၁၀၀၆ လူသားကို ဘုရားသခင်၏ စုံလင်စေခြင်းနှင့်ဆိုင်သော သတ်မှတ်ချက်လေးခု

၁ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လူတို့ လက်ခံခြင်းနှင့် စုံလင်စေခြင်းကို ရရှိုခြင်းအဖို့ အခြေခံကျသော သတ်မှတ်ချက် လေးခုရှိသည်- လက်ခံနိုင်သော အဆင့်တစ်ခုအထိ သင်၏ တာဝန်ကို ဆောင်ရွက်ခြင်း၊ နာခံခြင်း သဘောထားတစ်ခု ရှိခြင်း၊ အခြေခံအားဖြင့် ရိုးသားခြင်းနှင့် နောင်တရသည့် စိတ်နှလုံးတစ်ခုရှိခြင်းတို့ဖြစ်သည်။ ဤသတ်မှတ်ချက်လေးခု ပြည့်စုံသည့်အခါ၊ ဘုရားသခင်သည် လူတို့အထဲ၌ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အမှုကို အစပြုလေသည်။ လူတို့အထဲ၌ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုကို မဆောင်ရွက်မီတွင်၊ ဘုရားသခင်က ၎င်းတို့ကို တိုင်းတာလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့ကို သူ မည်သို့ တိုင်းတာသနည်း။ ဘုရားသခင်တွင် စံအချို့ရှိ၏။ ပထမဦးစွာ၊ ၎င်းတို့ကို သူပေးထားသည့် စေခိုင်းချက်အပေါ် လူတို့၏ သဘောထားများ မည်သို့ရှိသည်၊ ၎င်းတို့ သစ္စာရှိနိုင်စွမ်း ရှိမရှိ၊ ၎င်းတို့၏ စိတ်နှလုံးနှင့် စွမ်းအားရှိသမျှကို ပေးနိုင်ခြင်း ရှိမရှိကို သူကြည့်သည်။ အကျဉ်းရုံးအားဖြင့်၊ သင်၏ တာဝန်ကို လက်ခံနိုင်သည့် အဆင့်တစ်ခုထိ သင် ဆောင်ရွက်နိုင်စွမ်း ရှိမရှိကို သူ ကြည့်သည်။ ဤသည်မှာ နံပါတ်တစ် ဖြစ်သည်။

၂ ဒုတိယအနေဖြင့်၊ ဘုရားသခင်အပေါ် နာခံမှုရှိသည့် သဘောထားတစ်ခု သင် ပိုင်ဆိုင်ရမည်။ သင်သည် လုံး၀နာခံမှု မရရှိနိုင်မီ၊ နာခံမှုရှိသည့် သဘောထားတစ်ခု သင်၌ ရှိရမည်။ သင့်ကို ဘုရားသခင် ပေးသည့် စေခိုင်းချက်များကို သင်၏ ကိုင်တွယ်ဖြေရှင်းခြင်းတွင်၊ ၎င်းတို့ကို အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ဖြင့် ကိုင်တွယ်ဖြေရှင်းခြင်းအပြင်၊ သမ္မာတရားကိုလည်း ရှာဖွေနိုင်ရမည်ဖြစ်သည်၊ ဘုရားသခင်၏ အလိုတော်ကို နားလည်နိုင်ရမည်ဖြစ်ပြီး မည်သည့် ပတ်ဝန်းကျင်မျိုးတွင် သင် ရှိသည်ဖြစ်စေ၊ သင့်အပေါ် ကျရောက်သည့် အဖြစ်အပျက်များကို ပဓာနမထားဘဲ၊ နာခံမှုရှိသည့် သဘောထားတစ်ခု ရှိနိုင်စွမ်းရှိရမည်။ ဆိုလိုသည်မှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက မှန်ကန်သည်ကို သင် လက်ခံသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် သင်ခံယူသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ လက်တွေ့လုပ်ဆောင်မှု အခြေခံသဘောတရားအဖြစ် သင်ခံယူပြီး၊ ထိုအခြေခံသဘောတရားကို သဘောပေါက်မှု အားနည်းလျှင်ပင်၊ အယူဝါဒကို ဖက်တွယ်သကဲ့သို့ ယင်းကို သင် လိုက်နာနိုင်သည်ကို ဆိုလိုပေသည်။ ဤသည်မှာ သဘောထားတစ်မျိုး ဖြစ်သည်။ 

