မတူညီသောခေတ်များကို ကိုယ်စားပြုရန် မတူညီသော နာမတော်များကို ဘုရားသခင်ယူသည်ကျူး
၁ ခေတ်တစ်ခုစီတိုင်းတွင်၊ ဘုရားသခင်သည် အလုပ်သစ်ကို လုပ်ဆောင်ပြီး အမည်သစ် ခေါ်ဆိုခံရသည်။ မတူသောခေတ်များတွင် တူညီသော အလုပ်ကို သူ့အနေဖြင့် မည်သို့လျှင် လုပ်နိုင်မည်နည်း။
အမည်တစ်ခုတည်းက ဘုရားသခင်ကို လုံးလုံးလျားလျား ကိုယ်စားပြုနိုင်သလော။ အကြောင်းမှာ မည်သည့်အမည်တစ်ခုကမျှ ဘုရားသခင်ကိုယ်တော်တိုင်ကို အပြည့်အဝ ကိုယ်စားမပြုနိုင်သောကြောင့်ဖြစ်ပြီး အမည်တစ်ခုချင်းသည် သက်ဆိုင်ရာခေတ်တွင် ဘုရားသခင် စိတ်သဘောထား၏ ယာယီရှုထောင့်ကိုသာလျှင် ကိုယ်စားပြုနိုင်သောကြောင့် ဖြစ်သည်။ ယင်းအမည် လုပ်ရမည့်အလုပ် အားလုံးမှာ သူ၏အလုပ်ကို ကိုယ်စားပြုရန်ဖြစ်သည်။ သို့ဖြစ်ရာ ဘုရားသခင်သည် ခေတ်တစ်ခုလုံးကို ကိုယ်စားပြုရန် သူ၏စိတ်သဘောထားနှင့် လိုက်လျောညီထွေရှိစေမည့် မည်သည့်နာမတော်ကိုမဆို ရွေးချယ်နိုင်သည်။ ယေဟောဝါ၏ခေတ် ဖြစ်သည်ဖြစ်စေ၊ သို့မဟုတ် ယေရှု၏ခေတ် ဖြစ်သည်ဖြစ်စေ၊ ခေတ်တစ်ခုချင်းသည် အမည်နာမတစ်ခုဖြင့် ကိုယ်စားပြုခြင်းခံရသည်။
၂ ကျေးဇူးတော်ခေတ်အဆုံးတွင်၊ နောက်ဆုံးသောခေတ် ရောက်လာခဲ့ပြီး ယေရှုသည် လာရောက်ခဲ့ပြီးဖြစ်သည်။ သူ့ကို မည်သို့လျှင် ယေရှုဟု ဆက်ခေါ်မည်နည်း။ သူ့အနေဖြင့် မည်သို့လျှင် လူများအကြားတွင် ယေရှု၏ ပုံသဏ္ဌာန်ကို ယူနိုင်မည်နည်း။ ယေရှုသည် လူသားမျိုးနွယ်၏ ရွေးနုတ်သူသာ ဖြစ်သည်ဆိုသည်ကို သင်မေ့သွားပြီလော။ နောက်ဆုံးသော ကာလတွင် သူသည် အဘယ်သို့လျှင် သိမ်းပိုက်ခြင်းနှင့် လူကိုစုံလင်ခြင်းသို့ ရောက်စေခြင်း အလုပ်ကို လုပ်နိုင် မည်နည်း။ ဘုရားသခင်၏ နာမတော်၊ ဘုရားသခင်၏ အလုပ်နှင့် ဘုရားသခင်၏ ပုံသဏ္ဌာန် အမျိုးမျိုးတို့ကို ခေတ်တစ်ခေတ်မှ တစ်ခေတ်ကို ပိုင်းခြားရန်အတွက်နှင့် ယင်းတို့အကြား အပြောင်းအလဲ လုပ်ရန်အတွက် အသုံးပြုရာတွင် ဘုရားသခင်၏ နာမတော်နှင့် သူ၏ အလုပ်သည် သူ၏ ခေတ်ကို ကိုယ်စားပြုပြီး၊ ခေတ်တိုင်းတွင် သူ၏ အလုပ်ကို ကိုယ်စားပြုသည်။
၃ ခေတ်တိုင်းတွင် ဘုရားသခင်လုပ်သော အလုပ်၊ သူ့ကို ခေါ်သော နာမတော်နှင့် သူဆောင်ယူသော အဆင်းသဏ္ဌာန်တို့သည်၊ ခေတ်တိုင်းတွင် ယနေ့အထိတိုင်အောင် သူလုပ်ဆောင်သော အလုပ်၊ ယင်းတို့သည် တစ်ခုတည်းသော လုပ်ထုံးလုပ်နည်းကို မလိုက်နာသလို မည်သည့်ကန့်သတ်ချက်များနှင့်မျှ ကန့်သတ်ခံထားရခြင်း မရှိပေ။ သူသည် ယေဟောဝါဖြစ်သည်၊ သူသည် ယေရှုလည်း ဖြစ်သည်သာမက မေရှိယနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်လည်းဖြစ်သည်။ သူ၏အလုပ်သည် သူ၏နာမတော် ပြောင်းလဲလာသည်နှင့်အညီ တဖြည်းဖြည်း ပြောင်းလဲနိုင်သည်။ မည်သည့်နာမတော် တစ်ခုတည်းကမျှ သူ့ကိုပြည့်စုံစွာ ကိုယ်စားပြုနိုင်ခြင်း မရှိသော်လည်း၊ သူ့ကိုခေါ်ဆိုသော ဤနာမတော်အားလုံးသည် သူ့ကိုကိုယ်စားပြုနိုင်ပြီး ခေတ်တိုင်းတွင် သူလုပ်သော အလုပ်သည် သူ၏စိတ်သဘောထားကို ကိုယ်စားပြုသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။