၁၆၇ ခရစ်တော်သည် ကျွန်ုပ်တို့၏ ဘုရားသခင်

ဘုရား၏စကားက အသက်တန်ခိုးကို သယ်ဆောင်၊

ကျွန်ုပ်တို့ လျှောက်ဖို့ လမ်းကို ပြသ

သမ္မာတရားကို နားလည်ရန် ကူညီပေးတာ။

သူ့စကားနှင့် သူပြောပုံဖြင့် ကျွန်ုပ်တို့ဆွဲဆောင်ခြင်းခံရ

ဒီမထူးခြားတဲ့ လူတစ်ဦးရဲ့ ခံစားချက်ကို စိတ်ဝင်စားမိစေတယ်။

ကျွန်ုပ်တို့အတွက် အမှုပြုလျက်၊

ဘုရား အသွေးသွန်းကာ အိပ်ရေးပျက်ခံတာ

ကျွန်ုပ်တို့အတွက် မျက်ရည်ကျ၊ သက်ပြင်းချ၊ နာမကျန်းခြင်းခံစားရ

ကျွန်ုပ်တို့ကယ်တင်ခြင်းအတွက် အရှက်ကွဲခံရလေတာ။

ငါတို့ရဲ့ ထုံအ မှုနဲ့ ပုန်ကန်မှုတို့က သူ့နှလုံးသားမှ မျက်ရည်စီးစေ။


ဒီလိုဖြစ်တည်မှုအား ပုံမှန်လူသားမှာ မရှိနိုင်

ပျက်စီးသော လူသားက လက်လှမ်း၍မမီနိုင်။

ဖန်ဆင်းခံသတ္တဝါမပိုင်ဆိုင်နိုင်တဲ့

မေတ္တာ၊ သည်းခံခြင်း၊ စိတ်ရှည်ခြင်းကို ဘုရား ပြသ။


ဒီပုံမှန်ဖြစ်သည့်၊ မထင်ရှားသောသူဟာ ငါတို့၏ငြင်းပယ်ခြင်းခံရ

သူဟာ နေ့ည ကျွန်ုပ်တို့ တောင့်တသည့် ကျွန်ုပ်တို့ အတွေးများထဲက

သခင်ယေရှု မဟုတ်လားလေ

သူပါပဲ၊ ငါတို့ဘုရားပါပဲ သမ္မာတရား၊ အသက်နှင့် လမ်းခရီး။


သူမှအပ ဘယ်သူမှ ငါတို့ရဲ့အတွေးအားလုံးကို မသိနိုင်ပါ၊

ငါတို့ရဲ့ သဘာဝ၊ အနှစ်သာရကို သဘောမပေါက်နိုင်ပါ

လူသားမျိုးနွယ်ရဲ့ ပုန်ကန်ခြင်း၊

ဖောက်ပြန်ပျက်စီးမှုကို တရားမစီရင်နိုင်

ငါတို့အလယ် ကောင်းကင်ဘုံရှိ

ဘုရားကိုယ်စား အလုပ်လုပ်ကာ စကားမပြောနိုင်ကြပေ။

သူမှအပ ဘယ်သူမှ အခွင့်အာဏာ၊

ဉာဏ်ပညာနှင့် ဘုရားသခင်ရဲ့ ဂုဏ် မရှိကြ

ဘုရား၏ စိတ်သဘောထား၊ သူဖြစ်ခြင်းနှင့် အရာအားလုံးကို

ဘုရား သူ့ထံမှ ထုတ်ပြန်တာ။


ဒီပုံမှန်ဖြစ်သည့်၊ မထင်ရှားသောသူဟာ ငါတို့၏ ငြင်းပယ်ခြင်းခံရ

သူဟာ နေ့ည ကျွန်ုပ်တို့ တောင့်တသည့် ကျွန်ုပ်တို့ အတွေးများထဲက

သခင်ယေရှု မဟုတ်လားလေ

သူပါပဲ၊ ငါတို့ဘုရားပါပဲ သမ္မာတရား၊ အသက်နှင့် လမ်းခရီး။


သူမှအပ ဘယ်သူမှ ငါတို့ထံ အလင်းမယူဆောင်၊ လမ်းမပြနိုင်ဘူး

ယနေ့ထိ ဘုရားမပြသေးသော နက်နဲမှုများကို မဖွင့်ပြနိုင်။

သူမှတစ်ပါး ဘယ်သူမှငါတို့ကို ကျေးကျွန်ဘဝ၊

စာတန်ဆီမှရတဲ့ ငါတို့ဖောက်ပြန်တဲ့စိတ်သဘောထားမှ မကယ်တင်နိုင်။