၃ နာခံမှုရှိသည့် သဘောထားတစ်ခုကို သင် ပိုင်ဆိုင်သည်နှင့်တစ်ပြိုင်နက်၊ သင်၏ စကားများ၊ အနေအထိုင်နှင့် အပြုအမူများတွင် နောက်ထပ် ပြောင်းလဲမှုများ မကြာခင် လိုက်လာလိမ့်မည်။ ပြီးလျှင် ဤပြောင်းလဲမှုများက မည်သည့်အရာများ ဖြစ်ကြလိမ့်မည်နည်း။ ဘုရားသခင်က သင့်ကို အခြေခံအားဖြင့် ရိုးသားသည်ဟု ယူဆလိမ့်မည်။ သင်၏ စကားများနှင့် အနေအထိုင်တို့တွင် တမင်ရည်ရွယ်သော အလိမ်အညာများ နည်းပါးလိမ့်မည်။ သင် ပြောသည့်အရာ ၈၀% မှန်လိမ့်မည်။ တစ်ခါတစ်ရံတွင်၊ အကျင့်ဆိုးများကြောင့် သို့မဟုတ် သင် ရှိနေသည့် ပတ်ဝန်းကျင်ကြောင့်၊ သို့မဟုတ် အခြားသော အကြောင်းပြချက်အချို့ကြောင့်၊ သင်သည် အလိမ်အညာတစ်ခုကို အမှတ်တမဲ့ ပြောမိလိမ့်မည်ဖြစ်ပြီး၊ အတွင်း၌ စိတ်မကောင်းဖြစ်မိပြီးနောက် ဘုရားသခင်ရှေ့မှောက် သင် နောင်တရကာ ဝန်ခံလိမ့်မည်၊ သင့်ကို ထိုသို့သော အရာများ တစ်ဖန် ဖြစ်ပျက်သည့်အခါ၊ ဤမျှဆိုးဝါးလိမ့်မည်မဟုတ်၊ သင်၏ အခြေအနေ ကောင်းသထက် ကောင်းလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် သင့်အပေါ် အရင်းခံအားဖြင့် ရိုးသားသောသူအဖြစ် မြင်လိမ့်မည်။

၄ နောင်တရသည့် နှလုံးသားတစ်ခု လူတို့ရှိဖို့ ဘုရားသခင် တောင်းဆိုသည်။ အဆင့်တိုင်းတွင်- ဘုရားသခင်က သင့်ကို ဆုံးမပဲ့ပြင်သည့်အချိန်တွင်ဖြစ်စေ၊ ပြစ်တင်ဆုံးမသည့် အချိန်တွင်ဖြစ်စေ၊ သို့မဟုတ် သူက သင့်ကို သတိပေးပြီး တိုက်တွန်းသည့်အချိန်တွင်၊ သင်နှင့် ဘုရားသခင်ကြားတွင် သဘောထားကွဲလွဲမှုတစ်ခု ဖြစ်ပေါ်သည့်အခါ၊ သင်၏ ကိုယ်ပိုင် စိတ်ကူးများနှင့် အမြင်များကို သင် ဆက်လက်ဖက်တွယ်ပြီး၊ ဘုရားသခင်အပေါ် သင်၏ နားလည်မှုလွဲခြင်း၊ အပြစ်တင်ခြင်းနှင့် မနာခံခြင်းတို့နှင့်ဆိုင်၍ ပြုပြင်မှုမရှိလျှင်၊ သင်သည် မိမိကိုယ်ကိုယ် မပြောင်းလဲလျှင်၊ ဘုရားသခင်က သင့်ကို အမှတ်ရလိမ့်မည်။ သင်သည် မိမိကိုယ်ကိုယ် ပြောင်းလဲပြီး သင်၏ စိတ်ကူးများနှင့် ရည်ရွယ်ချက်များကို ဘေးဖယ်ထားသည့်အခါ၊ ထိုသို့သော စိတ်နှလုံးတစ်ခု သင် ရှိသည့်အခါ၊ ဤအရာသည်လည်း နာခံမှုရှိသော သဘောထားတစ်ခု အလိုအလျောက် ဖြစ်လိမ့်မည်။ သင် မိမိကိုယ်ကိုယ် ပြောင်းလဲနိုင်ခြင်းသည် ဖန်ဆင်းရှင်၏ ကိုယ်ပိုင်လက္ခဏာအား သင်၏ အသိအမှတ်ပြုခြင်း၊ သူ၏ အနှစ်သာရအား သင်၏ အသိအမှတ်ပြုခြင်းကို သက်သေပြလေသည်။ ဘုရားသခင်က ဤအရာကို အထူးသဖြင့် အရေးကြီးသည်ဟု ယူဆသည်။

