၁၀၂၉ အသက်စမ်းရေမြစ်တစ်စင်း

၁ ကျောက်သလင်းကဲ့သို့ကြည်လင်သော အသက်ရေစီးရာမြစ်သည် ဘုရားသခင်နှင့် သိုးသငယ်၏ ပလ္လင်တော်ထံမှ စီးဆင်းလေသည်။ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ် နှစ်မျိုးကို သီးတတ်၏။ မိမိအသီးကိုလည်း လတိုင်းပေ တတ်၏။ အရွက်သည်လည်းလူအမျိုးမျိုး တို့၏ အနာ ရောဂါငြိမ်းစရာတို့ဖြစ်၏။ နောက်တဖန် ကျိန်ခြင်းဘေးတစုံတခုမျှမရှိ။ ထိုမြို့၌ ဘုရားသခင် နှင့် သိုးသငယ်၏ ပလ္လင်တော်ရှိ၍ ဘုရားသခင်၏ ကျွန်တို့ သည် ဘုရားဝတ်ကို ပြုကြ လိမ့်မည်။ မျက်နှာတော်ကိုမြင်ရ၍ သူတို့နဖူး၌လည်း နာမတော်ရေးထား လျက်ရှိလိမ့်မည်။ ထိုမြို့၌ညဉ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏ အရောင်ကိုလည်း အလိုမရှိ။ အကြောင်းမူကား ၊ ထာဝရ အရှင်ဘုရားသခင်သည် သူတို့၌ ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရ ကြလတံ့။

၂ သန့်ရှင်းသောမြို့၊ ယေရုရှလင်မြို့သစ် ဘုရားအထံတော် ကောင်းကင်ဘုံမှဆင်းသက် ကြည့်ရူလော့ဘုရား၏ ကျိန်းဝပ်ရာသည် လူတို့တွင်ရှိ၊ သူတို့နှင့်အတူကျိန်းဝပ်၊ ဘုရား၏ လူဖြစ်ကြလိမ့်မည်။ ဘုရားကိုယ်တိုင် သူတို့နှင့်အတူရှိ၍ သူတို့၏ဘုရားဖြစ်ပြီး သူတို့မျက်စိမှ မျက်ရည် ရှိသမျှကို သုတ်တော်မူမည်။ နောက်တစ်ဖန်သေခြင်း၊ ညည်းတွား ငိုကြွေးခြင်း၊ နာကျင်ခြင်းမရှိ။ ပြီးခဲ့သော (အတိတ်က)အရာများ မရှိတော့ပြီ။ ငါသည် ရေငတ်သောသူများအား အသက်စမ်းရေကို အဖိုးအခမယူပဲပေးမည်။ အောင်နိုင်သူတို့သည် အရာအားလုံးကို အမွေခံရမည်။ ငါသည် သူ၏ဘုရားဖြစ်၍ သူသည် ငါ၏သားဖြစ်လိမ့်မည်။

အနန္တတန်ခိုးရှင် ဘုရားသခင်နှင့် သိုးသူငယ်သည် မြို့၏ ဘုရားကျောင်းဖြစ်သည်။ ဤမြို့သည် တောက်ပရန်အတွက် နေကို မလိုအပ်သလို လကိုလည်း မလိုအပ်ပေ။ ဘုရားသခင်၏ ဘုန်းကျက်သရေက အလင်းပေးသောကြောင့် ဖြစ်သည်။ သိုးသူငယ်က ယင်း၏ အလင်းဖြစ်သည်။ လူမျိုးတို့သည် မြို့၏ အလင်းတွင် လျှောက်သွားကြလိမ့်မည်ဖြစ်ပြီး ကမ္ဘာမြေ၏ ရှင်ဘုရင်တို့က ၎င်းတို့၏ ဘုန်းကျက်သရေကို ဤမြို့သို့ သယ်ဆောင်လာကြသည်။ ဤမြို့၏ တံခါးတို့သည် နေ့တွင် လုံးဝ ပိတ်မည်မဟုတ်ပေ။ ထိုနေရာတွင် ည ရှိမည်မဟုတ်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် လူမျိုးတို့၏ ဘုန်းကျက်သရေနှင့် ဂုဏ်တို့အား ထိုမြို့သို့ သယ်ဆောင်လာကြလိမ့်မည်။ ညစ်ညုူးသောအရာမှန်သမျှ၊ စက်ဆုပ်စရာပြုသောအရာမှန်သမျှ သို့မဟုတ် လိမ်ညာမှုပြုသူမှန်သမျှ မဝင်ရဘဲ သိုးသူငယ်၏ အသက်စာစောင်၌ ရေးထားသောသူတို့သာ ဝင်ရမည်။

