၁၀၆ ဘုရားသခင်၏မေတ္တာရခြင်းသည် ပျော်ရွှင်မှုကို အမှန်တကယ် ဆောင်ကြဉ်းပေးသည်

၁ နောက်ဆုံးသောကာလ ခရစ်တော် ကမ္ဘာမြေပေါ် ထွန်းပေါ်၊ ထာဝရအသက်ရဖို့လမ်းကို ယူဆောင်။ ဘုရားသခင်၏နှုတ်ကပတ်တော်မှ သမ္မာတရားကိုနားလည်၊ ကျွန်ုပ်လမ်းတွေ့ပြီ။ သခင်ဘုရားကို ယုံကြည်၊ အပြစ်ချည်နှောင်ခြင်းများ ကျွန်ုပ်မဖယ်ရှားနိုင်နိုင်။ ဘုရားသခင်၏နှုတ်ကပတ်တော် စီရင်ခြင်း ကျွန်ုပ်တွေ့ကြုံပြီ၊ ကျွန်ုပ်ကို ကျွန်ုပ်သိလာ။ ဘုရားသခင်၏ စမ်းသပ်မှုများ၊ စစ်ဆေးမှုများ နာခံကာ ကျွန်ုပ်၏ဘဝစိတ်သဘောထားပြောင်းလဲပြီ။ ဘုရားသခင်၏စီရင်ခြင်းအားဖြင့်သန့်ရှင်း၊ သူ၏ချစ်မေတ္တာတော် ကျွန်ုပ်တွေ့မြင်။ လူသားသဏ္ဌာန်ကဲ့သို့ ယခု အသက်ရှင်နေထိုင်၊ ဘုရားသခင်၏ကယ်တင်ခြင်း နောက်ဆုံးတွင် ရရှိ။ အိုဘုရားသခင် ကိုယ်တော့်မေတ္တာသည် စစ်မှန်ပါ၏။ လွန်စွာတင့်တယ်ပါ၏။ ကျွန်ုပ်နှလုံးသားကို ကိုယ်တော်သိမ်းပိုက်ပြီ။ ကိုယ်တော်ကို ကျွန်ုပ် လွန်စွာချစ်ပါ၏။

၂ ကျွန်ုပ်နှလုံးသား အားရကျေနပ်ပြီး ကျွန်ုပ်၏ဝိညာဉ် ဝမ်းမြောက်လေသည်၊ ဘုရားသခင်၏နှုတ်ကပတ်တော်များ ကျွန်ုပ်ကို နိုးကြွစေသောကြောင့်ဖြစ်သည်။ ဘုရား၏ မိန့်မြွက်ချက်များကို ဖတ်ကြားကာ သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယပြုလျက်၊ ကျွန်ုပ်သည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းခံရ။ ကျွန်ုပ် သမ္မာတရားကို နားလည်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်သည့်အခါ၊ ခပ်သိမ်းသောအမှုတို့၌ လမ်းကြောင်း ရှိပေသည်။ စာတန်၏စွမ်းအားကို ကျွန်ုပ် ထားရစ်ပေ၊ ကျွန်ုပ်နှလုံးသားလွတ်မြောက်လေသည်။ အမှန်တရားက ကျွန်ုပ်ကို လွတ်မြောက်စေပြီ၊ အလင်းတွင် ကျွန်ုပ် နောက်ဆုံး၌ ရှင်သန်သည်၊ ကျွန်ုပ်၏စိတ်နှလုံးသည် ဝမ်းမြောက်ခြင်းဖြင့် ပြည့်နှက်ပြီး၊ ကျွန်ုပ် အလွန် ပျော်ရွှင်ပေ။ ဘုရားသခင်၏နှုတ်ကပတ်တော်များက ကျွန်ုပ်အား ကယ်တင်ပြီး သူ့ရှေ့မှောက်တွင် ရှင်သန်စေသည်။ ကျွန်ုပ်၏ တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်ခြင်းနှင့် ဘုရား၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ရခြင်းကို ကျွန်ုပ် သဘောတွေ့လိုက်လေခြင်း။ ဘုရားသခင်ကို ချစ်သူအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာ အခံစားရဆုံးသူများ ဖြစ်ပေ။

