၄၂၄ အကြီးမြတ်ဆုံးသော ဉာဏ်ပညာမှာ အရာခပ်သိမ်းတွင် ဘုရားသခင်ကို အားကိုးပြီး ဘုရားသခင်ကို မှီခိုရန် ဖြစ်သည်

၁ သမ္မာတရားကို လူတစ်ဦးမည်မျှနားလည်သည်ဖြစ်စေ၊ တာဝန်မည်မျှကို ဖြည့်ဆည်းပြီးဖြစ်ပါစေ၊ ထိုတာဝန်များကို ဖြည့်ဆည်းစဉ်တွင် မည်မျှ တွေ့ကြုံရပြီးဖြစ်ပါစေ၊ လူတစ်ဦး၏ ဝိညာဥ်ရင့်ကျက်မှုသည် မည်မျှကြီးမားပါစေ သို့မဟုတ် မည်မျှ သေးငယ်ပါစေ၊ သို့မဟုတ် လူတစ်ဦးသည် မည်ကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် ရှိနေပါစေ၊ မရှိမဖြစ် အရာတစ်ခုမှာ မိမိလုပ်သမျှတိုင်းတွင်၊ ဘုရားသခင်ကို အားကိုးပြီး ဘုရားသခင်အပေါ် မှီခိုရမည်ဖြစ်သည်။ ဤသည်မှာ အကြီးမားဆုံးသော ဉာဏ်ပညာအမျိုးအစား ဖြစ်၏။ လူတစ်ဦးက သမ္မာတရားများစွာကို နားလည်လာပြီးသော်လည်း၊ ဘုရားသခင်အပေါ် သူမမှီခိုလျှင် ယင်းက အလုပ်ဖြစ်လိမ့်မည်လော။ အချိန်အနည်းငယ်ကြာ ဘုရားသခင်ကို ယုံကြည်လျက်ရှိပြီးနောက်တွင်၊ လူအချို့သည် သမ္မာတရားအချို့ကို သိနားလည်လာကြပြီး စမ်းသပ်မှုအနည်းငယ်ကို ကြုံကြရပြီးဖြစ်သည်။ လက်တွေ့ကျသော အတွေ့အကြုံအချို့ သူတို့ ရရှိကောင်းရရှိပြီးဖြစ်နိုင်သော်လည်း၊ ဘုရားသခင်ကို မည်သို့အားကိုးပြီး သူ့အပေါ် မည်သို့မှီခိုရမည်ကို သူတို့ နားမလည်ကြချေ။ ထိုသို့သော လူတို့သည် ဉာဏ်ပညာကို ပိုင်ဆိုင်ကြပါသလော။ ၎င်းတို့သည် အမိုက်မဲဆုံးသော လူများဖြစ်ကြပြီး၊ မိမိတို့ကိုယ်ကိုယ် တော်သည်ဟု ထင်ကြသည့် အတန်းစား ဖြစ်သည်၊ ဘုရားသခင်ကို သူတို့ မကြောက်ရွံ့သကဲ့သို့ မကောင်းမှုကို မရှောင်ကြဉ်ကြချေ။

၂ ဝိညာဉ်ရေးရာ အယူဝါဒများစွာအကြောင်း ပြောဆိုခြင်းတို့သည် ဘုရားသခင်၏ အလိုကို အခြေအနေတိုင်း၌ သိနားလည်ခြင်းနှင့် ညီမျှဖို့နေနေသာသာ၊ သမ္မာတရားကို သိနားလည်ခြင်းနှင့်ပင် မညီမျှပေ။ ထို့ကြောင့်၊ ဤနေရာတွင် သင်ယူရမည့် အလွန်အရေးကြီးသော သင်ခန်းစာတစ်ခု ရှိ၏။ ယင်းမှာ လူတို့သည် အရာခပ်သိမ်းတွင် ဘုရားသခင်ကို အားကိုးဖို့လိုအပ်ပြီး ထိုသို့လုပ်ဆောင်ခြင်းအားဖြင့်၊ ၎င်းတို့သည် ဘုရားသခင်အပေါ် အားထားမှု ရရှိနိုင်သည်။ ဘုရားသခင်အပေါ် အားထားခြင်း အားဖြင့်သာလျှင် ၎င်းတို့သည် လိုက်လျှောက်ရမည့် လမ်းကြောင်းတစ်ခု ရှိလေသည်။ ဤနေရာတွင် ဆိုးရွားသည့် ပြဿနာတစ်ခုရှိ၏၊ ယင်းမှာ လူတို့သည် မိမိတို့၏ အတွေ့အကြုံနှင့် ၎င်းတို့ နားလည်ခဲ့ကြသည့် စည်းမျဉ်းများအပေါ်နှင့် အချို့သော လူ့စိတ်ကူးစိတ်သန်းများအပေါ် မှီခိုကာ အမှုအရာများစွာကို လုပ်ဆောင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို အားကိုးခြင်းနှင့် သူ့ထံ မှီခိုခြင်းတို့အားဖြင့် စွမ်းဆောင်မရရှိနိုင်သလောက် ဖြစ်ကြပြီး။ ယင်းသည် ၎င်းတို့အား မိမိတို့၏ ဆန္ဒအလျောက် လုပ်ဆောင်ရန် လွယ်ကူစေသည်။ ယင်းကဲ့သို့သော လူများသည် မကောင်းမှုကို မလုပ်ဆောင် သော်လည်း ဘုရားသခင်သည် စိတ်ကျေနပ်မှု မရရှိသေးပေ။ ဤအကြောင်းရင်းကြောင့် အကြီးမြတ်ဆုံးသော ဉာဏ်ပညာမှာ အရာခပ်သိမ်းတွင် ဘုရားသခင်ကို အားကိုးပြီး သူ့ကို မှီခိုရန် ဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်အား ယုံကြည်ခြင်းသည် လောက၏ မကောင်းသောခေတ်ရေစီးကြောင်းများကို ထိုးဖောက်မြင်ခြင်းမှ စတင်ရမည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၄၂၃ စစ်မှန်သော ဆုတောင်းခြင်းမရှိဘဲ စစ်မှန်သော အစေခံခြင်းမရှိ

နောက်တစ်ခုသို့- ၄၂၅ ရှေ့တော်၌ ငြိမ်ဝပ်သူများသာ အသက်ကိုအလေးထား

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၂၀၉ လမ်းမှန်ရှာဖွေဖို့အတွက် လမ်းစဉ်များ

၁ စစ်မှန်သောလမ်းခရီးကို ရှာခြင်း၌ အခြေခံအကျဆုံးနိယာမမှာ မည်သည့်အရာနည်း။ သင့်အနေဖြင့် ဤလမ်းခရီး၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိ မရှိ၊...

၂၅၆ အရာခပ်သိမ်းကို ဘုရားဘယ်လိုအုပ်စိုးကြောင်း

၁ ဤလောကထဲသို့ ငိုကြွေးခြင်းနှင့် သင်ရောက်လာသင်လုပ်ငန်းတို့ကိုစတင်လုပ်ဆောင်ဘုရားရဲ့ဘိသိက်ပေးခြင်းနှင့် အကြံတော် ကိုယ့်တာဝန်ကိုယ်ယူသင့်ဘဝခရီး...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။