၇၅၆ ဘုရား၏ရယူခြင်းကို ခံရရန် စာတန်ကို သမ္မာတရားနှင့် အနိုင်ယူလော့ကျူး

၁ လူနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ စွဲမြဲသော ထောက်ပံ့ခြင်းနှင့် ချီးမြှောက်ခြင်း အမှုအတောအတွင်းတွင်၊ ဘုရားသခင်သည် သူ၏အလိုနှင့် သတ်မှတ်ချက်များ အလုံးစုံကို လူသားထံ ပြောပြပြီး သူ၏ လုပ်ဆောင်ချက်များ၊ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို လူသားထံ ပြသလေသည်။ ရည်မှန်းချက်မှာ လူသားကို ဝိညာဉ်ရင့်ကျက်မှုဖြင့် အသင့်ပြင်ဆင် ပေးရန်နှင့် လူသားသည် ဘုရားသခင်၏ နောက်လိုက်နေစဉ် သူ့ထံမှ အမျိုးမျိုးသော သမ္မာတရားများကို- စာတန်ကို တိုက်ခိုက်ရန် လူသားကို ဘုရားသခင်က ပေးထားသည့် လက်နက်များဖြစ်သည့် သမ္မာတရားများကို- ရရှိစေရန်ဖြစ်သည်။ ထိုသို့ဖြင့် အသင့်ပြင်ဆင်လျက်၊ လူသားသည် ဘုရားသခင်၏ စစ်ဆေးမှုများကို ရင်ဆိုင်ရမည် ဖြစ်သည်။ လူသားကို စစ်ဆေးရန် ဘုရားသခင်၌ နည်းလမ်းများနှင့် လမ်းကြောင်းများစွာ ရှိသော်လည်း၊ ထိုအရာများ တစ်ခုစီတိုင်းသည် ဘုရားသခင်၏ ရန်သူဖြစ်သော စာတန်၏ “ပူးပေါင်းဆောင်ရွက်မှု” ကို လိုအပ်သည်။

၂ စာတန်နှင့် တိုက်ရန် လက်နက်များကို လူသားအား ပေးပြီးလျက်၊ ဘုရားသခင်သည် လူသားကို စာတန်ထံ လွှဲအပ်လိုက်ပြီး စာတန်အား လူသား၏ ဝိညာဉ်ရင့်ကျက်မှုကို “စစ်ဆေး” ခွင့်ပေးလေသည်။ အကယ်၍ လူသားသည် စာတန်၏ တိုက်ပွဲဆင်သည့် ပုံစံများထဲမှ ထိုးဖောက်နိုင်ပါက၊ သူသည် စာတန်၏ ဝန်းရံခြင်းမှ လွတ်မြောက်ပြီး အသက်ရှင်နိုင်ဆဲဖြစ်ပါက၊ လူသားသည် စစ်ဆေးမှုကို အောင်မြင် လိမ့်မည် ဖြစ်သည်။ သို့သော်လည်း အကယ်၍ လူသားသည် စာတန်၏ တိုက်ပွဲဆင်သည့် ပုံစံများထဲကို မစွန့်နိုင်သကဲ့သို့၊ စာတန်ကို ကျိုးနွံနာခံပါက၊ သူသည် စစ်ဆေးမှုကို အောင်မြင်မည် မဟုတ်ပေ။ လူသား၏ မည်သည့် ရှုထောင့်ကို ဘုရားသခင် စစ်ဆေးသည်ဖြစ်စေ သူ၏ စစ်ဆေးခြင်း စံသတ်မှတ်ချက်များမှာ လူသားသည် စာတန်၏ တိုက်ခိုက်ခြင်းကို ခံရသည့်အချိန်တွင် သူ၏ သက်သေခံချက်၌ မြဲမြံစွာ ရပ်တည်နိုင်ခြင်း ရှိ မရှိဆိုသည်နှင့် သူသည် စာတန်၏ ကျော့ကွင်း၌ မိနေစဉ် ဘုရားသခင်ကို စွန့်ပယ်ပြီး စာတန်ထံ အညံ့ခံကာ ကျိုးနွံနာခံခြင်း ရှိ မရှိ ဆိုသည်တို့ ဖြစ်သည်။

