၂၆ အနန္တတန်ခိုးရှင်ဘုရားကို ချီးမွမ်းသီဆိုပါ

၁ အနန္တတန်ခိုးရှင်ဘုရား၊ ချစ်ခင် ဖွယ်ဘုရား ကျွန်ုပ်တို့ ချီးမွမ်းသီဆို၊ကိုယ်တော့်ကို အစဉ် ချီးမွမ်းသီဆို။ ကိုယ်တော်သည်လူ့ဇာတိ၌ ပေါ်ထွန်းခဲ့ သည့် တစ်ပါးတည်းစစ်မှန်သောဘုရား၊ ဘုန်းတန်ခိုးနှင့်ကြွလာသော ကယ်တင်ရှင်။ ကိုယ်တော်သည် တစ်ပါးတည်းသော စစ်မှန်သော ဘုရားသခင်ဖြစ်ပေ၊ ကိုယ်တော်သည် အစဉ် စကားပြောပေ၊ ပြီးလျှင် ကိုယ်တော်သည် ကိုယ်တော်၏အမှုတော်ကို အစဉ် လုပ်ဆောင်နေ။ ယနေ့ထိတိုင် လူတွေကို ကိုယ်တော်လမ်းပြခဲ့။ ရွေးနုတ်ဖို့၊ သန့်စင်ဖို့ နှင့် ကယ်တင်ဖို့၊ ကိုယ်တော်သည် လူ့ဇာတိကို နှစ်ကြိမ်ခံယူခဲ့လေပြီ။ နာကျင်ခြင်း၊ နှိပ်စက်မှုကို ကိုယ်တော်ခံစားခဲ့ရသည်။ နိမ့်ကျရှုံ့ချမှုကိုခံကာ ဤဆိုးယုတ်သည့် ကာလ၏ ငြင်းပယ်ခြင်းခံရ။ ချွေး၊သွေး၊မျက်ရည်နှင့်အတူ ကိုယ်တော်ပေးခဲ့ သောအဖိုးအခသည် လူသားတို့အတွက် ကိုယ်တော့်မေတ္တာကို ပြည့်စုံစွာ ပြသခဲ့ပါသည်။ ကိုယ်တော့်အလိုတော်၊ သန့်ရှင်းခြင်းကို ဖွင့်ပြသည်။ ဖြောင့်မတ်သော ကိုယ်တော့်စိတ်သဘောထား ကို ကျွန်ုပ်တို့အား ဖွင့်ပြခဲ့ပြီးပါပြီ။ ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်တွေကနေ ကိုယ်တော်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ချစ်ဖွယ်ကောင်းခြင်းတို့ကို ကျွန်ုပ်တို့ မြင်ရပေ။ ကိုယ်တော့်နှုတ်ကပတ်တော်တွေက ကျွန်ုပ်တို့ကို သိမ်းပိုက်ပြီး ကယ်တင်ပေ၊ ကိုယ်တော်က လူတို့ရဲ့ ချစ်ခြင်းနဲ့ ထိုက်တန်ပေ။ အနန္တတန်ခိုးရှင်ဘုရား၊ ကိုယ်တော့်ကို ကျွန်ုပ်တို့ချစ်သည်။ အစဉ်ချီးမွမ်းသီဆိုမည်။ ကိုယ်တော်၏ ဖြောင့်မတ်သောစိတ်သဘောထားကို သီချင်းနှင့်ကခုန်ခြင်းဖြင့် ကျွန်ုပ်တို့ ချီးမွမ်း။ ကိုယ်တော့်ကို ကျွန်ုပ်တို့၏ ချီးမွမ်းထောပနာနှင့် ချစ်ခြင်းကို ပြသပါရစေ။

