ဘုရားသည် မည်သည့်ဖန်ဆင်းခံအရာကိုမျှ သူ့အား လိမ်လည်ခွင့်မပြုကျူး
၁ ငါ့ကို အစေခံရန် သင်၏ စိတ်ပိုင်းဖြတ်ချက်ကို သင် ချမှတ်ပြီးသား ဖြစ်ခြင်းကြောင့် ငါသည် သင့်ကို အလွတ်ပေးမည် မဟုတ်။ ငါသည် မကောင်းမှုကို မုန်းသော ဘုရားသခင် ဖြစ်ပြီး လူ့အပေါ် သဝန်တိုတတ်သော ဘုရားသခင် ဖြစ်သည်။ သင်၏ စကားများကို ပလ္လင်တော်ထက်သို့ သင် လျှောက်တင်ခဲ့ပြီးသား ဖြစ်ခြင်းကြောင့် ငါ၏ မျက်စိ ရှေ့မှ သင် ထွက်ပြေးသည်ကို ငါ သည်းခံမည် မဟုတ်သည့်အပြင် သခင် နှစ်ဦးအား သင် အစေခံနေသည်ကို ငါ သည်းခံမည် မဟုတ်။ ငါ၏ ပလ္လင်တော်ထက်တွင် လည်းကောင်း၊ ငါ၏ မျက်စိ ရှေ့တွင်လည်း သင်၏ စကားများကို လျှောက်တင်ပြီးကာမှ သင် ချစ်ရမည့် အခြားအရာ ရှိနိုင်မည်ဟု သင် ထင်ခဲ့သလော။ ထို ပုံစံဖြင့် ငါ့ကို အရူးလုပ်ရန် လူတို့အား ငါ အဘယ်သို့ အခွင့်ပေးနိုင်မည်နည်း။ သာမန်ကာလျှံကာ သဘောဖြင့် ငါ့ကို သင် အဓိဌာန်များ ပြုနိုင်မည်၊ သင်၏ လျှာဖြင့် သစ္စာများကို ပြုနိုင်မည်ဟု သင် ထင်ခဲ့သလော။
၂ အမြင့်ဆုံးသော ဘုရားသခင်၊ ငါ၏ ပလ္လင်တော်ကို တိုင်တည်၍ သင် အဘယ်အတွက်ကြောင့် သစ္စာများကို ကျိန်ဆိုရသနည်း။ သင်၏ သစ္စာများသည် ဆိတ်သုဉ်းသွားနှင့်ပြီဟု သင် ထင်ခဲ့သလော။ သင်တို့ကို ငါ ပြောမည်၊ သင်တို့၏ သွေးသားခန္ဓာကိုယ်များ ပျက်စီးသွားသော်မှ သင်တို့၏ သစ္စာများ ဆိတ်သုဉ်းနိုင်ခြင်း မရှိ။ နောက်ဆုံးတွင် သင်တို့၏ သစ္စာများအပေါ် အခြေခံကာ သင်တို့အား ငါ စီရင်ချက်ချမည်။ သို့ရာတွင် ငါ နှင့် ရင်ဆိုင်ဖြေရှင်းရန် သင်တို့၏ စကားများကို ငါ့ ရှေ့တွင် ထားနိုင်ကာ သင်တို့၏ စိတ်နှလုံးများသည် ညစ်ညူးသော ဝိညာဉ်များ နှင့် နတ်ဆိုးများကို အစေခံနိုင်မည်ဟု သင်တို့ ထင်ကြသည်။ ငါ့ကို လိမ်ညာသော ခွေး ကဲ့သို့၊ ဝက် ကဲ့သို့သော ထို လူများကို ငါ၏ အမျက်ဒေါသသည် အဘယ်သို့ သည်းခံနိုင်ရမည်နည်း။
၃ ငါ၏ စီရင်ဆုံးဖြတ်နိုင်သော အမိန့်အာဏာများအတိုင်း ငါ လုပ်ဆောင်ရမည် ဖြစ်ပြီး ရှေးဆန်သော သူများ၊ ငါ့အား စနစ်တကျ “အစေခံ” သော ပုံစံဖြင့် ယုံကြည်သည့် “ဘာသာတရားကိုင်းရှိုင်းသော” သူများ အားလုံးကို ညစ်ညူးသော ဝိညာဉ်များ၏ လက်ထဲမှ ငါ ပြန်လုယူပြီး ငါ၏ နွား၊ ငါ၏ မြင်း ဖြစ်စေကာ ငါ၏ စီစဉ်ညွှန်ကြားမှုအောက်တွင် ရှိစေမည်။ သင်၏ ယခင်က စိတ်ပိုင်းဖြတ်ချက်ကို သင့်အား ငါ ပြန်ကောက်ယူစေကာ ငါ့အား နောက်တစ်ဖန် ပြန်အစေခံခိုင်းမည်။ ငါ့ကို လိမ်လည်သော ဖန်ဆင်းခံ တစ်စုံတစ်ရာကိုမျှ ငါ သည်းခံမည် မဟုတ်။ ငါ့ ရှေ့မှာ သင် လက်လွတ်စပယ် တောင်းလျှောက်ပြီး လက်လွတ်စပယ် လိမ်လည်နိုင်မည်ဟု သင် ထင်ခဲ့သလော။ သင်၏ အပြောအဆိုများ နှင့် အကျင့်များကို ငါ မကြားခဲ့ရ သို့မဟုတ် မမြင်ခဲ့ရဟု သင် ထင်ခဲ့သလော။ သင်၏ အပြောအဆိုများ နှင့် အကျင့်များသည် ငါ၏ မြင်ကွင်းထဲမှ အဘယ်အတွက်ကြောင့် မရှိရမည်နည်း။ ထို ပုံစံဖြင့် ငါ့ကို လိမ်လည်ရန် လူတို့အား ငါ အဘယ်သို့ အခွင့်ပေးနိုင်မည်နည်း။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့၏စရိုက်မှာ အလွန်အောက်တန်းကျလေစွ” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။