၉၅၉ ဘုရား၏စိတ်သဘောထားကို နှောင့်ယှက်ခြင်း၏ အကျိုးဆက်များကျူး

၁ ဘုရားသခင်သည် ပြစ်မှားစော်ကားသောသူ၊ သို့မဟုတ် ဆန့်ကျင်သောသူ၊ သို့မဟုတ် သူ့ကို မကောင်းပြောသောသူများကိုပင်- သူ့ကို တမင်သက်သက် တိုက်ခိုက်ပြီး မကောင်းပြောကာ ကျိန်ဆဲသော လူများကို သူသည် မသိကျိုးကျွန်မပြုဘဲ၊ ယင်းထက် ၎င်းတို့အပေါ် ရှင်းလင်းသောသဘောထားတစ်ခု သူ့မှာရှိသည်။ ဤလူတို့ကို သူ စက်ဆုပ်ရွံရှာပြီး၊ သူ၏ စိတ်နှလုံး၌ ၎င်းတို့ကို ရှုတ်ချသည်။ သူ့ကို ပြစ်မှားစော်ကားသောသူတို့အပေါ် သူသည် ရှင်းလင်းသော သဘောထားတစ်ခု ရှိကြောင်းနှင့် ၎င်းတို့၏ရလဒ်များကို သူမည်ကဲ့သို့ သတ်မှတ်မည်ဖြစ်ကြောင်းတို့ကို ၎င်းတို့သိရန် အလို့ငှာ၊ ၎င်းတို့၏ ရလဒ်များ မည်သည့်အရာဖြစ်မည်ကို ပွင့်ပွင့်လင်းလင်းပင် သူကြေညာလေသည်။

၂ ဘုရားသခင်သည် အချို့လူတို့၏ ဆိုးယုတ်သော အပြုအမူကို ကိုင်တွယ်ဖြေရှင်းရန် အချက်အလက်များ ဖြစ်ပွားမှုကို အသုံးပြုသည်။ ဤအချက်အလက်တို့ ဖြစ်ပျက်သောအခါ၊ အပြစ်ဒဏ်ကို ခံစားရသည်မှာ လူတို့၏ ခန္ဓာဖြစ်သည်၊ ဆိုလိုသည်မှာ အပြစ်ပေးခြင်းသည် လူ့မျက်စိနှင့် မြင်နိုင်သော အရာတစ်ခု ဖြစ်ပေသည်။ လူအချို့၏ ဆိုးယုတ်သော အပြုအမူများကို ကိုင်တွယ်ဖြေရှင်း သောအခါတွင်၊ ဘုရားသခင်က ၎င်းတို့ကို စကားများဖြင့်သာ ကျိန်ဆဲပြီး၊ သူ့ အမျက်ဒေါသသည်လည်း ၎င်းတို့အပေါ် ကျရောက်လာသော်လည်း၊ သူတို့ရရှိသော အပြစ်ဒဏ်သည် လူတို့မမြင်နိုင်သော အရာတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ သို့သော်လည်း ဤရလဒ်မျိုးသည် လူတို့မြင်နိုင်သော အပြစ်ပေးခံရခြင်း သို့မဟုတ် အသတ်ခံရခြင်းကဲ့သို့သော ရလဒ်များထက် ပို၍ပင် ပြင်းထန်ကောင်းပြင်းထန်နိုင်သည်။

၃ ထို့ကြောင့် လူတို့သည် ဘုရားသခင်ကို ဆန့်ကျင်ပြီး သူ့ကို မကောင်း ပြောကာ ပြစ်မှားစော်ကားသောအခါ၊ သူ၏ စိတ်သဘောထားကို ၎င်းတို့ နှောင့်ယှက်ပါက၊ သို့မဟုတ် သူ၏ သည်းခံနိုင်ခြင်း အကန့်အသတ်ကို ကျော်လွန်ရန် တွန်းအားပေးပါက၊ အကျိုးဆက်က မတွေးဝံ့စရာဖြစ်သည်။ အပြင်းထန်ဆုံး အကျိုးဆက်မှာ ဘုရားသခင်သည် ၎င်းတို့၏ဘဝများနှင့် ၎င်းတို့နှင့် ပတ်သက်သည့် အရာရာတိုင်းကို စာတန်ထံ အပြီးတိုင် လွှဲအပ်လိုက်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ထာဝရကာလပတ်လုံး ခွင့်လွှတ်ခံရမည် မဟုတ်ပေ။ ဤသည်မှာ ဤလူသည် စာတန်၏ ပါးစပ်က အစာ၊ သူ့လက်ထဲ၌ ရှိသော ကစားစရာအရုပ် ဖြစ်သွားသည်ဟု ဆိုလိုပြီး ထိုအချိန်မှစ၍ ဘုရားသခင်သည် ၎င်းတို့နှင့် နောက်ထပ် ဘာမျှ မသက်ဆိုင်တော့ပေ။

“နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၉၅၈ ဘုရား၏လုပ်ဆောင်ချက်အတွက် သဘောတရားများသည် မပြောင်းလဲပေကျူး

နောက်တစ်ခုသို့- ၉၆၀ ဘုရား၏စိတ်သဘောထားကို မပြစ်မှားမိရန် နည်းလမ်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၂၀၉ လမ်းမှန်ရှာဖွေဖို့အတွက် လမ်းစဉ်များ

၁ စစ်မှန်သောလမ်းခရီးကို ရှာခြင်း၌ အခြေခံအကျဆုံးနိယာမမှာ မည်သည့်အရာနည်း။ သင့်အနေဖြင့် ဤလမ်းခရီး၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိ မရှိ၊...

၈၉၇ ဘုရားသည် လူကို အတတ်နိုင်ဆုံး ကယ်နိုင်လောက်သည်အထိ ကယ်တင်လိုသည်

၁ဘုရားသခင်၏ ကယ်တင်ခြင်းအမှုလုပ်ဆောင်နေစဉ်သူသည် ကယ်တင်နိုင်သမျှသောသူတို့ကို ကယ်တင်လိမ့်မည်၊ကယ်တင်နိုင်သမျှသောသူတို့အား...

၈၁ နောက်ဆုံးသောကာလ၌ စီရင်ခြင်းသည် ခေတ်ကို အဆုံးသတ်စေမည်

၁ နောက်ဆုံးသောကာလသည် ကျေးဇူးတော်ခေတ်၊ ပညတ်တော်ခေတ်တို့နှင့် အလွန်ကွဲပြားခြားနား။နောက်ဆုံးသောကာလ၏ အမှုတော်ကို အစ္စရေးပြည်မှာ မပြု၊...

၆၅၉ ဆင်းရဲဒုက္ခရောက်ချိန် ခံနိုင်ရည်ရှိသူများသာ အောင်နိုင်သူများဖြစ်သည်

၁နိုင်ငံတော်ခေတ်တွင်လူသားမျိုးနွယ် တွေ ကို ပြီးပြည့်စုံစေမည်။နိုင်ငံတော်ခေတ်တွင် လုံးဝပြီးပြည့်စုံစေမည်။ရယူခြင်းအလုပ် တွေ ပြီးသည့်အခါသူတို့...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။