၉၄၆ ဘုရား၏အမျက်ဒေါသသည် ဖြောင့်မတ်သော သူ့စိတ်သဘောထား၏ ဖော်ပြချက်ဖြစ်သည်ကျူး

၁ ဘုရားသခင်၏ အမျက်ဒေါသကို သွန်ချခြင်းက သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားဆိုင်ရာ ဖော်ပြချက်၏ ရှုထောင့်တစ်ခုဖြစ်သော်လည်း ဘုရားသခင်၏ဒေါသသည် ၎င်း၏ပစ်မှတ်အပေါ် မဆင်မခြင်လုပ်ခြင်း လုံးဝမရှိသကဲ့သို့၊ အခြေခံမူမပါဘဲ လုပ်ခြင်းလည်း လုံးဝမရှိပေ။ ဆန့်ကျင်ဘက်အနေနှင့် ဘုရားသခင်က အမျက်ထွက်ရာ၌ လျင်မြန်ခြင်း လုံးဝမရှိသကဲ့သို့ သူ၏အမျက်ဒေါသနှင့် သူ၏ဘုန်းအာနုဘော်ကို ပေါ့ပေါ့တန်တန် ထုတ်ဖော်ခြင်းလည်း မပြုပေ။ ထို့အပြင် ဘုရားသခင်၏ အမျက်ဒေါသသည် အတော်ပင် ထိန်းထိန်းချုပ်ချုပ်ရှိပြီး ချင့်ချင့်ချိန်ချိန် ရှိသည်။ လူသား၏ ထောင်းခနဲ ဒေါသူပုံထတတ်ပုံမျိုး၊ သို့မဟုတ် ဒေါသအိုး ပေါက်ကွဲပုံမျိုးနှင့် လုံးဝနှိုင်းယှဉ်၍မရပေ။ ဘုရားသခင်၏ အမျက်ဒေါသကို ထုတ်လွှတ်ခြင်းက သူ့စိတ်နေစိတ်ထား၏ ဖော်ပြချက် လုံးဝမဟုတ်သကဲ့သို့၊ သူ၏ခံစားချက်များကို ဖွင့်ချခြင်းလည်း လုံးဝမဟုတ်ပေ။ ဘုရားသခင်၏ အမျက်ဒေါသက လူသားနားလည်သကဲ့သို့ လုံးလုံးလျားလျား ဒေါသအိုးပေါက်ကွဲထွက်ခြင်း မဟုတ်ပေ။ ဘုရားသခင်က သူ၏ကိုယ်ပိုင်စိတ်နေစိတ်ထားကို မထိန်းချုပ်နိုင်၍၊ သို့မဟုတ် သူ၏ဒေါသက ရေဆူမှတ်ကိုရောက်သွားပြီး ဖွင့်ချမှရတော့မည်ဖြစ်၍ သူ၏အမျက်ဒေါသကို ထုတ်လွှတ်ခြင်းမဟုတ်ပေ။ ဆန့်ကျင်ဘက်အနေနှင့် သူ၏အမျက်ဒေါသသည် သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားဆိုင်ရာ ပြသချက်ဖြစ်ပြီး စစ်မှန်သည့် ဖော်ပြချက်ဖြစ်သည်။ ထို့ပြင် ဤသည်မှာ သူ၏သန့်ရှင်းသည့် အနှစ်သာရနှင့် သက်ဆိုင်သည့် ပုံဆောင်ထုတ်ဖော်ခြင်းပင် ဖြစ်သည်။