၂ အနန္တတန်ခိုးရှင်ဘုရား၊ ချစ်ခင် ဖွယ်ဘုရား ကျွန်ုပ်တို့ ချီးမွမ်းသီဆို၊ကိုယ်တော့်ကို အစဉ် ချီးမွမ်းသီဆို။ ကိုယ်တော် ရှေမှောက်၌ ကျွန်ုပ်တို့ အသက်ရှင်နိုင်ရန် ကိုယ်တော်သည်- သမ္မာတရားကို ဖော်ပြပြီး နှုတ်ကပတ်တော်ဖြင့် ကျွန်ုပ်တို့ကိုကျွေးမွေးသည်။ ကိုယ်တော် ကျွန်ုပ်တို့ကို ကယ်တင်နိုင်ရန် ကမ္ဘာမြေပေါ်တွင် အသက်၏စစ်မှန်မှု ကို ဖော်ပြခဲ့ပြီ။ နှုတ်ကပတ်တော် ကို ကျင့်သုံးပြီးနောက် သမ္မာတရားကို ကျွန်ုပ်တို့ နားလည်ကာ ကျွန်ုပ်တို့ အသက်တာတိုးပွား။ နှုတ်ကပတ်တော်သည် ကျွန်ုပ်တို့၏ ဆိုးညစ်မှုကို စစ်ကြော စင်ကြယ်စေပြီး အသစ်သော လူသားများ ဖြစ်လာ။ ကိုယ်တော်သည် သမ္မာတရား၊ လမ်းခရီး၊ အသက်ဖြစ်ပေ၊ ကိုယ်တော်သည် ကျွန်ုပ်တို့၏ ချစ်လှစွာသော ရိုသေလေးမြတ်ရသော မြတ်နိုးသော တစ်ပါးတည်းသောသူဖြစ်သည်။ ကိုယ်တော်သည် စာတန်ကို အနိုင်ယူကာ ကျွန်ုပ်တို့ကို ကယ်တင်ခဲ့ပြီး ဘုန်းတန်ခိုးအလုံးစုံ ကိုယ်တော်ရရှိပါ၏။ ကိုယ်တော့်ဉာဏ်ပညာကို ချီးမွမ်းမည် ကိုယ်တော့်ကို ကျွန်ုပ်တို့ အစဉ် ချီးမြှောက်မည်။ ကိုယ်တော့် ဘုန်းတန်ခိုး ကို ချီးမွမ်းကာ ကိုယ်တော်အတွက် သက်သေခံမည်။ ကိုယ်တော့်အတွက် ကခုန်၊ ချီးမွမ်း သီဆိုမည်။ အနန္တတန်ခိုးရှင်ဘုရား၊ ချစ်ခင် ဖွယ်ဘုရား ကျွန်ုပ်တို့ ချီးမွမ်းသီဆို၊ကိုယ်တော့်ကို အစဉ် ချီးမွမ်းသီဆို။

အရှေ့သို့- ၂၅ ဘုရားသခင်ထံ ချီးမွမ်းခြင်းနှင့် သီဆိုခြင်း ကျွန်ုပ်တို့ပေးအပ်

နောက်တစ်ခုသို့- ၂၇ ကျွန်ုပ်တို့အား ကယ်တင်သူသည် အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၈၉၇ ဘုရားသည် လူကို အတတ်နိုင်ဆုံး ကယ်နိုင်လောက်သည်အထိ ကယ်တင်လိုသည်

၁ဘုရားသခင်၏ ကယ်တင်ခြင်းအမှုလုပ်ဆောင်နေစဉ်သူသည် ကယ်တင်နိုင်သမျှသောသူတို့ကို ကယ်တင်လိမ့်မည်၊ကယ်တင်နိုင်သမျှသောသူတို့အား...

၄၀၀ ယုံကြည်သူတို့ လိုက်လံ သင့်သည့် လမ်းစဉ်

၁ သင် ယခု မည်သည့်အရာကို မီအောင်လိုက်သင့်သနည်း။ သင်သည် ဘုရားသခင်၏ အမှုကို သက်သေခံနိုင်စွမ်းရှိမရှိ၊ သင်သည် ဘုရားသခင်၏ သက်သေခံချက်တစ်ခုနှင့်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။