၁၀၁၄ နိုင်ငံတော်၏ အလှတရားကျူး

၁ “ငါသည် လူသားအားလုံး အပေါ်၌ ရွေ့လျားပြီး နေရာအားလုံးကို စောင့်ကြည့်နေသည်။ မည်သည့်အရာမှ ဟောင်းနွမ်းသော ပုံမပေါက်၊ မည်သူတစ်ဦးတစ်ယောက်မျှ အရင်လို မဟုတ်ကြတော့ပေ။ ငါသည် ပလ္လင်ထက်၌ အနားယူပြီး စကြဝဠာတစ်ဝှမ်းလုံးကို ကျောခင်းလျက် ရှိသည်...” ယင်းမှာ ဘုရားသခင်၏ လက်ရှိအလုပ်၏ ရလဒ်ပင် ဖြစ်သည်။ ဘုရားသခင်၏ ရွေးချယ်ခြင်းကို ခံရသောသူများ အားလုံးသည် ၎င်းတို့၏ မူလသဏ္ဌာန်သို့ ပြန်ပြောင်းကြပြီး၊ ယင်းအရာကြောင့် နှစ်ပေါင်းများစွာ ဝေဒနာခံခဲ့ရသော ကောင်းကင်တမန်တို့သည် လွတ်မြောက်ကြကာ၊ “၎င်းတို့၏မျက်နှာများသည် လူသား၏နှလုံးသားထဲ၌ ရှိနေသော သန့်ရှင်းသောသူ၏ မျက်နှာ ရှိကြသည်။” ဟု ဘုရားသခင် ပြောသည့်အတိုင်းပင် ဖြစ်သည်။ ကောင်းကင်တမန်များသည် ကမ္ဘာမြေကြီးပေါ်တွင် လုပ်ဆောင်ပြီး ဘုရားသခင်အား အစေခံကြသည့်အတွက်နှင့်၊ ဘုရားသခင်၏ ဘုန်းတော်သည် လောကတစ်ဝှမ်းတွင် ပျံ့နှံ့သည့်အတွက်၊ ကောင်းကင်ဘုံသည် ကမ္ဘာမြေကြီးသို့ ယူဆောင်ခံရကာ၊ ကမ္ဘာမြေကြီးသည် ကောင်းကင်ဘုံသို့ ချီမသွားခြင်းကို ခံရသည်။ ထို့ကြောင့်ပင် လူသားသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးအား ဆက်သွယ်ပေးသော အချိတ်အဆက် ဖြစ်သည်။ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးသည် ဝေးကွာခြင်း မရှိတော့ဘဲ၊ ကင်းကွာခြင်း မရှိတော့ဘဲ၊ တစ်လုံးတစ်ဝတည်းအဖြစ်သို့ ပေါင်းဆက်သွားသည်။

