၃၁၀ သင်၌ ခရစ်တော်ကို မယုံကြည်သည့် အရိပ်လက္ခဏာများစွာ ရှိ၏ကျူး

၁ ယနေ့တွင်၊ သင်တို့အတွင်းတွင် မယုံကြည်မှုများစွာ ကျန်ရှိနေသည်။ မိမိတို့ကိုယ်ကိုယ်အတွင်းသို့ ကြိုးကြိုးစားစားကြည့်လော့၊ ပြီးလျှင် သင်တို့၏အဖြေကို သင်တို့ ဧကန်မုချ တွေ့ကြလိမ့်မည်။ စစ်မှန်သောအဖြေကို သင်တွေ့ရှိသောအခါတွင်၊ သင်သည် ဘုရားသခင်ကို ယုံကြည်သူတစ်ဦး မဟုတ်ဘဲ၊ ယင်းထက် သူ့ကို လှည့်ဖြားသူ၊ စော်ကားပြောဆိုသူ၊ သူ့ကို သစ္စာဖောက်သောသူနှင့် သူ့ကို သစ္စာမစောင့်သိသောသူ ဖြစ်သည်ကို သင် ဝန်ခံလိမ့်မည် ဖြစ်သည်။ ထို့နောက် ခရစ်တော်သည် လူမဟုတ်ဘဲ၊ ဘုရားဖြစ်သည်ကို သင် သဘောပေါက်လိမ့်မည်။ ထိုနေ့ရက် ရောက်လာသည့်အခါ၊ သင်သည် ခရစ်တော်ကို ကြည်ညို၊ ကြောက်ရွံ့ကာ အမှန်တကယ် ချစ်လိမ့်မည်။

၂ လက်ရှိတွင် သင်တို့နှလုံးသား၏ သုံးဆယ်ရာခိုင်နှုန်းသာ ယုံကြည်ခြင်းနှင့် ပြည့်သော်လည်း၊ အခြားခုနစ်ဆယ်ရာခိုင်နှုန်းသည် သံသယနှင့် ပြည့်လေသည်။ ခရစ်တော် လုပ်ဆောင်ခဲ့ပြီး ပြောဆိုခဲ့သမျှတိုင်းသည် သင်တို့အား သူနှင့်ပတ်သက်သည့် အယူအဆများနှင့် အမြင်များ၊ သူ၌ သင်တို့၏ လုံးဝ မယုံကြည်မှုမှ အရင်းခံသည့် အယူအဆများနှင့် အမြင်များကို ပေးဖွယ်ရှိလေသည်။ သင်သည် ကောင်းကင်ဘုံရှိ မမြင်ရသော ဘုရားသခင်ကိုသာ ကြည်ညိုပြီး ကြောက်ရွံ့ကာ၊ မြေကြီးပေါ် အသက်ရှင်လျက်ရှိသော ခရစ်တော်ကို အလေးမထားပေ။ ဤအရာသည်လည်း သင်တို့၏ မယုံကြည်မှုဖြစ်သည် မဟုတ်လော။ သင်တို့သည် အတိတ်တွင် အမှုပြုခဲ့သော ဘုရားသခင်ကိုသာ တမ်းတသော်လည်း၊ ယနေ့၏ ခရစ်တော်ကို မရင်ဆိုင်ကြပေ။ ဤအရာအားလုံးသည် သင်တို့၏ စိတ်နှလုံးများတွင် အစဉ်အမြဲ ရောနှောထားသည့်၊ ယနေ့၏ ခရစ်တော်ကို မယုံကြည်သော “ယုံကြည်ခြင်း” ဖြစ်ပေသည်။