၃ အို အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော် ကျွန်ုပ်ကို ပျော်ရွှင်သောဘဝတစ်ခုပေးပြီး ပျက်စီး၊ အကျင့်ပျက်ကာ၊ အဓိပ္ပာယ်မဲ့ဘဝတစ်ခုကို ဖယ်ရှားစေပြီ၊ သမ္မာတရားကိုရရှိရာတွင် ကိုယ်တော်ရှေ့မှောက်၌ ကျွန်ုပ်သည် ရိုးသားသူတစ်ဦးအဖြစ် ရှင်သန်ပေ။ ကိုယ်တော့်ကို ကျွန်ုပ်နှလုံးသားထဲ၌ ချစ်ခင်ပြီး ကိုယ်တော့်အတွက် ရိုသေလေးမြတ်မှု၌ ရှင်သန်ခြင်းသည် အမှန်တကယ် ကောင်းကြီးမင်္ဂလာ ခံစားရလေခြင်း။ ကိုယ်တော်၏ ကယ်တင်ခြင်း ကျေးဇူးတော်သည် ကြီးမြတ်လိုက်လေခြင်း။ ယင်းအကြောင်းအားလုံးကို ပြောဖို့ ထာဝရကာလသည်ပင် လုံလုံလောက်လောက် မရှည်ကြာ။ ချစ်သော အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော်ကို ထာဝရ ချစ်ပါမည်။ ကိုယ်တော်၏ တရားစီရင်ခြင်းနှင့် စမ်းသပ်မှုများ မည်သို့ရှိပါစေ၊ ကိုယ်တော် ပေးသည်ဖြစ်စေ ယူဆောင်သွားသည်ဖြစ်စေ၊ ကျွန်ုပ်သည် ကိုယ်တော်ကို နာခံပြီး သက်သေခံလေမည်။ ကျွန်ုပ်၏နှလုံးသား ကိုယ်တော်မှလွဲ၍ မည်သူမျှမပိုင်၊ ကိုယ်တော်ကို အစဉ်အမြဲချစ်ပြီး ချီးမွမ်းနေမည်။

အရှေ့သို့- ၁၀၅ ဘုရားသခင်ရှေ့မှောက်တွင် အသက်ရှင်ရင်း ကျွန်ုပ် အလွန်ပျော်ရွှင်

နောက်တစ်ခုသို့- ၁၀၇ အလင်းလမ်းကြောင်းတစ်လျှောက် ခရစ်တော်နောက်လိုက်ပါ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၇၉၉ ဘုရားအမှုတော်၏ ရည်ရွယ်ချက်ပန်းတိုင်

၁ဘုရားရဲ့အမှုတော်များစွာထဲမှာစစ်မှန်သောကိုယ်တွေ့ ရှိသူတိုင်း ဘုရားကို ချစ်ကြောက်ကြသည်ဘုရားရဲ့စစ်ကြောခြင်းနှင့်ဆုံးမခြင်းက လူသားတို့ကို...

၃၈၄ ဘုရားကိုယုံကြည်ခြင်းရဲ့ စင်စစ်အဓိပ္ပာယ်

၁ များစွာသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာကို ဆိုလိုကြောင်းနှင့် ဘုရားသခင်၏ အလိုနှင့်...

၂၁၇ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်သစ်အတိုင်းလိုက်နာ၍ ဘုရားရဲ့ချီးမွမ်းခြင်း ရယူပါ

၁ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အမှုကို လိုက်နာတာ လူတွေ ယနေ့ဘုရားအလိုတော်ကို နားလည်၊ ဘုရားရဲ့တောင်းဆိုချက်အတိုင်း ပြုမူ၊ ဘုရားကို နာခံ၊...

၁၈၃ လူ့ဇာတိခံဘုရားတွင် ထင်ရှားနေသည့် ဘုရား၏ သြဇာအာဏာနှင့် တန်ခိုး

၁ဘုရားသည် နှုတ်ကပတ်တော်ကို ပြည့်စုံစေဖို့ကမ္ဘာပေါ်သို့ကြွလာပြီ နှုတ်ကပတ်တော်သည် လူ့ဇာတိကိုခံသည်သူ၏လူ့ဇာတိအားဖြင့် နှုတ်ကပတ်တော်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။