၃ လူသားသည် ကယ်တင်ခံရနိုင်ခြင်း ရှိမရှိဆိုသည်မှာ သူသည် စာတန်ကို အောင်နိုင်ကာ အနိုင်ယူနိုင်ခြင်း ရှိ မရှိဆိုသည့်အပေါ် မူတည်ပြီး သူသည် လွတ်လပ်မှုကို ရနိုင်ခြင်း ရှိ မရှိဆိုသည်မှာ သူသည် စာတန်အား မျှော်လင့်ချက် လုံးလုံးလျားလျား စွန့်လွှတ်စေပြီး သူ့ကို အသာထားစေလျက်၊ စာတန်၏ ချုပ်နှောင်မှုကို ကျော်လွှားရန် ဘုရားသခင် သူ့အား ပေးထားသော လက်နက်များကို သူကိုယ်တိုင် မနိုင်စွမ်း ရှိ မရှိဆိုသည့်အပေါ် မူတည်သည်။ အကယ်၍ စာတန်သည် မျှော်လင့်ချက်ကို စွန့်လွှတ်ပြီး တစ်စုံတစ်ဦးအား လက်လျှော့ပါက၊ ဤသည်မှာ စာတန်သည် ဤလူအား ဘုရားသခင်ထံမှယူရန် မည်သည့်အခါမျှ တစ်ဖန် ကြိုးစားမည် မဟုတ်၊ ဤလူနှင့်ပတ်သက်၍ မည်သည့်အခါမျှ တစ်ဖန်စွပ်စွဲမည်မဟုတ်သကဲ့သို့ နှောင့်ယှက်မည် မဟုတ်၊ ၎င်းတို့အား မည်သည့်အခါမျှ တစ်ဖန် အကြောင်းမဲ့ ညှဉ်းဆဲမည် မဟုတ်၊ သို့မဟုတ် တိုက်ခိုက်မည် မဟုတ်သည်ကို ဆိုလိုပေသည်။ ဤသို့သော လူတစ်စုံတစ်ဦးသည်သာ ဘုရားသခင်၏ ရယူခြင်းကို အမှန်တကယ် ခံရပြီးဖြစ်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်သည် လူတို့အား ရယူသည့် ဖြစ်စဉ်တစ်ခုလုံး ဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၇၅၅ စာတန်ကို အနိုင်ရသူတို့သည် ကယ်တင်ခံရ၏ကျူး

နောက်တစ်ခုသို့- ၇၅၇ နှောင်းလူများအတွက် ယောဘသက်သေခံချက်၏ သတိပေးချက်ကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၈၉၇ ဘုရားသည် လူကို အတတ်နိုင်ဆုံး ကယ်နိုင်လောက်သည်အထိ ကယ်တင်လိုသည်

၁ဘုရားသခင်၏ ကယ်တင်ခြင်းအမှုလုပ်ဆောင်နေစဉ်သူသည် ကယ်တင်နိုင်သမျှသောသူတို့ကို ကယ်တင်လိမ့်မည်၊ကယ်တင်နိုင်သမျှသောသူတို့အား...

၆၅၉ ဆင်းရဲဒုက္ခရောက်ချိန် ခံနိုင်ရည်ရှိသူများသာ အောင်နိုင်သူများဖြစ်သည်

၁နိုင်ငံတော်ခေတ်တွင်လူသားမျိုးနွယ် တွေ ကို ပြီးပြည့်စုံစေမည်။နိုင်ငံတော်ခေတ်တွင် လုံးဝပြီးပြည့်စုံစေမည်။ရယူခြင်းအလုပ် တွေ ပြီးသည့်အခါသူတို့...

၉၀၅ ဘုရားသခင်၏သြဇာအာဏာကို နားလည်နိုင်သောနည်းလမ်း

၁ဘုရားသခင်၏သြဇာအာဏာနဲ့ တန်ခိုး၊ ထင်ရှားသောလက္ခဏာ နှင့် သဘောသဘာဝတို့ကို သင်၏ စိတ်ကူးဖြင့်သိနားလည်မည်မဟုတ်စိတ်ကူးစိတ်သန်းမသုံးရဟုဆိုရာ၌...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။