၇၃၄ ဘုရားသခင်အပေါ် တောင်းဆိုမှုများ သင် ပြုသည့်အခါ သူ့ကို သင် အာခံဖို့ အလားအလာရှိသည်
၁ ဘုရားသခင်အပေါ် လူတို့၏ တောင်းဆိုချက်များကို ပြောဆိုဖို့ထက် ပိုခက်ခဲသောအရာ မရှိပေ။ ဘုရားသခင် လုပ်ဆောင်သည့် မည်သည့်အရာကမျှ သင်၏ အတွေးနှင့် မကိုက်ညီလျှင်၊ သင်၏ အတွေးနှင့်အညီ သူ မဆောင်ရွက်လျှင်၊ သင်သည် အာခံဖို့ အလားအလာရှိ၏- ယင်းက သဘာဝအားဖြင့် လူသားသည် ဘုရားသခင်ကို ဆန့်ကျင်ကြောင်း ပြလေသည်။ ဤပြဿနာကို သိရှိပြီး ဖြေရှင်းဖို့ရန် သမ္မာတရားကို လိုက်စားခြင်းအား သင် အသုံးပြုရမည်။ သမ္မာတရား မရှိသူတို့သည် ဘုရားသခင်အပေါ် တောင်းဆိုချက်များစွာ ပြုကြသည်၊ သမ္မာတရားကို အမှန်တကယ် နားလည်သူတို့မှာမူ တောင်းဆိုချက်များ မရှိကြချေ၊ ဘုရားသခင်ကို ၎င်းတို့ အတော်အတန် စိတ်ကျေနပ်မှုမပေးရသေးကြောင်း၊ ၎င်းတို့ လုံလုံလောက်လောက် နာခံမှုမရှိကြကြောင်းတို့ကိုသာ ၎င်းတို့ ခံစားကြရသည်။
၂ ဘုရားသခင်ကို လူတို့ ယုံကြည်သည့်အခါ သူ့အပေါ် တောင်းဆိုချက်များ အမြဲပြုကြသည်က ထိုလူများ၏ ဖောက်ပြန်ပျက်စီးသော သဘာဝများကို ထင်ဟပ်သည်။ ဤအရာကို ဆိုးရွားသည့် ပြဿနာတစ်ခုအဖြစ် သင် သဘောမထားလျှင်၊ အရေးကြီးသော အရာတစ်ခုအဖြစ် ယင်းကို သင် သဘောမထားလျှင်၊ သင်၏ လမ်းကြောင်းပေါ်၌ ဘေးသင့်မှုနှင့် ကွယ်ဝှက်ထားသော အန္တရာယ်များ ရှိလိမ့်မည်။ အမှုအရာအများစုကို သင် အောင်မြင်ကျော်လွှားနိုင်သော်လည်း၊ သင်၏ ကံကြမ္မာ၊ မျှော်လင့်ချက်များ နှင့် ခရီးပန်းတိုင်တို့ ပါဝင်သည့်အခါတွင်၊ သင် မအောင်မြင်နိုင်ချေ။ ထိုအချိန်တွင်၊ သင်သည် သမ္မာတရားမရှိလျှင်၊ သင်၏ လမ်းဟောင်းများပေါ်သို့ သင် အလွယ်တကူ ပြန်လဲကျကောင်း လဲကျနိုင်ပြီး၊ ထိုသို့ဖြင့် ဖျက်ဆီးခံရသည့် သူများထဲမှ တစ်ဦး ဖြစ်လာလိမ့်မည်။
၃ လူများစွာတို့သည် ဤနည်းအတိုင်း အမြဲလိုက်လျှောက်ကြပြီး ဖြစ်သည်၊ ၎င်းတို့ လိုက်လျှောက်ကြသည့် အချိန်အတောအတွင်းတွင် ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ကောင်းကောင်း ပြုမူနေထိုင်ကြပြီးဖြစ်သော်လည်း ဤအရာက အနာဂတ်တွင် ဖြစ်မည့်အရာကို အဆုံးအဖြတ်မပေးပေ- ဤသည်မှာ သင်၏ အားနည်းချက် သို့မဟုတ် သင်၏ သဘာဝမှ ထုတ်ဖော်ပြသည့် အရာများနှင့် ဘုရားသခင်ကို ဆန့်ကျင်နိုင်သည့် အရာများကို သင် လုံးဝ သတိမမူမိခဲ့သောကြောင့်ဖြစ်ပြီး၊ ယင်းတို့က သင့်အပေါ် ကပ်ဘေး မယူဆောင်လာသေးသည့်အခါ၊ သင် အမှတ်တမဲ့ ရှိမြဲရှိနေပြီး၊ သင်၏ ခရီးအဆုံးသတ်ကာ ဘုရားသခင်၏ အမှုတော် ပြီးစီးသည့်အခါတွင်၊ ဘုရားသခင်ကို အဆန့်ကျင်ဆုံးသော အရာနှင့် ဘုရားသခင်ကို အဆိုးရွားဆုံး ပြစ်မှားစော်ကားသည့်အရာကို သင် လုပ်ဆောင်လိမ့်မည်မှာ ဖြစ်နိုင်ချေအလွန်ရှိလေသည်။
“နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လူတို့သည် ဘုရားသခင်ကို အလွန်မြောက်မြားစွာ တောင်းဆိုကြသည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်