အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၂၇၂ ချစ်ခြင်းမေတ္တာ၏ ဆက်ကပ်အပ်နှံခြင်း

အို အနန္တတန်ခိုးရှင် ဘုရားသခင်။ ကိုယ်တော် အလွန် ဂုဏ်သရေရှိပေ၊ အလွန်ကောင်းမြတ်ကာ လှပပေ။

ဇာတိပကတိကို ဆင်မြန်းရင်း၊ သမ္မာတရားကို ဖော်ပြကာ တရားစီရင်ခြင်းကို ယူဆောင်ရင်း၊

ဤလောကထဲ လာဖို့ ခမည်းတော်၏ အလိုတော်ကို ကိုယ်တော် လိုက်လျှောက်ခဲ့။

ကိုယ်တော် ဖြောင့်မတ်ကာ ဘုန်းအာနုဘော်ရှိပြီး၊ လူသား ပြစ်မှားခြင်းကို သည်းမခံပေ။

လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ညည်းညူခြင်းမရှိဘဲ အရာရာကို ကိုယ်တော် ခံစားလေပြီ။

တစ်နေ့ပြီးတစ်နေ့၊ တစ်နှစ်ပြီးတစ်နှစ်၊

ဤလောက၏ လူတို့ထံမှ အသရေဖျက်ခြင်း၊ နှိပ်စက်ညှင်းပန်းခြင်းများစွာ၊ ဆင်းရဲဒုက္ခများစွာ ကိုယ်တော် သည်းခံ။

နာမကျန်းဖြစ်ခြင်းနှင့် နာကျင်မှုတွင် ကျွန်ုပ်တို့အထဲသို့ သမ္မာတရားနှင့် အသက်တို့ကို အမှုပြုရင်း ကိုယ်တော် အားဖြည့်ကာ

ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို ရေလောင်းပေ။

အို ဘုရားသခင်။ ဤအရာက ကိုယ်တော်၏ စစ်မှန်သော ခံစားချက်များကို ထုတ်ဖော်ပြပေ။

ယင်းသည် ကိုယ်တော့် အသက်ပူဇော်ခြင်း၊ ကိုယ်တော့် ချစ်ခြင်းအားလုံး၏ သရုပ်သကန်ဖြစ်ပေ။

ကိုယ်တော်၏ ချစ်ခြင်းမေတ္တာ အလွန်ကြီးမြတ်လှ၊ ကိုယ်တော်၏ စိတ်သဘောထား နှိုင်းဆမရအောင် ဂုဏ်သရေရှိပေ။

ဝမ်းမြောက်ခြင်းနှင့် ကခုန်ကာ ကိုယ်တော်၏ ချီးမွမ်းခြင်းများကို မသီဆိုဘဲ အဘယ်သို့ ကျွန်ုပ်တို့ နေနိုင်မည်နည်း။

အို အနန္တတန်ခိုးရှင် ဘုရားသခင်။ ကိုယ်တော် အလွန် ဂုဏ်သရေရှိပေ၊ အလွန်ကောင်းမြတ်ကာ လှပပေ။

အသင်းတော်များကြား ကိုယ်တော် လျှောက်လှမ်းကာ နှုတ်ကပတ်တော်များ မိန့်မြွက်ပေ။

နေ့ရက်စဉ်တိုင်း ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို

တရားစီရင်ကာ သန့်စင်စေရင်း ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်တို့ကို လမ်းပြ။

စမ်းသပ်မှုများနှင့် စစ်ဆေးမှုတို့မှတဆင့် ကိုယ်တော်၏ စစ်မှန်သော မေတ္တာကို ကျွန်ုပ် တွေ့မြင်။

တစ်နေ့ပြီးတစ်နေ့၊ တစ်နှစ်ပြီးတစ်နှစ်၊

ကျွန်ုပ်တို့၏ အာခံမှု၊ ပုန်ကန်မှု၊ နားလည်မှုလွဲခြင်းနှင့် ညည်းညူမှုများကို ကိုယ်တော် သည်းခံပေ။

မဆုတ်မနစ်သော သည်းခံခြင်းဖြင့် ကျွန်ုပ်တို့ လိုအပ်ချက်များ ကိုယ်တော် ထောက်ပံ့ပေ။

သမ္မာတရားကို ကျွန်ုပ်တို့ ရရှိကာ အသက်သစ် ရှိလေပြီ။

အို ဘုရားသခင်။ ကိုယ်တော်၏ အမှုတော်ကို တွေ့ကြုံရင်း၊ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့ သိလာကြ။

ကိုယ်တော်၏ ချစ်ခြင်းမေတ္တာ၊ ကရုဏာ၊ ဖြောင့်မတ်ခြင်း နှင့် သန့်ရှင်းခြင်းတို့ကို ကျွန်ုပ်တို့ မြင်လေပြီ။

ကျွန်ုပ်တို့၏ နှလုံးသားများကို ကိုယ်တော့်ထံ လွှဲအပ်ဖို့၊ ကျွန်ုပ်တို့၏ အရာအားလုံးကို ပူဇော်ဖို့ ကျွန်ုပ်တို့ လိုလားနေ။

ကိုယ်တော်ကို အမြဲ ချစ်ကာ သက်သေခံဖို့ ကျွန်ုပ်တို့ စိတ်နှလုံးများ ဆန္ဒရှိကြပေ။

ယခင်က:အနန္တတန်ခိုးရှင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ အဖြူစင်ဆုံးဖြစ်ပေ

နောက်တစ်ခုသို့:အို ဘုရားသခင်၊ ကိုယ်တော်ကို အကျွန်ုပ် အောက်မေ့သတိရ

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