စုံလင်စေခြင်းကို လူတိုင်းခံရနိုင်ရန် ဘုရားအလိုရှိ၏ကျူး
၁ စုံလင်စေခြင်း ခံလိုသောသူအားလုံးတွင် စုံလင်စေခြင်းခံခွင့်ရှိသဖြင့် လူတိုင်း အေးအေးလူလူနေရမည်၊ နောင်တွင် သင်တို့အားလုံး ခရီးပန်းတိုင်သို့ဝင်ရောက်လိမ့်မည်။ သို့ရာတွင် သင်သည် စုံလင်စေခြင်းခံရန် လိုလားမှု မရှိသည့်အပြင် အံ့သြဖွယ်ရာနယ်ပယ်သို့ဝင်ရောက်ရန် လိုလားမှု မရှိပါက၊ သင်ကိုယ်တိုင်၏ ပြဿနာသာ ဖြစ်၏။ စုံလင်စေခြင်းခံရန် လိုလား၍ ဘုရားသခင်အပေါ် သစ္စာရှိသူအားလုံး၊ နာခံသူအားလုံးနှင့် ၎င်းတို့၏အလုပ်ကို သစ္စာရှိစွာ ဆောင်ရွက်သူအားလုံး၊ ထိုကဲ့သို့သောသူအားလုံးတို့သည် စုံလင်စေခြင်းခံရနိုင်၏။ ငါသည် သင်တို့အကြား မည်သူ့ကိုမျှ စွန့်ပယ်ခြင်း သို့မဟုတ် ဖယ်ရှားခြင်းပြုရန် မလိုလားသော်လည်း လူသားသည် အောင်မြင်ရန်မကြိုးစားပါက၊ သင်သည် သင့်ကိုယ်သင် ဖျက်ဆီးနေခြင်းသာဖြစ်၏။ သင့်ကို ဖယ်ရှားသည်မှာ ငါမဟုတ်၊ သင်ကိုယ်တိုင်ပင်ဖြစ်၏။ ဘုရားသခင်၏အလိုမှာ လူတိုင်းကို စုံလင်စေရန်၊ အဆုံးတွင် သူမှရယူရန်၊ သူမှလုံးဝသန့်စင်စေရန်နှင့် သူချစ်သောသူဖြစ်လာရန် ဖြစ်၏။
၂ သင်တို့သည် ခေတ်နောက်ကျန်နေသည်ဟု ငါပြောသည်ဖြစ်စေ၊ အရည်အချင်း ညံ့ဖျင်းသည်ဟု ငါပြောသည်ဖြစ်စေ၊ အရေးမကြီးပေ၊ ဤသည်တို့အားလုံးမှာ အမှန်ဖြစ်၏။ ငါဤသို့ပြောသည်မှာ ငါသင့်ကို စွန့်ပစ်ရန်ရည်ရွယ်သည်၊ သင်တို့အပေါ် ငါမျှော်လင့်ချက် မရှိတော့ပြီဟူသည်ကို သက်သေပြသည် မဟုတ်ပေ။ ငါသည် သင်တို့ကို ကယ်တင်လိုခြင်း မရှိဟူသည်ကို သာ၍ပင် သက်သေပြသည် မဟုတ်ပေ။ ယနေ့ ငါသည် သင်တို့၏ ကယ်တင်ခြင်းအမှု ဆောင်ရွက်ရန် လာရောက်ခဲ့ပြီ။ ငါဆောင်ရွက်သည့်အမှုသည် ကယ်တင်ခြင်းအမှု၏ အဆက်ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ လူတိုင်းတွင် စုံလင်စေခြင်းခံရန်အခွင့်ရှိ၏၊ သင်သည် လိုလားမှုရှိပါက၊ သင်သည် ဆည်းပူးပါက၊ အဆုံးတွင် သင်သည် အကျိုးသက်ရောက်မှုများကို ရရှိနိုင်လိမ့်မည်ဖြစ်၍ သင်တို့တစ်ဦးမျှ စွန့်ပစ်ခံရမည် မဟုတ်ပေ။
၃ ငါသည် လူတိုင်းကို အလျင်မီစေလိုသည်။ လူတိုင်းကို အမှုနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ အလင်းပေးမှု ရှိစေလိုကာ၊ အဆုံးတိုင်အောင် နာခံနိုင်စေလိုသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သင်တို့တစ်ဦးစီ ထမ်းဆောင်ရမည့်တာဝန် ဖြစ်သောကြောင့်ဖြစ်၏။ သင်တို့အားလုံး သင်တို့၏တာဝန်ကို ထမ်းဆောင်ပြီးသည့်အခါတွင် သင်တို့သည် စုံလင်စေခြင်းခံခဲ့ရပြီး ဖြစ်လိမ့်မည်။ သင်တို့တွင် ထူးကဲလှသော သက်သေခံချက်လည်း ရှိလိမ့်မည်။ သက်သေခံချက်ရှိသူ အားလုံးသည် စာတန်အပေါ်အောင်နိုင်ခဲ့သူများနှင့် ဘုရားသခင်၏ကတိကို ရရှိခဲ့သူများဖြစ်၍ ၎င်းတို့သည် အံ့သြဖွယ်ရာ ခရီးပန်းတိုင်တွင်နေထိုင်ရန် ကျန်ရှိမည့်သူများ ဖြစ်ကြ၏။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။