၅ သင်၏ ကိုယ်ပိုင် ခံစားချက်များဖြင့် သင် အသက်မရှင်သည့်အခါ၊ သင်၏ ဘဝအတွေးအခေါ်များဖြင့် သင် အသက်မရှင်ဘဲ၊ ဘုရားသခင် သင့်ကို မည်သို့ဆက်ဆံပါစေ၊ သို့မဟုတ် သင့်ကို ဘုရားသခင်က အရေးစိုက်သည်ဖြစ်စေ၊ မစိုက်သည်ဖြစ်စေ၊ သင် လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ရင်း၊ ဘုရားသခင် ပြောဆိုသည့် နှုတ်ကပတ်တော်များဖြင့်၊ သင့်ကို ဘုရားသခင် ပေးထားသည့် အခြေခံသဘောတရားများဖြင့်၊ သင့်ကို ဘုရားသခင် ပေးထားသည့် တာဝန်ဖြင့်၊ သင့်ကို ဘုရားသခင် ပြောထားသည့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်း၊ သင် လျှောက်လှမ်းသင့်သည့် လမ်းကြောင်းအားဖြင့် သင် အသက်ရှင်သည့်အခါ ဘုရားသခင်က သင့်ကို အသိအမှတ်ပြုလိမ့်မည်။ ဤအရာများကို သင် ဖြည့်ဆည်းပြီးသည်နှင့်တစ်ပြိုင်နက်၊ ဖန်ဆင်းရှင်၏ ကိုယ်ပိုင်လက္ခဏာကို အသိအမှတ်ပြုခြင်း၊ သင်၏ ကိုယ်ပိုင် တာဝန်အပေါ် သင်၏ တာဝန်သိသည့် သဘောထားနှင့် သမ္မာတရားကို သင် ချဉ်းကပ်ပုံတွင် မိမိကိုယ်ကိုယ် ပြောင်းလဲနိုင်သည့် သဘောထားတစ်ခု သင်၌ရှိသည်နှင့်တစ်ပြိုင်နက်- ဘုရားသခင်သည် သင့်အထဲ၌ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုကို ဆောင်ရွက်လိမ့်မည်ဖြစ်ပြီး၊ သင်၏ ကယ်တင်ခြင်း အစပြုသည်မှာ ဤနေရာမှ ဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းကို စတင်နိုင်သည် (၃)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၁၀၀၅ ဘုရား လူထံမှ နောက်ဆုံးတောင်းဆိုချက်

နောက်တစ်ခုသို့- ၁၀၀၇ လူ၏ဆုံးခန်းအပေါ် ဘုရား၏အစီအမံ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၃၂၉ လူသားရဲ့စစ်မှန်သောနှလုံးသားကို ကိုယ်တော်လိုချင်

၁ယနေ့လူတို့ ဘုရားကို တန်ဖိုးမထားဘုရားမှာ ထိုသူတို့နှလုံးသားထဲ နေရာမရှိလာမယ့်နေ့ရက်များ၊ ဆင်းရဲဒုက္ခရောက်ချိန်များမှာထိုသူတို့ ဘုရားကို...

၁၆၅ ဘုရား၏ဆင်းကြွခြင်းကို ဘယ်သူမျှ သတိမပြုမိ

၁လူ့သား၏ဘဝသည် မပြောင်းမလဲ ဆက်လက်ရှိနေ လူသား၏နှလုံးသားလည်း ထိုနည်းအတိုင်းပင် ထုံးစံအတိုင်း နေ့ရက်တို့ ကုန်ဆုံး ဘုရားသည် ကျွန်ုပ်တို့ထဲ၌...

၈၅၂ အချစ်ဆုံးအဖြစ်လူကို ဘုရားမှတ်ယူ

၁ဘုရား လူကို ဖန်ဆင်းလူတွေသွေဖယ်ပျက်စီးသည်ဖြစ်စေ၊ သူ့နောက်သို့ လိုက်သည်ဖြစ်စေ ချစ်ရသူများအဖြစ် လူကို ဘုရားမှတ်ယူ သူ၏အချစ်ဆုံးမိသားစုဟုလည်း...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။