် အတောအတွင်းတွင် လူတို့သည် တုံ့ဆိုင်းခြင်းမရှိဘဲ သဘောရှိ ပြောဆိုရင်း၊ သင့်တော်သည်ဟု ၎င်းတို့ မြင်သည်အတိုင်း ပြောဆိုရင်း၊ အမှန်တရားများကို အလေးထားခြင်းမရှိဘဲ ပြောဆိုကြသည်ကို သူမုန်းတီး၏။ ထို့အပြင် ဘုရားသခင်ကို ၎င်းတို့သိသည်ဟု ယုံကြည်ပြီး၊ ချုပ်တည်းမှု မရှိသကဲ့သို့ ကိုယ်နှုတ်စောင့်ထိန်းမှုမရှိဘဲ သူနှင့် ဆက်နွှယ်သည့် အကြောင်းအရာများကို ဆွေးနွေးကြရင်း၊ သူနှင့်ပတ်သက်သည့် ၎င်းတို့၏ အသိပညာနှင့်ပတ်သက်၍ ကြွားဝါကြသောသူတို့ကို မုန်းတီး၏။

၃ အူလှိုက်သည်းလှိုက် ရိုသေလေးမြတ်ခြင်းသည် သူ့နောက်လိုက် သူတို့အားလုံးအပေါ် ဘုရားသခင်၏ အဆုံးစွန်သော သတ်မှတ်ချက် ဖြစ်၏။ တစ်စုံတစ်ဦးသည် ဘုရားသခင်နှင့် ပတ်သက်သည့် မှန်ကန်ပြီး စစ်မှန်သော အသိပညာတစ်ခု ပိုင်ဆိုင်သည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ရိုသေလေးမြတ်နိုင်ကြပြီး မကောင်းမှုကို စစ်မှန်စွာ ရှောင်ကြဉ်နိုင်ကြ၏။ ဤရိုသေလေးမြတ်မှုသည် ၎င်းတို့နှလုံးသား၏ နက်ရှိုင်းသော နေရာများမှ လာပေသည်။ ဤရိုသေလေးမြတ်မှုသည် လိုလိုလားလား‌ ပေးထားခြင်းဖြစ်ပြီး၊ ဘုရားသခင်ထံမှ ဖိအား၏ ရလဒ်တစ်ခု မဟုတ်ပေ။ ဘုရားသခင်သည် သူ့ထံ ကောင်းမွန်သည့် သဘောထား သို့မဟုတ် အမူအကျင့် သို့မဟုတ် အပြင်ပန်း အပြုအမူ တစ်ခုတစ်လေနှင့်ဆိုင်သည့် လက်ဆောင်တစ်ခုပေးရန် သင့်အား မတောင်းဆိုပေ။ ထို့ထက် သင်သည် သူ့အား ရိုသေလေးမြတ်ရန်နှင့် သင့်နှလုံးသား၏ နက်ရှိုင်းသောနေရာများတွင် သူ့ကို ကြောက်ရွံ့ရန် သူတောင်းဆို၏။ ထိုသို့သော ရိုသေလေးမြတ်မှုကို သင်၏ အသက် စိတ်သဘောထား၌ ပြောင်းလဲမှုများ၊ ဘုရားသခင်နှင့်ပတ်သက်သည့် အသိပညာနှင့် ဘုရားသခင်၏လုပ်ဆောင်ချက်များကို သိနားလည်ခြင်း တစ်ခု ရရှိခြင်း၊ ဘုရားသခင်၏အနှစ်သာရကို သိနားလည်လာခြင်းနှင့် သင်သည် ဘုရားသခင်၏ သတ္တဝါများထဲမှ တစ်ဦးဖြစ်သည်ဆိုသည့် အချက်ကို သင်၏ အသိအမှတ်ပြုခြင်းတို့၏ ရလဒ်တစ်ခုအဖြစ် ကြိုးပမ်းရရှိပေသည်။

“နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၁၀၀၃ ဇိအုန်သို့ ဘုရားပြန်ပြီးနောက်ကျူး

နောက်တစ်ခုသို့- ၁၀၀၅ ဘုရား လူထံမှ နောက်ဆုံးတောင်းဆိုချက်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၈၀၄ ဘုရားသခင်ကို သိကျွမ်းခြင်း အကျိုးရလဒ်

၁ဖန်ဆင်းရှင်ဟာ ပဟေဠိတစ်ပုဒ် မဟုတ်တော့တာ တစ်နေ့ သင်သိလာမယ် သိလာမယ်ဖန်ဆင်းရှင်ဟာ ဘယ်တော့မှ မပုန်းကွယ်၊မျက်နှာတော်လည်း ဘယ်တော့မှ သင့်ဆီက...

၈၅၂ အချစ်ဆုံးအဖြစ်လူကို ဘုရားမှတ်ယူ

၁ဘုရား လူကို ဖန်ဆင်းလူတွေသွေဖယ်ပျက်စီးသည်ဖြစ်စေ၊ သူ့နောက်သို့ လိုက်သည်ဖြစ်စေ ချစ်ရသူများအဖြစ် လူကို ဘုရားမှတ်ယူ သူ၏အချစ်ဆုံးမိသားစုဟုလည်း...

၁၀၁၈ ဘုရားရဲ့ အောင်နိုင်မှုသင်္ကေတများ

၁လူတို့ကို နဂိုပုံစံအတိုင်းပြန်ဖြစ်စေတယ်သူတို့တာဝန် သူတို့ကျေပွန်ပြီး ကိုယ့်နေရာမှာကိုယ်နေဘုရားရဲ့အစီအစဉ်အားလုံးကို နာခံမယ်ဘုရားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။