ဘုရားကို သူကိုယ်စားပြု၊ ဘုရားရဲ့နှလုံးသားကအသံ

တိုက်တွန်းနှိုးဆော်မှုများ၊

လူသားမျိုးနွယ်အဖို့ တရားစီရင်ခြင်းကို သူမိန့်မြွက်။

ခေတ်သစ်၊ ကောင်းကင်သစ်နှင့် မြေကြီးအသစ်ကို သူယူဆောင်လာ။

ငါတို့အတွက် အသစ်သောမျှော်လင့်ခြင်းနှင့် အမှုသစ်ကို သူယူဆောင်လာ

မရေရာတဲ့ ငါတို့ဘဝကို သူအဆုံးသတ်ပေး

ကယ်တင်ခြင်း လမ်းကြောင်းအား ရှုမြင်ခွင့်ပေးရင်းလေ။

ငါတို့ဖြစ်တည်မှု သူအနိုင်ယူ၊ ငါတို့နှလုံးသားကို သူရရှိ

ယခုငါတို့စိတ်များနိုးကြား၊ ငါတို့ဝိညာဉ်များပြန်ရှင်သန်။


ဒီပုံမှန်ဖြစ်သည့်၊ မထင်ရှားသောသူဟာ ငါတို့၏ ငြင်းပယ်ခြင်းခံရ

သူဟာ နေ့ည ကျွန်ုပ်တို့ တောင့်တသည့် ကျွန်ုပ်တို့ အတွေးများထဲက

သခင်ယေရှု မဟုတ်လားလေ

သူပါပဲ၊ ငါတို့ဘုရားပါပဲ သမ္မာတရား၊ အသက်နှင့် လမ်းခရီး။


“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၄)- ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၌ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ရှုမြင်ခြင်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၁၆၆ တမ်းတခြင်းအနှစ် နှစ်ထောင်

နောက်တစ်ခုသို့- ၁၆၈ နောက်ဆုံးသောကာလ၏ခရစ်တော်သည် လူသားတို့အတွက် နိုင်ငံတော်သို့ဝင်ရောက်ရာတံခါးဖြစ်၏

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၈၉၇ ဘုရားသည် လူကို အတတ်နိုင်ဆုံး ကယ်နိုင်လောက်သည်အထိ ကယ်တင်လိုသည်

၁ဘုရားသခင်၏ ကယ်တင်ခြင်းအမှုလုပ်ဆောင်နေစဉ်သူသည် ကယ်တင်နိုင်သမျှသောသူတို့ကို ကယ်တင်လိမ့်မည်၊ကယ်တင်နိုင်သမျှသောသူတို့အား...

၃၈၄ ဘုရားကိုယုံကြည်ခြင်းရဲ့ စင်စစ်အဓိပ္ပာယ်

၁ များစွာသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာကို ဆိုလိုကြောင်းနှင့် ဘုရားသခင်၏ အလိုနှင့်...

၂၇၆ လူတို့၏ကံကြမ္မာကို ဂရုပြုကြလော့

၁ လူမျိုးအပေါင်း၊ တိုင်းနိုင်ငံအားလုံးနဲ့အလွှာမျိုးစုံရှိ လူအပေါင်းတို့အား ဘုရား နှိုးဆော်တိုက်တွန်းဘုရားအသံတော်ကို နားစွင့်၊ အမှုတော်ကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။