၃ သင်တို့အတွင်းတွင် မယုံကြည်မှု များလွန်းသည့်အတွက်၊ သင်တို့ထဲတွင် မစင်ကြယ်သကဲ့သို့ စိတ်ဖြာဆန်းစစ် ရမည့်အရာ အလွန်များလှသည့်အတွက်၊ ငါသည် သင်တို့ကို လျှော့တွက်နေခြင်း မဟုတ်ပေ။ ဤမစင်ကြယ်မှုများသည် သင်တို့ ယုံကြည်ခြင်း လုံးဝ မရှိသည့် အမှတ်လက္ခဏာ ဖြစ်သည်။ ယင်းတို့သည် ခရစ်တော်ကို သင်တို့ စွန့်လွှတ်ခြင်းနှင့်ဆိုင်သည့် အမှတ်အသား ဖြစ်ပြီး သင်တို့ကို ခရစ်တော်အား သစ္စာဖောက်သူအဖြစ် တံဆိပ်ခတ်လေသည်။ ယင်းတို့သည် ခရစ်တော်နှင့် ပတ်သက်သော သင်တို့၏အသိပညာကို ဖုံးကာလျက်ရှိသည့် အဖုံးအကာတစ်ခု ဖြစ်ပြီး၊ ခရစ်တော်၏ရယူခြင်းကို သင်တို့ ခံရခြင်းအဖို့ အတားအဆီးတစ်ခု ဖြစ်ကာ၊ ခရစ်တော်နှင့် သင်တို့ သဟဇာတ ဖြစ်ခြင်းအဖို့ အဟန့်အတားတစ်ခု ဖြစ်ပြီး၊ ခရစ်တော်က သင်တို့ကို လက်မခံသည့် သက်သေ ဖြစ်သည်။ ယခုသည် သင်တို့အသက်တာ၏ အစိတ်အပိုင်းအားလုံးကို ဆန်းစစ်ရမည့် အချိန် ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် သင်တို့ကို ဘက်ပေါင်းစုံဖြင့် အကျိုးပြုလိမ့်မည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ကို ယုံကြည်သူစစ်စစ်တစ်ယောက် ဖြစ်သလော” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၃၀၉ ခရစ်တော်အတွက် စစ်မှန်သည့် ယုံကြည်ခြင်းနှင့် ချစ်ခြင်း သင်၌ရှိသလောကျူး

နောက်တစ်ခုသို့- ၃၁၁ ခရစ်တော်အပေါ် စစ်မှန်သော ယုံကြည်ခြင်း လူသား၌မရှိ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၈၀၄ ဘုရားသခင်ကို သိကျွမ်းခြင်း အကျိုးရလဒ်

၁ဖန်ဆင်းရှင်ဟာ ပဟေဠိတစ်ပုဒ် မဟုတ်တော့တာ တစ်နေ့ သင်သိလာမယ် သိလာမယ်ဖန်ဆင်းရှင်ဟာ ဘယ်တော့မှ မပုန်းကွယ်၊မျက်နှာတော်လည်း ဘယ်တော့မှ သင့်ဆီက...

၁၀၁၈ ဘုရားရဲ့ အောင်နိုင်မှုသင်္ကေတများ

၁လူတို့ကို နဂိုပုံစံအတိုင်းပြန်ဖြစ်စေတယ်သူတို့တာဝန် သူတို့ကျေပွန်ပြီး ကိုယ့်နေရာမှာကိုယ်နေဘုရားရဲ့အစီအစဉ်အားလုံးကို နာခံမယ်ဘုရားသည်...

၈၉၉ ဘုရားသခင်ရဲ့လူသားကို ကယ်တင်လိုသော ရည်ရွယ်ချက်က ပြောင်းလဲမည် မဟုတ်

၁ လူတို့သည် ဘုရားသခင်၏ အမျိုးမျိုးသော စိတ်သဘောထားများ၊ ဘုရားသခင်၏အရာအားလုံးနှင့်ဖြစ်ခြင်း သွင်ပြင် လက္ခဏာရပ်များနှင့် ဘုရားသခင်ပြုသော...

၄၉၆ အသက်တာ တိုးပွားရန် သမ္မာတရားကို ပိုမိုလက်တွေ့လိုက်လျှောက်ပါ

၁လူတို့လိုအပ်နေသော သမ္မာတရားကိုဘုရား၏ နှုတ်ကပတ်တော်၌ တွေ့ရသည်။ထိုသမ္မာတရားသည် လူသားတို့အားအကျိုးကျေးဇူး အများဆုံး ဖြစ်စေသည်။၎င်းသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။