၉၈၂ လူ့ဒုစရိုက်အပြစ်များ၏ အကျိုးဆက်များကျူး

၁ သာ၍များသော ဒုစရိုက်အပြစ်များ သင် ကျူးလွန်လေ၊ ကောင်းမွန်သည့် ခရီးပန်းတိုင်ကို ရရှိဖို့ အခွင့်အရေးများ သင် သာ၍နည်းပါးလေလေ ဖြစ်မည်။ အပြန်အလှန်အားဖြင့်၊ သာ၍ နည်းပါးသော ဒုစရိုက်အပြစ်များ သင်ပြုလေ၊ ဘုရားသခင်၏ ချီးမွမ်းခြင်းကို ခံလာရဖို့ အခွင့်အလမ်း သာ၍ ကောင်းလေလေပင် ဖြစ်သည်။ သင့်ကို ခွင့်လွှတ်ရန် ငါ့အတွက် မဖြစ်နိုင်သည့်အခြေအနေထိ၊ သင်၏ ဒုစရိုက်အပြစ်များ တိုးပွားပါက၊ သင်သည် ခွင့်လွှတ်ခြင်း ခံရမည့် သင်၏ အခွင့်အရေးများကို လုံးဝ ဖြုန်းတီးမိပြီး ဖြစ်လိမ့်မည်။ ထိုသို့ဖြင့်၊ သင်၏ ခရီးပန်းတိုင်သည် အထက်အရပ် မဟုတ်ဘဲ အောက်အရပ် ဖြစ်ပေလိမ့်မည်။ သင်သည် ငါ့ကို မယုံကြည်ပါက၊ ရဲရင့်ကာ အမှားကို လုပ်ဆောင်လော့၊ ပြီးလျှင် ယင်းက သင့်အား အဘယ်အရာ ပေးသည်ကို ကြည့်လော့။

၂ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သော စိတ်ထက်သန်သည့် လူတစ်ဦးဖြစ်ပါက၊ သင်၏ ဒုစရိုက်အပြစ်များအတွက် ခွင့်လွှတ်ခံရဖို့ အခွင့်အရေးတစ်ခု ဧကန်မုချ သင် ရရှိမည်ဖြစ်ပြီး၊ သင်၏ နာမခံတတ်မှုသည် မကြာမကြာ နည်းသထက် နည်းပေလိမ့်မည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားခြင်းမရှိသောလူတစ်ဦးဖြစ်ပါက၊ ဘုရားသခင်၏ ရှေ့၌ သင်၏ ဒုစရိုက်အပြစ်များသည် ဧကန်မုချ အရေအတွက် တိုးပွားလိမ့်မည်ဖြစ်ပြီး၊ သင်၏ လုံးဝဉဿုံ ပျက်စီးခြင်း အချိန်ကာလဖြစ်မည့် အကန့်အသတ်သို့ သင် ရောက်ရှိသည်အထိ၊ သင်သည် မကြာခဏ သာ၍ သာ၍ မနာခံတတ်လေလေ ဖြစ်လိမ့်မည်။ ဤသည်မှာ သင်၏ ကောင်းချီးများ ရရှိခြင်းနှင့်ဆိုင်သည့် ကြည်နူးဖွယ်အိပ်မက် ပျက်စီးသွားမည့် အချိန်ဖြစ်သည်။