၂ ဘုရားသခင်သည် အမျက်ဒေါသဖြစ်၏။ ထို့ပြင် သူသည် ထိပါးစော်ကားမှုကို သည်းမခံပေ- ဤသည်မှာ ဘုရားသခင်၏ဒေါသသည် အကြောင်းတရားများကို ခွဲခြားမှုမရှိဟုလည်းကောင်း၊ အခြေခံမူမရှိဟုလည်းကောင်း မဆိုလိုပေ။ အကြောင်းတရားများကို မခွဲခြားသော ဒေါသပေါက်ကွဲခြင်းမျိုးဖြစ်သည့် အခြေခံမူမရှိဘဲ ကြုံသလို ဒေါသအိုးပေါက်ကွဲခြင်းမျိုးကို ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်က အထူးသီးသန့် မူပိုင်ခွင့်ယူထား၏။ လူသားသည် အပြစ်တရား၏ ဖြစ်တည်မှုကို ကာကွယ်ရန်နှင့် ထိန်းသိမ်းရန်အလို့ငှာ ထောင်းခနဲ ဒေါသအိုးပေါက်ကွဲပြီး သူ၏ခံစားချက်များကို ဖွင့်ချလိမ့်မည်။ ဤလုပ်ရပ်များသည် လူသားက သူ၏မကျေနပ်မှုကို ဖော်ပြသည့် နည်းလမ်းများဖြစ်သည်။ ၎င်းတို့သည် မစင်ကြယ်ခြင်းများ၊ လျှို့ဝှက်ကြံစည်ခြင်းများနှင့် ခြေပုန်းခုတ်ခြင်းများ၊ လူသား၏ဖောက်ပြန်ပျက်စီးခြင်းနှင့် ဆိုးယုတ်ခြင်းတို့နှင့် ပြည့်လျှံနေပြီး၊ အခြားမည်သည့်အရာထက်မဆို လူသား၏ ခက်ထန်သည့် ရည်မှန်းချက်များ၊ ဆန္ဒများနှင့် ပြည့်လျှံနေသည်။ တရားမျှတမှုသည် ဆိုးသွမ်းမှုနှင့် ထိပ်တိုက်တွေ့သည့်အခါ၌ လူသားသည် တရားမျှတမှု၏ ဖြစ်တည်မှုကို ကာကွယ်ရန်သော်လည်းကောင်း၊ ထိန်းသိမ်းရန်သော်လည်းကောင်း ဒေါသူပုန်ထလိမ့်မည်မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေနှင့် တရားမျှတခြင်း၏ စွမ်းအားတို့ ခြိမ်းခြောက်ခံရသည့်အခါ၊ ညှဉ်းဆဲခံရပြီး တိုက်ခိုက်ခံရသည့်အခါ လူသား၏သဘောထားသည် လျစ်လျူရှုခြင်း၊ ရှောင်ကြဉ်ခြင်း၊ သို့မဟုတ် တွန့်ဆုတ်ခြင်းတို့ ဖြစ်သည်။ သို့သော်လည်း ဆိုးယုတ်မှု၏ စွမ်းအားများနှင့် ရင်ဆိုင်ရသည့်အခါ လူသား၏သဘောထားသည် ဖြည့်ဆည်းပေးခြင်း၊ မျက်နှာချိုသွေးခြင်းတို့ ဖြစ်သည်။ ထို့ကြောင့် လူသား၏ စိတ်ဖွင့်ချခြင်းသည် ဆိုးယုတ်သည့် စွမ်းအားတို့အတွက် လွတ်လမ်းတစ်လမ်းဖြစ်ပြီး ဇာတိပကတိလူသားတို့၏ ထကြွသောင်းကျန်းနေပြီး တားဆီး၍မရသော ဆိုးယုတ်သည့်အပြုအမူဆိုင်ရာ ဖော်ပြချက်တစ်ခုဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၉၄၅ ဘုရားအမျက်ဒေါသ၏ သင်္ကေတကျူး

နောက်တစ်ခုသို့- ၉၄၇ သောဒုံမြို့ကို ဘုရားဖျက်ဆီးခြင်းက လူသားမျိုးနွယ်ကိုပေးသော သတိပေးချက်ကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၂၇၆ လူတို့၏ကံကြမ္မာကို ဂရုပြုကြလော့

၁ လူမျိုးအပေါင်း၊ တိုင်းနိုင်ငံအားလုံးနဲ့အလွှာမျိုးစုံရှိ လူအပေါင်းတို့အား ဘုရား နှိုးဆော်တိုက်တွန်းဘုရားအသံတော်ကို နားစွင့်၊ အမှုတော်ကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။