ဘုရား၏အမှုသည် နားလည်ရန် ခက်ခဲလှ၏ကျူး
၁ လူတို့သည် ဘုရားသခင်၏အလုပ်ကို ကြုံတွေ့ရချိန်တွင် သူနှင့်ပတ်သက်သော သူတို့၏ ပထမအသိပညာမှာ ဘုရားသခင်သည် နားလည်ရန် ခက်ခဲလှသည်၊ ဉာဏ်ပညာရှိပြီး အံ့ဖွယ်ဖြစ်သည်ဟူ၍ ဖြစ်သည်။ သူတို့သည် မသိလိုက်ဘဲ ဘုရားသခင်ကို ရိုသေလေးမြတ်နေပြီး သူပြုသောအလုပ်သည် လူသားတို့စိတ်က လက်လှမ်းမမီနိုင်သည့် လျှို့ဝှက်ဆန်းကြယ်ဖြစ်သည်ဟု ခံစားရသည်။ လူသားသည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီအောင်၊ ဘုရားသခင် စိတ်ကျေနပ်မှုရှိအောင်သာ အလိုရှိပြီး၊ ဘုရားသခင်ထက် ကျော်လွန်လိုသော ဆန္ဒမရှိပေ။ အကြောင်းမှာ ဘုရားသခင်ပြုသောအမှုသည် လူသားတို့ တွေးထင်ထားမှုနှင့် စိတ်ကူးတို့ထက်ကျော်လွန်ပြီး လူသားက အစားထိုးမလုပ်ဆောင်နိုင်ခြင်းကြောင့် ဖြစ်သည်။ လူသားကိုယ်တိုင်ပင်လျှင် သူ၏ကိုယ်ပိုင်မပြည့်စုံမှုများကို မသိပေ။ တစ်ဖက်တွင် ဘုရားသခင်သည် လမ်းအသစ်တစ်ခုကို ဖွင့်ထားပြီး လူသားတို့ကို ပို၍သစ်သော ပို၍လှပသော ကမ္ဘာတစ်ခုသို့ ယူဆောင်ရန် လာလေသည်။ သို့မှသာ လူသားမျိုးနွယ်သည် အသစ်သောတိုးတက်မှုကို ပြုလုပ်နိုင်ကာ အသစ်သော စတင်မှုရှိပေမည်။
၂ ဘုရားသခင်အပေါ် လူသားခံစားသည့်အရာသည် လေးစားမှုမဟုတ်ပေ။ လေးစားမှုတစ်ခုတည်းလည်း မဟုတ်ပေ။ သူတို့၏အလေးနက်ဆုံး အတွေ့အကြုံသည် ရိုသေခံ့ညားခြင်းနှင့် ချစ်ခြင်းမေတ္တာဖြစ်ပြီး သူတို့၏ ခံစားချက်မှာ ဘုရားသခင်သည် အမှန်ပင် အံ့ဖွယ်ဖြစ်သည်ဆိုခြင်းတည်း။ ဘုရားသခင်သည် လူသားတို့ မလုပ်နိုင်သောအရာကို လုပ်သည်၊ မပြောနိုင်သောအရာကို ပြောသည်။ ဘုရားသခင်၏ အလုပ်ကို တွေ့ကြုံဖူးသောသူများသည် အမြဲတမ်း ဖော်မပြနိုင်သော ခံစားချက်တစ်ခုကို ကြုံတွေ့ရသည်။ ပို၍လေးနက်သော အတွေ့အကြုံနှင့်လူများသည် အထူးသဖြင့် ဘုရားသခင်ကို ချစ်ကြသည်။ သူတို့သည် ဘုရားသခင်၏ နှစ်လိုဖွယ်ကောင်းမှုကို အမြဲတမ်းခံစားရပြီး ဘုရားသခင်၏အလုပ်သည် အလွန်ပင် ဉာဏ်ပညာရှိသည်၊ အလွန်ပင် အံ့ဖွယ်ဖြစ်သည်ဟု ခံစားမိကာ၊ ထို့ကြောင့် ယင်းသည် သူတို့ကြားတွင် အဆုံးမရှိသောစွမ်းအင်ကို ထုတ်ပေးသည်ဟု ခံစားမိကြသည်။ ယင်းသည် ကြောက်ရွံ့ခြင်း သို့မဟုတ် ရံဖန်ရံခါ ချစ်ခြင်းမေတ္တာနှင့် လေးစားမှုမဟုတ်ဘဲ ဘုရားသခင်၏ လူသားအပေါ်ချစ်ခြင်းမေတ္တာနှင့် သည်းခံမှုကို နက်နဲစွာခံစားခြင်းဖြစ်သည်။ သို့ရာတွင် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို တွေ့ကြုံခဲ့ရသောသူများက ဘုရားသခင်သည် ဘုန်းအာနုဘော်ကြီးပြီး လွန်ကျူးစော်ကား၍မရဟု ခံစားကြရသည်။ ဘုရားသခင်၏အလုပ်များစွာကို ကြုံတွေ့ခဲ့ရသော လူများပင်လျှင် ဘုရားသခင်ကို နားလည်နိုင်ခြင်း မရှိကြပေ။ ဘုရားသခင်၏အလုပ်သည် လူသားတို့၏ အယူအဆများနှင့် မကိုက်ညီဘဲ အမြဲတမ်းပင် သူတို့၏အယူအဆများနှင့် ဆန့်ကျင်နေကြောင်းကို ဘုရားသခင်ကို အမှန်တကယ် ရိုသေလေးမြတ်သော သူအားလုံးတို့သည် သိကြသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။