၂ ကမ္ဘာလောကကြီး တစ်ခုလုံးတွင်၊ ဘုရားသခင်နှင့် လူသားသာ တည်ရှိသည်။ မြေမှုန့် သို့မဟုတ် အညစ်အကြေးလည်း မရှိဘဲ၊ အရာအားလုံးသည် အသစ်လဲကြပြီး၊ ကောင်းကင်အောက် စိမ်းလန်းသော မြက်ခင်းပြင်တွင် လဲလျောင်းနေသော သိုးငယ်လေး တစ်ကောင်ကဲ့သို့၊ ဘုရားသခင်၏ ကျေးဇူးတော် အားလုံးကို မွေ့လျော်ခံစားလျက် ရှိကြသည်။ ဤစိမ်းလန်းခြင်း ဆိုက်ရောက်လာမှုကြောင့် အသက်ဇီဝသည် ထွန်းလင်းခြင်းဖြစ်သည်၊ အကြောင်းမှာ ဘုရားသခင်သည် လူသား၏ဘေးတွင် ထာဝရကာလတိုင် နေထိုင်ရန်အလို့ငှာ လောကကြီးထဲသို့ ကြွဆင်းလာခြင်းကြောင့် ဖြစ်သည်၊ “ဘုရားသခင်၏ တဲတော်သည် လူတို့တွင် ရှိပြီး သူသည် ဇိအုန်အထဲတွင် တဖန် ငြိမ်သက်စွာ နေထိုင်နိုင်ပြီ ဖြစ်သည်။ ဤအရာသည် စာတန်၏ရှုံးနိမ့်မှု သင်္ကေတပင် ဖြစ်သည်၊ ယင်းမှာ ဘုရားသခင် အနားယူရာ ရက်ပင်ဖြစ်ပြီး၊ ဤနေ့ရက်သည် လူအားလုံး၏ ချီးမွမ်းထောမနာပြုခြင်းနှင့် ကြွေးကြော်ခြင်းအား ခံရမည်ဖြစ်ကာ၊ လူအားလုံး၏ အမှတ်တရ ကျင်းပခြင်းလည်း ခံရမည်ဖြစ်သည်။ ပလ္လင်ပေါ်တွင် ဘုရားသခင် အနားယူသော အချိန်သည် ကမ္ဘာပေါ်ရှိ သူ၏အလုပ်အား ဘုရားသခင် နိဂုံးချုပ်ချိန်လည်း ဖြစ်ပြီး၊ ဘုရားသခင်၏ လျှို့ဝှက်ဆန်းကြယ်မှုများကို လူသားအားပြသသော အခိုက်အတန့်လည်း ဖြစ်သည်။ ဘုရားသခင်နှင့် လူသားသည် အစဉ်အမြဲ သဟဇာတဖြစ်လိမ့်မည် ဖြစ်ပြီး၊ မည်သည့်အခါမျှ ဝေးကွာလိမ့်မည် မဟုတ်၊ ဤအရာများသည် နိုင်ငံတော်၏ လှပသော မြင်ကွင်းများပင်တည်း။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ‘စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ’ နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၁၆)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၁၀၁၃ ကောက်ကျစ်သူများကို ဘုရားမကယ်တင်ကျူး

နောက်တစ်ခုသို့- ၁၀၁၅ လူသားအပေါ် ဘုရား ပေးတဲ့ အကြီးမားဆုံး ကောင်းချီး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၁၄ ဘုရားသခင်သည် အရှေ့ရပ်၌ဘုန်းတော်နဲ့ ထင်ရှား

၁ စကြဝဠာတစ်ခုလုံး ၌ ဘုရားသခင် အမူတော် ဆောင်ရွက်နေ အရှေ့ဘက်က မိုးခြိမ်းသံများ မရပ် ဂိုဏ်းအယူဝါဒ အသင်းခွဲအားလုံး တုန်လှုပ်စေသူတို့အားလုံးကို...

၈၅၂ အချစ်ဆုံးအဖြစ်လူကို ဘုရားမှတ်ယူ

၁ဘုရား လူကို ဖန်ဆင်းလူတွေသွေဖယ်ပျက်စီးသည်ဖြစ်စေ၊ သူ့နောက်သို့ လိုက်သည်ဖြစ်စေ ချစ်ရသူများအဖြစ် လူကို ဘုရားမှတ်ယူ သူ၏အချစ်ဆုံးမိသားစုဟုလည်း...

၂၀၉ လမ်းမှန်ရှာဖွေဖို့အတွက် လမ်းစဉ်များ

၁ စစ်မှန်သောလမ်းခရီးကို ရှာခြင်း၌ အခြေခံအကျဆုံးနိယာမမှာ မည်သည့်အရာနည်း။ သင့်အနေဖြင့် ဤလမ်းခရီး၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိ မရှိ၊...

၃၈၄ ဘုရားကိုယုံကြည်ခြင်းရဲ့ စင်စစ်အဓိပ္ပာယ်

၁ များစွာသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာကို ဆိုလိုကြောင်းနှင့် ဘုရားသခင်၏ အလိုနှင့်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။