၃ သင်၏ ဒုစရိုက်အပြစ်များကို မရင့်ကျက်သူတစ်ဦး သို့မဟုတ် မိုက်မဲသောသူတစ်ဦး၏ အမှားတစ်ခုမျှအဖြစ် မမှတ်ယူနှင့်။ သင်၏ ညံ့ဖျင်းသော အရည်အချင်းက ထိုသို့လုပ်ဆောင်ဖို့ မဖြစ်နိုင်စေ သောကြောင့်၊ သမ္မာတရားကို သင် လက်တွေ့မလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟူသော ဆင်ခြေကို အသုံးမပြုနှင့်။ ထို့အပြင်၊ သင် ကျူးလွန်ပြီးဖြစ်သည့် ဒုစရိုက်အပြစ်များကို မည်သည့်အရာကိုမျှ သာ၍ ကောင်းကောင်းမသိခဲ့သော တစ်စုံတစ်ဦး၏ လုပ်ရပ်များအဖြစ် အလွယ်တကူ မမှတ်ယူနှင့်။ သင်သည် မိမိကိုယ်ကိုယ် ခွင့်လွှတ်ရာတွင် တော်ပြီး၊ မိမိကိုယ်ကိုယ် ရက်ရောမှုဖြင့် ဆက်ဆံရာတွင် တော်ပါက၊ သင်သည် သမ္မာတရားကို မည်သည့်အခါမျှ ရရှိမည်မဟုတ်သည့် သူရဲဘောကြောင်သောသူတစ်ဦး ဖြစ်သကဲ့သို့၊ သင်၏ ဒုစရိုက် အပြစ်များသည် သင့်ကို ခြောက်လှန့်ခြင်းအား မည်သည့်အခါတွင်မျှ ရပ်တန့်လိမ့်မည် မဟုတ်ဟု သင့်ကို ငါ ပြော၏။ ၎င်းတို့သည် သင့်အား သမ္မာတရား၏ တောင်းဆိုမှုများကို ဖြည့်ဆည်းခြင်းမှ ထိန်းထားလိမ့်မည် ဖြစ်ပြီး၊ စာတန်၏ သစ္စာရှိသော အပေါင်းအဖော်အဖြစ် သင့်အား ထာဝရဆက်ရှိစေမည် ဖြစ်သည်။ သင်၏ ကွယ်ဝှက်ထားသော အပြစ်ဒုစရိုက်များကို သတိမပြုမိဘဲလျက် ရှိစဉ်တွင်၊ သင်၏ ခရီးပန်းတိုင် တစ်ခုတည်းကိုသာ အာရုံမစိုက်နှင့်။ ဒုစရိုက်အပြစ်များကို အလေးအနက် သဘောထားလော့၊ ပြီးလျှင် သင်၏ခရီးပန်းတိုင်ကို စိတ်ပူပန်မှုကြောင့် ၎င်းတို့ထဲမှ မည်သည့်အရာကိုမျှ လျစ်လျူမရှုမိစေနှင့်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လွန်ကျူးခြင်းအပြစ်များက လူသားကိုငရဲသို့ ဦးဆောင်လမ်းပြလိမ့်မည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၉၈၁ တောက်ပသောလမ်းကို လူတို့ရရှိကြရန် ဘုရားမျှော်လင့်၏ကျူး

နောက်တစ်ခုသို့- ၉၈၃ ယခုသင်အသက်ရှင်သော နေ့ရက်တိုင်းသည် အရေးကြီး၏ကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၄၆၇ ဘုရား စကားသည်လူသားတို့ လိုက်လျှောက်သင့်သောလမ်းခရီး

၁ခေတ်အဆက်ဆက် ဘုရား လောကတွင် အမှုတော်ဆောင်ရွက်စဉ်ခါလူတွေကို စကားတချို့ သူအမြဲမိန့်မှာ သမ္မာတရားများ ဟောကြားဤသမ္မာတရားများ...

၈၉၉ ဘုရားသခင်ရဲ့လူသားကို ကယ်တင်လိုသော ရည်ရွယ်ချက်က ပြောင်းလဲမည် မဟုတ်

၁ လူတို့သည် ဘုရားသခင်၏ အမျိုးမျိုးသော စိတ်သဘောထားများ၊ ဘုရားသခင်၏အရာအားလုံးနှင့်ဖြစ်ခြင်း သွင်ပြင် လက္ခဏာရပ်များနှင့် ဘုရားသခင်ပြုသော...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။