၄ အရှေ့ပိုင်းမှ အလင်းပေါ်ထွန်း၍ အနောက်ဘက်သို့ တောက်ပသည်။ နောက်ဆုံးသောနေ့ရက်ခရစ်တော်၊ အနန္တတန်ခိုးရှင်ဘုရားသခင် လူကြားထဲရောက်လာပြီ သူသည် သမ္မာတရားကို ဖော်ပြ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ပေါ်လာ ဘုရား၏ယဇ်ပလ္လင်ရှေ့မှောက်၊ လူသားအားလုံး.. နိုင်ငံတော်၏အလေ့အကျင့် နှင့် စုံလင်ခြင်းကို လက်ခံရရှိ။ နောက်ဆုံးသောကာလ၏ ခရစ်တော်သည် ထာဝရအသက်လမ်းစဥ်ကို ယူဆောင်ခဲ့ပြီ။ ဘုရား၏လူများသည် ဘုရားနှင့်အတူနေ့တိုင်း တွေ့ဆုံ အနှိုင်းဆမဲ့ချိုမြိန်သော ဘုရား၏နှုတ်ကပတ်တော်၌ ပျော်မွှေ့ နှုတ်ကပတ်တော် အသွားနှစ်ဖက်ချွန်ဓားသည် ဖြူစင်သန့်ရှင်း ရန် စစ်ကြောပြီး လူသားများအား ကယ်တင်သည်။ ဘုရား၏အိမ်တော် နှင့် အတူ တရားစီရင်ခြင်း စတင်ခဲ့သည်။ နောက်ဆုံးသောကာလ၏ တရားစီရင်သောနေ့တွင် ကန့်လန့်ကာ သည် ကာပွင့်သွားပြီ ဘုရား၏လူအားလုံးသည် အနန္တတန်ခိုးရှင်ဘုရား၏နာမတော်ကို ချီးမြောက် သူ၏ နိုင်ငံတော်သို့ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ရောက်လာပြီ။ ဘုရား၏အမှုတော်သည် ပြီးမြောက်ခဲ့ပြီ။ သူသည် ဘုန်းတော်အလုံးစုံကို ရရှိပြီ။

သမ္မာကျမ်းစာထဲရှိ ဗျာဒိတ်ကျမ်းကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၁၀၂၈ အနားယူနေသည့်အသက်တာကျူး

နောက်တစ်ခုသို့- ၁၀၃၀ ထာဝရခရီးပန်းတိုင်သို့ လူသားမျိုးနွယ် ဝင်ရောက်သည့်အခါကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၈၅၃ အားလုံးအတွက် ဘုရားသခင်ရဲ့ ပြည့်စုံသော စောင့်ရှောက်မှု

၁ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်း၊ အာဏာနှင့်မေတ္တာဘုရားသခင်ရဲ့အနှစ်သာရနှင့် ပင်ကိုစိတ်အလုံးစုံကိုအမှုတော်ဆောင်ရွက်ချိန်တိုင်း...

၆၀၉ ဘုရားရဲ့ ရင်းနှီးသူသာ သူ့ကိုဆက်ကပ်ဖို့ ထိုက်တန်

၁ဘုရားကိုဆက်ကပ် တဲ့သူဟာ သူ့ရဲ့ရင်းနှီးသူဖြစ်ရမယ်ဘုရားကချစ်တဲ့သူ၊ ဘုရားကိုသစ္စာရှိတဲ့သူ။လူအရှေ့ မှာဖြစ်ဖြစ် နောက်ကွယ်မှာဖြစ်ဖြစ် ဆက်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။